@kelly_1624: ဘဝထဲက လူတစ်ဦးတစ်ယောက်ကိုမှ မလျော့ပါးစေချင်တာဟာ ကိုယ့်ရဲ့စိတ်ဆန္ဒဆိုပေမယ့် ကိုယ့်ကိုရှောင်နေသူတွေကို ကိုယ်က ပြန် ရှောင်ပေးတတ်လာတာဟာ ကိုယ်ပေးနိုင်တဲ့ ကိုယ်ချင်းစာတရားပဲ။ ထွက်သွားချင်သူတွေကို မတားတတ်တော့တာဟာ လဲ ကိုယ်ပေးနိုင်တဲ့ လေးစားခြင်းပဲ။ ဖြစ်ပျက်သမျှအရာရာတိုင်းဟာ အကြောင်းမရှိဘဲ ဖြစ်လာတာမရှိပါဘူး။ လူတိုင်းမှာ ထိပါးလို့မရတဲ့ စိတ်ရဲ့ boundaries လေးတွေရှိတယ် ။ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်၊ မိဘတွေရဲ့ ကိုယ်နှုတ်အမူအရာ လောင်းရိပ်၊ငယ်ဘဝ ရဲ့အတွေ့အကြုံတွေဟာ ဘယ်သူမှ မတူညီနိုင်ဘူး။ ဖြတ်သန်းလာရတဲ့ ဘဝချင်းမတူသ၍ ဘယ်သူ့ကိုမှ အပြည့်အဝ နားမလည်နိုင်ဘူး။ အပ်ပဲစိုက်စိုက်၊ဓားပဲထိထိ ကိုယ့်ဒဏ်ရာ ဘယ်လောက်နက်ကြောင်း ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးမလား။အဲ့ဒီသဘောတရားပါပဲ။ဘဝ ရဲ့ အတိမ်အနက် ၊ ဒဏ်ရာ ရဲ့ အတိမ်အနက် မတူညီတဲ့ လူတွေမို့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ထိပါးမိတဲ့ ဒဏ်ရာတွေရှိကောင်းရှိနိုင်တယ်။ တစ်ယောက်ယောက်ကြောင့် ကိုယ်နာကျင်ရတဲ့အခါ ကိုယ်ကလဲ တစ်ယောက်ယောက်ကို နာကျင်စေခဲ့နိုင်ကြောင်း သတိပြုရမယ်။ “ငါကတော့ ကောင်းပေးလိုက်ရတာ”ဆိုတဲ့ တစ်ယူသန် အတွေး၊အမြင် တွေနဲ့ ခံစားနေရင် ကိုယ် ပဲပူလောင်ရတာပဲ။ ပေးလိုက်တဲ့အရာ နဲ့ ပြန်ရတဲ့အရာ၊ပေးလိုက်တဲ့ နေရာနဲ့ ပြန်ရတဲ့နေရာဟာ အမြဲထပ်တူကျမနေနိုင်ပါဘူး။ ကိုယ်တိုင်ဘဝထဲကနေ ထုတ်ခဲ့ရတဲ့လူတွေရှိသလို၊ ကိုယ်ကလဲ တစ်ယောက်ယောက်ရဲ့ ဘဝထဲကနေ ဖယ်ထုတ်ခြင်း ခံခဲ့ရတာတွေလဲ ရှိနိုင်တာပါပဲ #k #fypシ゚viral🖤tiktok #tiktokviral #စာသားcrd

ကျူလန်🎐
ကျူလန်🎐
Open In TikTok:
Region: MM
Saturday 04 July 2026 13:59:00 GMT
852361
74973
327
6953

