@gu.gu.lay307: မိလိန္ဒမင်းကြီးက အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လည်း ရှေးကလူတွေ တွေ့ဖို့ကောင်းတယ် ရှိဆဲဆိုရင်လည်း အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လည်း တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ် ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရားလို့ အရှင်နာဂသိန်ကို မေးလိုက်တယ် ဒီတော့- အရှင်နာဂသိန်က- ဘယ်ကာလမှာမှ မရှိဘူးတဲ့ အတိတ်မှာလည်း~ မရှိဘူး ပစ္စုပ္ပန်မှာလည်း~ မရှိဘူး အနာဂတ်မှာလည်း~ မရှိဘူး ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရာ ရှိပါတယ်၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ ~ မပွတ်ခင်က~ ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့~ မီးထွက်လာတာဟာ... ဘယ်က မီးလဲဆိုရင်~ ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ- အရင် ရှိနှင့်တာလားဆိုရင်လဲ~ မဟုတ်ဘူး၊ ပွတ်ဆဲ ရှိတာလားဆိုရင်လဲ ~ မဟုတ်ဘူး၊ ရှိလတ္တံ့လား ဆိုရင်လဲ~ မဟုတ်ဘူး။ ဒီအတိုင်းပဲ- နိဗ္ဗာန်ဟာ... ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ... မရှိဘူးလားဆိုရင်~ အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင်~ ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ ဒါဖြင့်- ဘယ်ကာလမှာ ရှိသလဲဆိုရင်~ ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့~ ရှိတယ်။ ဝိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ~ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ ~မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ- ခန္ဓာရဲ့ဖြစ်ပျက်ကို ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာမှာ ဖြစ်ဖြစ်၊ ဝိညာဏက္ခန္ဓာမှာ ဖြစ်ဖြစ်... ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင်- မီးနဲ့ တူတဲ့ နိဗ္ဗာန်ဟာ~ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲ-တဲ့။ ဝါးနှဈလုံးပှတျရာမှာ- မပွတ်ခင်က ဘယ်ဝါးမှာမှ~ မီးရှိနေတာ မဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့် သာလျှင်... မီးထွက်လာရသလို~ ခန္ဓာကို- အနိစ္စတရားနဲ့ ရှု၊ ၀ိပူနာ ဥာဏ်တရားနဲ့ လုံ့လစိုက် ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါကြောင့် - နိဗ္ဗာန်ဟာ~ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့- ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့- ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းနေတာဟာဖြင့် - ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့- အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာမှာ အမှန်ပါပဲ။ ဒါဖြင့်-နိဗ္ဗာန်ဟာ~ လူတိုင်းမှာ ရှိသလားဆိုရင်လဲ - မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂ တိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့. ~ ရှိတယ်။ မတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ~ မရှိဘူး။ နိဗ္ဗာန်ဟာ~ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက~ ဖြစ်ပျက်၊ ဉာဏ်က~ မဂ် မခွဲစေနဲ့။ ခန္ဓာ~ဖြစ်ပျက်၊ ဉာဏ်~မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့်- ခန္ဓာ ~ဖြစ်ပျက်လည်း ဆုံးပါရော- ဥာဏ်~မဂ်ဆိုက်ပြီး မီးပွင့်ကြမှာ အမှန်ပါပဲ။ ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့- ပွတ်ဖန်များသဖြင့် မီးထွက်ရသလို~ အနိစ္စနဲ့ မဂ္ဂ ~ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့ နိဗ္ဗာန်က ထွက်မလာနိုင်ဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး,ပါးပါး သွားလို့ ကိလေသာ ဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသော မီးဟာ ထွက်လာရတယ် ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲ ဆိုရင်တော့- ကိလေသာ မဝေးသေး ၊ ပွတ်တိုက်မှု နှေးသေးလို့ပဲ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ ရကို မရဘူးလို့သာ မှတ်လိုက်ပါ ဘာကြောင့်လဲဆိုရင် ကိလေသာကို~ မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က - အနိစ္စ မြင်တာက- မဂ္ဂ မဂ်၀င်တော့~ ပဋိစ္စသမုပ္ပါဒ်ရှေ့ဆက်လို့ မရတော့ဘူး ရှုစရာသာ ပေါ်လာလို့- ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ် ကိလေသာ ဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို~ နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်တိုက်ပါ များရင် မီးထွက်ကို ထွက်ရသလို... ကြပ်ကြပ်သာ ရှုလို့ရှိရင် ကိလေသာ ဝေးသည်ထက် ဝေးပြီး ကိလေသာကုန်ခမ်းသွားရာ နိဗ္ဗာန်ကို ရကို ရမယ်လို့ ယုံကြည်ထားလိုက်ပါ။ #မိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏🙏

Lily @1243
Lily @1243
Open In TikTok:
Region: MM
Saturday 04 July 2026 13:55:15 GMT
248626
13161
720
2475

