@musashilovewithotsu: ကျွန်တော့်ဘဝမှာ စိတ်ကြီးဝင်စရာဆိုတာ အမှန်တကယ်တော့ ဘာမှမရှိပါဘူး။ အောင်မြင်မှုတွေကို လက်ထဲတင်းတင်းဆုပ်ကိုင်ထားနိုင်တဲ့ လူတစ်ယောက်လည်း မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလောက်အောင် ပြောပြစရာ အဖြစ်အပျက်ကြီးတွေပါ မရှိခဲ့ပါဘူး။ နေ့ရက်တွေဟာ မနက်လာရင် အလုပ်သွား၊ ညရောက်ရင် ပြန်အိမ်ဝင် ထပ်ခါထပ်ခါ ပြန်နေတတ်တဲ့ စက်ဝိုင်းတစ်ခုလိုပဲ လည်ပတ်နေခဲ့တာပါ။ ဒါပေမဲ့… သူမရဲ့ အသံလေးကို နားနဲ့ ဆတ်ဆတ်ကြားရတဲ့ အချိန်မျိုးရောက်လာရင်တော့ အဲ့ဒီစက်ဝိုင်းက ရုတ်တရက် ရပ်သွားသလို ခံစားရတတ်ပါတယ်။ အလုပ်ပင်ပန်းနေတာတွေ၊ စိတ်ပူပန်နေတာတွေ၊ ကိုယ့်ဘဝကိုယ်တောင် တန်ဖိုးမထားနိုင်တဲ့ အတွေးတွေ အားလုံး အသံတစ်ချက်နဲ့ပဲ အဝေးတစ်နေရာကို လွင့်သွားကြတတ်ပါတယ်။ သူမရဲ့ အသံလေးက ကျွန်တော့်အတွက်တော့ အားပေးစကားကြီးကြီးမလိုအပ်ပဲ စိတ်ကို ငြိမ်းချမ်းစေနိုင်တဲ့ အရာတစ်ခုပါ။ နာမည်ကို ခေါ်လိုက်တဲ့ အခါ၊ သိပ်မထူးခြားတဲ့ စကားလေးတစ်ကြောင်း ပြောလိုက်တဲ့ အခါမှာတောင် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အရေးကြီးသူတစ်ယောက်လို ခံစားရတတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော်ဟာ ဘဝကို မေ့နေတတ်ပါတယ်။ မနာလိုစရာ မရှိတဲ့ ဘဝ၊ မတောက်ပတဲ့ အနာဂတ်၊ မပြီးဆုံးနိုင်သေးတဲ့ အိပ်မက်တွေကိုပါ ခဏလေးတော့ မေ့ထားနိုင်သလို ဖြစ်သွားပါတယ်။ သူမရဲ့ အသံလေးဟာ ကျွန်တော့်ဘဝထဲက အလင်းတစ်စက်လိုပဲ ဖြစ်နေပါတယ်။ မတောက်ပလှပေမဲ့ မီးမပျက်သေးတဲ့ အလင်းလေးတစ်စက်။ အဲ့ဒီအလင်းလေးကြောင့်ပဲ ကျွန်တော်ဟာ ဒီဘဝထဲမှာ နေရတာကို နည်းနည်းလေးတော့ ဆက်ခံနိုင်နေသေးတာပါ။

ထာဝရမငြိမ်းနိုင်တဲ့ချစ်မီးအိမ်
ထာဝရမငြိမ်းနိုင်တဲ့ချစ်မီးအိမ်
Open In TikTok:
Region: MM
Saturday 04 July 2026 11:56:42 GMT
1586
158
0
17

Music

Download

Comments

There are no more comments for this video.
To see more videos from user @musashilovewithotsu, please go to the Tikwm homepage.

Other Videos


About