@ayechanmg1880: ဗန်းမော်ဆရာတော်လောင်းလျာဟာ ငယ်စဉ်ကလေးဘဝကထည်းက စာချိုးပြောင်တဲ့ပါရမီရှင်တဦးဖြစ်ပါတယ်၊ရွာမှာ ကလေးတို့ဘာသာဘာဝ လသာတဲ့ညတွေမှာ အိပ်ယာမဝင်ခင်လေး တလင်းပြင်မှာဆော့ကစားကြတဲ့အလေ့အထရှိသလို၊နေ့အခါမှာလည်း နေပူဒဏ်ခိုလှုံရင်း အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေအောက်မှာ ဆော့ကစားကြတာပေါ့လေ။ စကားပြောတဲ့အခါမှာလည်း မှန်းဆကြည့်ရသလောက် ဘုဆတ်ဆတ် ဘောက်ဆတ်ဆတ်ဆိုတာမျိုးပြောလေ့ပြောထရှိပုံရပါတယ်၊တနေ့တော့ ဗန်းမော်ဆရာတော်လောင်းလျာအပါအဝင် ကလေးသူငယ်တွေဟာ ရွာရဲ့ညောင်ပင်ကြီးတပင်အောက်မှာ စုရုံးဆော့ကစားနေကြတာပေါ့၊အဲ့ဒီကလေးတွေထဲမှာ အပျိုဖြန်းအရွယ် မမင်းမှိန်ဆိုတဲ့မိန်းကလေးတယောက်ရယ်၊မမင်းမှိန်ရဲ့မောင် ငစွန်ဆိုတဲ့ကလေးတယောက်လည်းပါတာပေါ့လေ။ အဲ့လို‌အတူတူဆော့ကစားရင်းနဲ့ တိတ်ဆိတ်နေတဲ့အချိန်မှာ မမင်းမှိန်ကအီးပေါက်လိုက်တာ ရုတ်တရက်တိတ်ဆိတ်သွားတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ထင်ပါရဲ့၊"ဘူ"ခနဲဆိုအီးပေါက်သံကြီးက ထင်ရှားကျယ်လောင်သွားတာပေါ့၊ပြဿနာက ခုမှစတော့တာပဲဗျို့၊အရွယ်သာငယ် စာချိုးစပ် စာပြောင်စပ်တဲ့နေရာမှာပါရမီရင့်သန်ပြီးသား ဗန်းမော်ဆရာတော်ဖြစ်လာမယ့် ကလေးက အငြိမ်မနေပဲစာချိုးထစပ်ပြီး ပါးစပ်ကရွတ်ပြလိုက်တော့တာပဲဗျို့၊သူရွတ်လိုက်တဲ့စာချိုးလေးက.....၊ ရွှေညောင်ပင် သာသည့်ကုန်းမှာ၊ စုရုံး၍နေကြရာ၊ မမင်းမှိန် အပျိုကြီး၊ အီးညှစ်လို့ပါ....၊တဲ့😁😁😁 အဲ့လိုလည်းစာချိုးလေးရွတ်ပြလိုက်ခါရှိသေး၊အပျိုဖော်ဝင်စ မမင်းမှိန်ခမျာမှာ လူပုံအလယ်မှာရှက်လွန်းလို့ မျက်နှာလေးနီရဲပြီး ခေါင်းမဖော်ဝံ့တော့ဘူးတဲ့၊သူ့အစ်မရဲ့ ရှက်နေတဲ့အမူအရာကိုကြည့်ပြီး မောင်ဖြစ်တဲ့ ငစွန်မှာအစ်မကိုလည်းသနား၊ဗန်းမော်လောင်းလျာကိုလည်း အရမ်းဒေါသထွက်ပြီး ထ ဆဲပါလေရော၊ အဆဲခံရတဲ့ ဗန်းမော်လောင်းလျာ သူငယ်ကလည်း အမှတ်မရှိသရက်စေ့ဆိုသလို၊စာချိုးမှာဘုရင်တဆူဖြစ်နေလေတော့ နောက်ထပ်စာချိုးတခုထပ်စပ်လိုက်သတဲ့၊သူ့စာချိုးကတော့.......၊ မလိမ္မာ၊ဗာလာနမိုက်ခဲ၊ သူ့အစ်မ၊စအိုတွန်လို့၊ ငစွန်မှာ၊မျက်မာန်ရှတယ်၊ ဒေါသနဲ့ဆဲ....တဲ့လေ။ ပထမအစ စာချိုးကထည်းက ရှက်ပြီးမျက်နှာမဖော်ရဲတော့တဲ့ မမင်းမှိန်ခမျာသူ့မောင်ကဒေါသထွက်ပြီးဆဲလိုက်ကာမှ တရှက်ကနေနှစ်ရှက်ဖြစ်ပြီး အိမ်ကိုပြန်ပြေးပါလေရောတဲ့။ ကုန်းဘောင်သမိုင်းမှာ ခုလိုဖြစ်ရပ်မျိုး လေလည်လို့အရှက်ရသွားရတဲ့ ဇာတ်လမ်းလေးတပုဒ်တင်ဆက်ပေးဦးမှာမို့ စောင့်မျှော်ဖတ်ရှုအားပေးနိုင်ပါတယ်ဆိုတာ အသိပေးရင်းနဲ့ ယခုရေးနေတဲ့ ဇာတ်လမ်းပြတ်လေးကို တခန်းရပ်ပါရစေလို့ပြောကြားရင်း........။ သုခိ အတ္တာနံ ပရိဟရန္တု။ Aye Chan Mg (Mini Oway) Monywa City