Music

Download

Comments

zaw.kyi713
Zaw Kyi :
မှန်ပါ၏။ ခက်တာက အဲ့လောက်ထိ ဉာဏ်မလိုက်နိုင်၊ မထုတ်နိုင်၊ မလုပ်နိုင်တာက ဘာ့ကြောင့်လဲလို့ ဆန်းစစ်ကြည့်တော့ လူတိုင်းမှာ ကိလေသာဆိုတဲ့ အဝိဇ္ဇာတဏှာက ဖုံးနေလို့။ အဲ့ဒီမှာ ပျော်မွေ့နေကြလို့ဘဲဟု သုံးသပ်မိတယ်။
2026-07-05 12:15:37
61
top.men71
ဆရာထက် TOP MEN 7️⃣🍎🍓 :
ဓမ္မတရားအစစ်ပဲ ကိုယ်တိုင်ကျင့်မှသာ နိဗ္ဗာန်ရမည် ဆုတောင်းနေသူများ...ဝေးနေမှာဘဲ ဆုပေးကောင်းပုဂ္ဂိုလ်တွေရဲ့ စေတနာမေတ္တာအသံလေးတွေ ၊နားထောင်ပြီး၊ ပေးတဲ့ဆုနဲ့ပြည့်ရပါစေလို့ ၊ကျေနပ်ကြည်နူးနေသူများလည်း၊ ဝေး..နေ၊သံသရာလည်နေကြအုန်းမှာ၊ အသေအချာပါပဲ။ ရင်ထဲမှာ ဖြစ်တည်ထားသော တရားနဲ့ ထပ်တူညီမျှသော စာသားတွေ ဖတ်လိုက်ရချိန်၊ သာဓု..သာဓု..သာဓု ခေါ်ဆိုလိုက်ရပါတယ်....🥰👍
2026-07-05 14:42:53
33
user4408565690823
mar mar aye :
မှတ်သားစရာလေးတင်ပေးကျေဇူးတင်ပါတယ်။သာဓုသာဓုသာဓုပါရှင့်
2026-07-05 13:08:05
18
moonbabymaung4
Moon Baby Maung :
ကောင်းလိုက်တာ...တကယ်အမြိုက်အရသာစစ်ကိုပေးစွမ်းပါပေတယ်...သာဓု.သာဓု.သာဓုပါ...ဤကုသိုလ်အကျိုးကြောင့်နိဗ္ဗာန်အထောက်အပံဖြစ်ပါစေသား...ပေးစွမ်းသည်ကလည်းလယ်ပြင်ဆင်သွားသလိုထင်သာမြင်သာရှိပါဘိ...မှတ်သားထိုက်လို့ကျင့်ကျံသင့်ပါ၏...ကျေးဇူးအထူးတင်ပါတယ်ရှင်🙏🙏🙏🙏🙏
2026-07-05 15:21:55
12
u.win.thein4834
u win thein :
ကောင်းလိုက်တဲအဖြေ ဗျာ လေးစာပါတယ်ဗျာ
2026-07-05 12:55:11
6
moe199341
moe1993 :
မှန်လှပါ ဘုရား ကျေးဇူး ကြီးမာ လှပါသည် ဘုရား သာဓု သာဓု သာဓု ဘုရား
2026-07-05 10:26:13
10
khintdmyintkyi
khintd myint kyig :
မဂ်လာပါဘုရားဓမ်မအစစ်ကိုဖူးမျော်ရေးသားတင်ဆက်ပေးတဲ့ကုသိုလ်ရှင်ကျေးဇူးအများကြီးတင်ရှိပါကောင်းအထူးကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-06 01:56:08
11
khin.mar.aye9880
Khin Mar Aye :
သာဓု သာဓု သာဓု ပါဘုရား
2026-07-06 10:33:42
1
myo.aung4853
Myo Aung :
သာဓုသာဓုသာဓုပါသာဓု
2026-07-07 06:39:41
2
u.soe.naing0807
U Soe Naing :
ကောင်းလိုက်တဲ့တရားအရသာ
2026-07-09 01:39:12
2
swe.swe.oo827
Swe Swe Oo :
သာဓုသာဓုသာဓုပါဘုရား
2026-07-05 12:18:55
1
user5632733291865
ရီရီမြင့် အထည်ဆိုင် :
ကောင်းလိုက်တဲ့တရားပါ၊ဘယ်နှစ်ခါနာရနာရဝတယ်လို့ကိုမရှိပါ၊တရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားနဲ့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးအားအကြိမ်ကြိမ်ရှစ်ခိုးပါ၏
2026-07-08 09:44:00
2
mathanthanhtay54
MaThanThanHtay54 :
ဟု်ပကျေးဇူးများလှပါပေတယ်
2026-07-07 06:48:15
1
uthanyoyzpk
Bawathit :
သာဓု သာဓု သာဓု
2026-07-05 14:12:51
1
daw.khin.lin3
Daw Khin Lin :
သာဓု သာဓု သာဓုပါဘုရား။
2026-07-05 12:48:57
1
user8410953719266
user8410953719266 :
ကောင်းအောင်နေပါ
2026-07-07 01:18:05
1
user7871803745280
နေကြာ :
သာဓု သာဓု သာဓုပါဘုရား
2026-07-05 08:35:46
3
mi.poe545
Mi Poe545 :
သာဓုသာဓုသာဓု🙏🙏🙏🙏🙏
2026-07-10 03:03:05
1
kyawminnhtet53
KyawMinnHtet :
သာဓုသာဓုသာဓုပါဘုရား
2026-07-05 10:46:19
1
u.tan.aung
U Than Aung :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-06 04:28:16
1
sandar.may8
Sandar May :
ဖတ်လဲဖတ်ပါတယ်မှတ်လဲမှတ်ပါတယ်Saveလဲထားပါတယ်နှစ်သက်လွန်းလို့ပါ🙏🙏🙏
2026-07-07 15:21:11
1
ymee447
ငါ့ဒေါသ ငါ့အပိုင်ပဲ :
စာသားလေးချပေးလို့ရမလား
2026-07-06 02:54:37
4
mar.mar.myint161
Mar Mar Myint :
အသိဉာဏ်များများရတဲ့တရားလေးမို့မှတ်သားမိပါတယ်ရှင့် သာဓုသာဓုသာဓုပါဘုရား
2026-07-07 02:04:04
2
u.aung2269
U Aung :
သာဓုသာဓုသာဓုပါဘရား
2026-07-06 03:54:07
2
To see more videos from user @gu.gu.lay307, please go to the Tikwm homepage.

Other Videos


About