@zwekhantmaung24: ညအိပ်ရာဝင်ချိန် ရန်ဖြစ်ပြီး ပြန်မတည့်မချင်း လုံးဝ အိပ်လို့ မပျော်တော့တာလည်း ချစ်ခြင်းရဲ့ သေင်္ကတတစ်ခုပဲနော်။ ငါတို့ဟာ ခုနတုန်းကပဲ ” ဒီညတော့ စောစောအိပ်မယ် ၊ ခေါင်းသိပ်မကြည်ဘူး” လို့ ပြောခဲ့ပြီး ရန်ဖြစ်ပြီးနောက် နာရီတွေတောင် မေ့သွားတာ။ တစ်နေ့တာလုံးပင်ပန်းခဲ့သမျှက အခုပြဿနာ ဖြစ်နေတာလောက်တော့ ဘာမှမဟုတ်တော့ဘူးလို့ တွေးမိသွားတာ။ ယုံလား ၊ ♥️ ငါတို့တွေဟာ အပြန်အလှန် ဖုန်းတွေချပြီး စိန်ခေါ် နေခဲ့ပေမယ့် နောက်ကွယ်မှာတော့ မင်းဘက်ကပဲ အရင်စဆက်လာနိုးနိုး၊ ကိုယ့်ဘက်ကပဲ ပြန်ဆက်လိုက်ရနိုးနိုးနဲ့ မာနတွေ၊ အတ္တတွေ၊ ခံယူချက်တွေကြောင့် တင်းခံပြီး ရှည်ကြာတဲ့ညနက်ထိ ဆွဲခေါ်သွားနိုင်ပေမယ့် နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာဟာ. . . . ” ချစ်တယ် မဟုတ်ဘူးလား ၊ ပြန်တည့်ကြရအောင်နော် ၊ ကိုယ့်ဘက်ကပဲ ပြန်တောင်းပန်ပါတယ် ” ဆိုတဲ့ အပြန်အလှန်ခဝါချမှုမျိုးနဲ့ အပြန်အလှန်ပဲ ကျေအေးကျေနပ်ပြီး နှလုံးသားတွေအနီးကပ်ဆုံးပြန်ရောက်သွားနိုင်ကြတာ။ ဒါကြောင့် ” ရန်ဖြစ်ပြီး အိပ်လို့မပျော်တော့တဲ့ ညတွေကို ပေါ့သေးသေးမတွေးနဲ့။ ဒါဟာ တစ်ယောက်ယောက်အတွက် ကိုယ်က ဘဝကြီးလောက် အရေးပါနေသေးတယ်ဆိုတဲ့ ခံစားချက်ကောင်းကို ရရှိစေတယ်။ ” အေး. . ...အဲဒီ့လိုပဲ။ ” ရန်ဖြစ်ပြီး အမြဲတမ်း ကောင်းကောင်း အိပ်ပျော်သွားတတ်တဲ့ ညတွေအကြောင်းကိုလည်း ပေါ့သေးသေး မတွေးနဲ့” တဲ့ ။ အဲဒီ့ညမှာ အိပ်လို့မပျော်တဲ့ တစ်ဖက်ကတစ်ယောက်က သူများငါ့ကိုဖုန်း ပြန်ဆက်လာဦးမလား။ သူရော ငါ့ဖုန်းကို စောင့်နေဦးမလား။ ငါ့လိုပဲ သူရော အိပ်လိုမပျော်ရှိနေမလားဆိုတဲ့ အတွေးတွေနဲ့. . . .နောက်မှ တက်တက်စင်အောင်လွဲပြီး သူ စိတ်အေးလက်အေးအိပ်ပျော်သွားခဲ့ပြီဆိုတဲ့ အသိက အဲ့တစ်ယောက်ရဲ့ရင်ဝကို ခြေထောက်နဲ့ စောင့်ကန်ပြီး ” သွား. . . .