AyeChanMg (Mini Oway )Monywa
AyeChanMg (Mini Oway )Monywa
Open In TikTok:
Region: MM
Saturday 04 July 2026 09:17:22 GMT
17966
909
13
16

Music

Download

Comments

user34913716692922
ဟောင်မင် :
မျှော်နေမယ်ဗျ
2026-07-06 08:37:22
1
usinn972
Khaing saw Lin :
ဟို!!! အမြင်းဆုံးကို မှန်းမြော်ကြည့် ထိပ်ဆုံးရောက်နေ၏။ သမ္ပုဏ္ဏရာမတိုက်သစ်မဟာရာကျော်ဘုရားကြီ၏ ဤကောင်းမှုအကြောင်းပြု တောင်းဆုပြည့်စေသား။ ဆိတ်ငြိမ်ရာကို ရှာဖွေကြည့် အေးချမ်းသာယာနေပါ၏။ လူ့ဘဝဟာ တခဏတာ ဤလမ်းပမာဖြောင့်တန်းစွာ ရှေ့တည့်တည့်ကို လျှောက်ကာကြည့် အေးချမ်းသာယာလှပါ၏။ လူ့ဘဝဆိုတာ မြှားတစ်အလား အရှိန်အဟုန်ဖြင့် တည့်တည့်မတ်မတ်ဖြောင့်တန်းစွာ သွားလာကြရသည်။ ရည် မှန်းချက်၊ရည် ရွယ်ချက်၊ ဦးတည်ချက် မပျောက်ပျက်ပါစေနှင့်။ စိတ်နေမြင့်မားပြီးခိုင်မာတဲ့စိတ်ထားများဖြင့် ရှေ့သို့ ခရီးဆက်လက်နှင်ကြရသည်။
2026-07-09 02:58:40
1
u.mg.mg553
U Mg Mg :
ဉီးနန္ဒိယ...ပြောတာလေးတင်ပေးပါအုံး..။
2026-07-10 01:22:35
0
u.kyaw7803
ကိုကျော်(အိုးဝေ)မုံရွာ :
မျှော်နေပီ
2026-07-05 07:41:08
1
nyenye.mobile
nyenye mobile :
မဂ်လာပါ
2026-07-09 11:19:59
1
winkyine27
မေတ္တာစမ်းရေ :
ဣတ္ထိ ဗီဇံ အဟံ ဝန္ဒာမိ ဆိုတဲ့ ဗန်းမော်ဆရာတော်လောင်းလျာ ရှင်ပဏ္ဍိတ ရဲ့ ဂါထာ ဇာတ်လမ်းလေးအကြောင်း နာကြားဖူးပါ၏။🙏🙏🙏
2026-07-06 10:53:00
1
u910604
သက်ရဲ့ မောင် :
🥰🥰🥰
2026-07-06 14:24:29
1
htayhtaylatt77
HTAYHTAYLATT :
❤️❤️❤️
2026-07-09 15:26:43
0
user1324473500370
ကျော်ဦး :
🥰🥰🥰
2026-07-04 11:46:10
2
shweyeeyee7
မေမေရွှေရည် :
😂😂😂
2026-07-04 09:52:27
1
chauk.chauk08
ko myint lay :
🥰🥰🥰🥰🥰
2026-07-08 17:46:09
1
To see more videos from user @ayechanmg1880, please go to the Tikwm homepage.

Other Videos


About