Music

Download

Comments

32may.zin.nwe
❤️‍🩹 May ♉ :
သူ စိတ်ချမ်းသာဖို့ ဒီတစ်ဘဝလုံး ရှောင်ပေး မှာပါ စိတ်ချပါ
2026-07-11 15:55:26
46
tun712000
T 🎀 :
me & my crush
2026-07-11 15:33:34
6
tar88234
Tar Tar :
ကိုယ်ရှောင်ပေးလိုက်ရလို့သူစိတ်ချမ်းသာမယ်ဆိုရင်ကျေနပ်ပါတယ်
2026-07-31 09:58:19
3
hmonehmone672
အချစ် မခံရတော့တဲ့ သူ :
အတော်တော့ ထိန်းယူရမယ်ရှင် 💔
2026-08-31 02:39:46
1
user8883081518863
ဒီရေလှိုင်း :
သူစိတ်ချမ်းသာစေဖို့ပါ
2026-08-19 06:08:44
1
nang.thandar58
Nang thandar (Official♥♥) :
ပြန်တင်ခွင့်ပြုပါ
2026-07-15 05:05:34
1
su.yee198
🍎 :
မရှောင်နိုင်ဘူးကိုယ်ဘဲရောက်ရောက်နေမိတယ်
2026-07-12 16:53:42
1
midnight.blue046
☃ 𝑴𝒖𝒔𝒆 ☃ :
ကိုယ့်ကိုချစ်နေတဲ့သူတွေကိုတော့ပြန်မချစ်ပေးနိုင်သေးဘူး
2026-07-13 16:29:58
1
lae.lae2285
Lae Lae :
ကောင်းလိုပ်တဲ့စာသားလေးတွေ🥰
2026-07-12 07:58:08
6
dawthanmaw15
Daw Than Maw 134381 :
ကိုယ် ပြန်ပေးနိုင်တဲ့မေတ္တာမို့ပါ......
2026-07-12 07:46:16
1
ptksyrup
ပန်းသခင် ကျောက်ဆည် :
စာသားလေးတင်ခွင့်ပြုပါနော်
2026-07-18 04:19:58
1
shwepa01
p p🍀🍀 :
ပြန်တင်ပါရစေ ☺
2026-07-13 08:59:40
1
nyein.nyein.aye335
Nyein Nyein Aye :
စာသားလေးကြိုက်လို့ ပြန်ယူမယ်ရှင့်
2026-07-20 09:50:54
1
lala32786
Lola :
ဟုတ်တယ် အဲဒီလိုပဲလုပ်ပေးလိုက်တယ် လိုက်မရှာတော့ဘူး
2026-07-15 06:02:00
1
thaesumon470
❤Thae Su Mon❤ :
ပြန်သုံးခွင့်ပြုပါရှင်🥰
2026-07-12 15:26:53
1
kopyabkmq4a
Hnin ThuZar Win :
ပြန်တင်ခွင့်ပြုပါ
2026-07-12 05:36:11
1
ma.zin.mar8372
Ma Zin Mar :
သမီးရေgood❤️❤️❤️❤️❤️
2026-07-14 09:48:08
1
ei.phyu.lwin8
Ei phyu lwin :
ပြန်တင်ခွင့်ပြုပါနော်🥰
2026-07-14 05:37:09
1
hsengngin1314
🌻 HsengNgin 🌻 :
အမှန်တရားပါ
2026-07-12 02:49:33
1
jinderui
. :
အားကိုးရာမဲ့နေတာတောင်၊ သူ့ဆီက နွေးထွေးမှုလေးကို မျှော်လင့်နေမိသေးတယ်
2026-07-14 03:21:33
1
z.recap4_7
M🔐 :
အချစ်ရဲ့နောက်ကွယ်ကမာနကိုဖယ်ထုတ်ပစ်လိုက်ချင်ပင်မဲ့လည်း😔
2026-07-19 14:15:56
1
dawwinmarthan7
dawwinmarthan7 :
စာသားလေးကော်ပီယူပါရစေရှင့်
2026-07-12 14:21:47
1
m9842209
Marlia :
စာသားလေးပြန်တင်ပါရစေ crdပေးပါမယ်
2026-07-13 14:50:24
1
shwe.sky.coffee
ѕнωє ѕку(¢σƒƒєє) :
copyယူမယ်နော်
2026-07-11 16:04:58
1
vikamdy
ViKa Shop :
ရှောင်နေပီး အဝေးကနေပဲကြည့်နေပါတယ်
2026-07-16 12:56:45
2
To see more videos from user @kelly_1624, please go to the Tikwm homepage.

Other Videos


About