နင်က တစ်ဖက်လူအတွက်အရေးမပါဘူး။ သူ့မှာ နင့်အတွက် ခံစားပေးစရာ အချိန်မရှိဘူး။ နင်ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး ” ဆိုတဲ့ သတိပေးချက်တွေနဲ့ အရာအားလုံးရဲ့အဝေးကိုရောက်အောင် ပြင်းပြင်းရှရှ စောင့်ကန်ထုတ်တာခံလိုက်ရသလို ထိတ်လန့်မှုမျိုး ရသွားစေတာ။ ဒါကြောင့် ဒီနှစ်ခုမှာ လုံးဝဆန့်ကျင်တဲ့ သက်ရောက်မှုတွေရှိတယ်။ တစ်ခါတစ်လေ မဟုတ်ဘူး ၊အမြဲတမ်း ဆိုရင်ပေါ့၊ ပေါ့သေးသေး မတွေးလိုက်နဲ့တဲ့။ ချစ်ရင် အသေးအဖွဲလေးတွေထိ ကြီးမားစွာပဲ အာရုံစိုက်ပါ။ @Mee Mee 🐰 #နေမီကျော် #fyp #foryou #crd
BRIAN💤
Region: MM
Saturday 04 July 2026 12:40:09 GMT
Music
Download
Comments
P&K ❤ :
သူကတော့စကားများတိုင်းအအိပ်မပျက်အစားမပျက်ပါပဲ
2026-07-23 06:44:39
3
Pollyanna💛 :
နှစ်ယောက်စလုံး အိပ်ပျော်ခဲ့တယ်
ငါတို့ ဝေးသွားခဲ့ပီ
2026-07-27 04:21:32
0
Aung min khant :
အစပိုင်းမို့ပါ
နစ်ခါသုံးခါဆို.
သောက်ဂရုကိုမစိုက်တော့ဒါပါ
2026-07-23 10:23:36
0
Khaing(🌼) :
သူကတော့ အအိပ်အစားမပျက်
2026-07-22 13:14:20
0
Mee Mee 🐰 :
ချစ်တယ် အသဲကလေး🙈🤎
2026-07-04 12:42:00
1
baby :
ကိုယ့်မာတော့ ကမ္ဘာတေပျက်ပီး အတွေးတေလွန်နေတာ သူ့မာတော့အိပ်လို့ကောင်းချက်
2026-07-20 17:10:01
0
အိပ်ချင်မူးတူးဘုရင်မ😴 :
သူကအိပ်ပီတဲ့
2026-07-07 17:05:34
0
𝐒𝐇𝐈𝐍𝐄 𝐇𝐓𝐄𝐓 𝐀𝐔𝐍𝐆 :
@𝙷𝙾𝙽𝙴𝚈 💕
2026-07-27 07:37:23
1
🍒mi mi🍒 :
@𝔎𝔶𝔞𝔴 𝔐𝔦𝔫 𝔒𝔬 တကယ်🥺
2026-07-25 14:53:40
0
Thae :
@20 File 🥰
2026-07-12 00:42:21
1
T.T.Aung :
😁😁😁
2026-07-04 15:23:36
1
🍎 :
🤭🤭
2026-07-22 12:50:36
0
Chit Chit♥ :
@♡Ya Min Thu♡ 🤞
2026-07-22 12:25:53
1
MAY_🍁 :
@109110သူကအိပ်သွားတာ🥹
2026-07-12 11:26:19
1
@Mya Hnin Phyu :
@¶[W]¶Z{M♥N♥P}♥ 🥰
2026-07-07 10:30:19
0
💕 Kiwi 🥝 :
🥲
2026-07-09 19:14:04
0
🌈𝓣𝓱𝓲𝓻𝓲 🌈🌻🌹 :
🥰
2026-07-10 18:15:05
0
To see more videos from user @zwekhantmaung24, please go to the Tikwm
homepage.