@yao_creative_space: အင်္ဂလိပ်စာ တိုးတက်ချင်ပေမဲ့ စကားပြောဖော်မရှိလို့၊ ဒါမှမဟုတ် ကိုယ်ရေးလိုက်တဲ့စာကို အမှားပြင်ပေးမဲ့သူ မရှိလို့ စိတ်ညစ်နေရလား❓ ➜ ဒီနေ့ခေတ်မှာ ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုဘဲ ဖုန်းထဲက ChatGPT ကို ကိုယ်ပိုင် 24/7 English Teacher အဖြစ် အခမဲ့ အသုံးချလို့ရနေပြီနော်။ ဆိုတော့ ဒီ Prompt လေးတွေကို ChatGPT ထဲ Copy ယူပြီး ချက်ချင်း သုံးကြည့်လိုက်ရအောင် ~ ၁။ Grammar & Writing ဆရာအဖြစ် သုံးနည်း ➤ ကိုယ်ရေးထားတဲ့ English စာကြောင်းတွေကို ChatGPT ကို စစ်ခိုင်းပါ။ ဒါပေမဲ့ အမှားပြင်ခိုင်းရုံတင် မဟုတ်ဘဲ "ဘာလို့ မှားတာလဲ" ဆိုတဲ့ အကြောင်းပြချက်ပါ မေးရပါမယ်။ Example ~ "Check the grammar of this sentence: '[ကိုယ်ရေးထားတဲ့စာကြောင်းထည့်ပါ]'. Correct any mistakes and explain the grammar rules in simple terms." ၂။ Vocabulary တိုးတက်အောင် လုပ်နည်း ➤ စာလုံးအသစ်တွေကို အလွတ်ကျက်တာထက် Daily Life မှာ ဘယ်လိုသုံးရမလဲဆိုတာ ChatGPT ကို ဥပမာအစုံ ထုတ်ခိုင်းလို့ ရပါတယ်။ Example ~ "Act as an English teacher. Give me 3 common idioms used in daily conversation, explain their meanings, and provide 2 example sentences for each." ၃။ Speaking Buddy အဖြစ် သုံးနည်း ChatGPT ရဲ့ Voice Feature ကို သုံးပြီး ဖြစ်ဖြစ်၊ Text နဲ့ဖြစ်ဖြစ် အင်္ဂလိပ်လို Roleplay စကားပြောလို့ ရပါတယ်။ Example ~ "Let's practice English conversation. Act as a barista at a coffee shop, and I am the customer. Start the conversation by greeting me, and please correct my English if I make a mistake." ─── ✦ ─── ✧ ─── ✦ ───✧ ─── ✦ ─── 💡 အင်္ဂလိပ်စာ သင်တန်းတွေ အများကြီးတက်နေဖို့ထက် အခုလို နည်းပညာကို အသုံးချပြီး နေ့စဉ် ၁၅ မိနစ်လောက် ပုံမှန်လေ့ကျင့်သွားရင် အချိန်တစ်ခုအတွင်း သိသိသာသာ ပြောင်းလဲလာမှာပါ။ ဒီ Prompt လေးတွေကို နောက်မှ ပြန်သုံးဖို့ အခုပဲ Save ထားလိုက်အုံးနော်။ အင်္ဂလိပ်စာ လေ့လာနေတဲ့ ကိုယ့်သူငယ်ချင်းတွေကိုလဲ Share သွားဖို့မမေ့ပါနဲ့။ #ChatGPT #AIforEducation #YaosCreativeSpace #creatorsearchinsights #fyp