@oowaiyan146: (အမြန်လမ်းအသုံးပြုသူများ သိရှိထားရန်ဖြစ်ပါတယ်) အမြန်လမ်းကို စမောင်းပြီဆိုပါစို့။ မြို့တွင်းမှာ မောင်းတာထက် ပိုမြန်ရသည်မှာ သေချာပါသည်။ စမောင်းမောင်းချင်း သတိထားကြသည်။ ဂရုစိုက်ကြသည်။ (၁၅)မိနစ်လောက်ကြာအပြီးတွင် လမ်းအထာနဲ့ ကားအထာ နေသားကျသွားပြီဟု မိမိကိုယ်ကိုယ် စိတ်ကနေ ခံစားကြရလိမ့်မည်။ လမ်းကလဲရှင်း၊ ကားလဲရှင်းလာသောကြောင့် စိတ်လက်+ခန္ဒာကိုယ် ပေါ့ပါးလာမည်။ စိတ်ချလက်ချ ပိုဖြစ်လာမည်။ မြို့တွင်းမှာလို အရှောင်အတိမ်း ဂျက်ဆီ ဂျိမ်းဘို့မလို ဘရိတ်လည်း ခဏခဏ မနင်းရတော့ လုပ်စရာအလုပ်သိပ်မရှိတော့ ကြာလာသည်နဲ့အမျှ ပျင်းစရာကောင်းလာသည်။ ကီလို (၁၀၀)အေးဆေးပါ စိတ်ကနေ ဖြစ်လာမည်။ ဘယ်လောက်မောင်းမောင်း ဘယ်လောက်ကြာကြာ ရှေ့မြင်ကွင်း၊ ဘေးမြင်ကွင်း၊ နောက်မြင်ကွင်း ဒီအတိုင်းတွေချည်းပဲမို့ ဘာမှကို ထူးခြားမလာပဲ စိတ်ကထူးခြားလာသည်က မိမိကားရဲ့မြန်နှုန်းက မသိမသာ ပိုမြန်လာတတ်သည်ကို သတိထားဖို့ဆိုတာ ကားမောင်းသူကိုယ်တိုင် မသိနိုင်တော့ပေ။ (ထို့ကြောင့် Over Kmများကို ဖမ်းကြသည်ဖြစ်ပါသည်) ရန်ကုန်+နေပြည်တော်+မန်းလေး အမြန်လမ်းဆိုသည်မှာလည်း(နှစ်လမ်းမောင်း) (2) Lane သာ ရှိသောလမ်းဖြစ်ပါသည်။ ကြမ်းတမ်းတဲ့ ကွန်ကရစ်အခြေခံလမ်းဖြစ်သည်။ ကတ္တရာလမ်းအားလုံး မဖြစ်သေးပေ။ သို့ပေမယ့် အရင်ထက်တော့ ကတ္တရာပိုခင်းလာပါပြီ။ မိမိကား ဘယ်လောက် မြန်နေပြီလဲဆိုတာ ဒိုင်ခွက်မကြည့်ပဲ လမ်းဘေးက မိုင်တိုင်များနဲ့ အကဲခတ်ကြည့်သော် (၁)မိနစ်ကို (၁)မိုင်လောက် ခရီးပေါက်နေသည်ကို တွေ့ရပေမည်။ ပေးချင်တဲ့ သတင်းစကား(Message)ခုမှလာပါပြီ။ သေချာ မှတ်သားထားပါ။ ထပ်ခါထပ်ခါ မှတ်ပေးပါ။ နောက်လူတွေ သဘောပေါက်အောင်လဲ Shareပေးပါ။ (၁)မိနစ်တိုင်း(၁)မိနစ်တိုင်းမှာ (၁)မိုင်နှုန်း ပြေးနေတဲ့ ကားလေးဟာ(၁)နာရီဆို မိုင်(၆၀)လောက်ထိသွားနေတာ Km နဲ့ တွက်ရင် (100)km နီးနီးဖြစ်ပါသည်။ သတ်မှတ်မိုင်နှုန်းကိုပဲ စံထားတွက်ပြရရင် (100) Kmh (62.5) Mph အတိအကျရပါမည်။ လမ်းအကျယ်က (၂၅)ပေခန့်ပဲရှိနိုင်ပါသည်။ ဖော်မြူလာလေးတစ်ခုတွက်ချင်လို့(၂၂)ပေထားလိုက်ပါ (၁)နာရီကို (60)မိုင်ထိ မောင်းနေတဲ့ကားတစ်စီးရဲ့ ပုစ္ဆာကို အကြမ်းအဖျင်း တွက်ချက်လိုက်မယ်ဆိုရင် (၁)နာရီ မိုင်(၆၀)သွားနေတဲ့ကား (၁)မိနစ်မှာ(၁)မိုင် (၁)စက္ကန့် မှာ (၈၈)ပေ သွားနေတာဗျား တရစက်ကို ပြေးနေတာ သေချာနေပြီ ဖြစ်ပါတယ်။ တွက်လို့လွယ်အောင် လမ်းအကျယ် (၂၂)ပေဆိုတော့ မတော်တစ်ဆ ထိခိုက်မယ် ဘေးဆွဲသွားမယ်ဆိုပါက (၁)စက္ကန့်မှာ (၈၈)ပေ အတိုင်းသွားနေတာဖြစ်လို့ လမ်းအကျယ်ရဲ့ (၄)ဆလောက်ထိ ဝေးရာကို ရောက်သွားမှာအသေအချာပါပဲ SUV+4wdကားများ ဝေးဝေးကို မကြာခဏ လိမ့်သွားတာမြင်ဘူးကြမှာပါ။ အဲ့တော့ (၁)စက္ကန့်အတွင်းပြင်ဆင်ချိန် (လုံးဝ) မရပါ။ ဖြစ်ပြီးမှ အိပ်မက်လို ပြန်သတိရမှာချည်း ဖြစ်ပါသည်။ ကွန်ကရစ်နဲ့ ကားတာယာဆိုတာ သနပ်ခါးတုံးနဲ့ ကျောက်ပျဥ်လိုပဲ သတိထားပါ။ နိဂုံးချုပ်အနေနဲ့ ပြောရရင် အမြန်လမ်းမောင်းနှုန်းဆိုတာ အမြဲတမ်း(၁)စက္ကန့်ကို (၈၈)ပေ သွားနေတာကို သင်သိထားဖို့လိုတယ်။ သင်သဘောပေါက်ဖို့လိုတယ်။ အမြန်လမ်းအသုံးပြုပြီဆိုတာနဲ့ ခါးပတ်ပတ်ကြပါ။ မှန်ကိုပိတ်မောင်းမောင်း၊ မှန်ကိုမပိတ်ပဲမောင်းမောင်း ကိုယ်မောင်းနေတဲ့ကားရဲ့ အမြန်နှုန်းကို သိထားရမယ်။ ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့ယာဥ်မောင်းဖြစ်နေပါစေ အသက်(နှစ်ချောင်း) ပါမလာလို့ အမြန်လမ်းမှာ ပေးဆပ်လိုက်ရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ အချိန်မရွေး အိပ်ငိုက်နိူင်တယ်။ အချိန်မရွေး တစုံတခု ကိုယ့်ကားအရှေ့က ဖြတ်သန်းသွားနိူင်တယ် (ဥပမာ သားရဲတရိစ္ဆာန်) အချိန်မရွေး အန္တာရာယ်ဖြစ်ပြီဆိုရင် ဒီအမြန်နှုန်းနဲ့ အသက်ရှင်ဖို့ဆိုတာ ၅၀/၅၀ ပါပဲ။ အမြန်လမ်းပေါ်မောင်းပြီဆိုရင် အိပ်ရေး ဝဖို့ လိုပါတယ်။ မဖြစ်ခင်တော့ ဘာမှမဟုတ်၊ ဖြစ်ပြီးမှ မိသားစုလုံး ဝမ်းနည်းကြေကွဲစွာ (သေကွဲ) ကွဲကြတာတွေချည်းပါပဲ။ ကိုယ့်ရဲ့ပေါ့ဆမှုကနေ ကိုယ့်အသက်အန္တရာယ်ထိ ဖြစ်လာနိူင်တယ်ဆိုတာ အထူးသတိထားဖို့လိုအပ်တယ်။ အသက်မသေရင်တောင် ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ဘဝတခုနဲ့နိဂုံးချုပ်နိူင်တယ်ဆိုတာ အသိပေးလိုပါသည်။ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ #မူရင်းအားcrdပေးပါသည် #oowaiyan146
🤘ᴳᴳᵃᵐᵒᵉ🤘
Region: MM
Saturday 04 July 2026 14:00:48 GMT
Music
Download
Comments
KTK owner😊 :
ကျေးဇူး ပါတင်ပေးတာ🤭😊
2026-07-04 14:36:55
3
nay myo :
👍👍👍
2026-07-04 17:46:09
1
moe moe :
👍👍👍အမှန်ပေါ့ဗျာ🤝🤝🤝🤝🤝
2026-07-04 16:51:42
2
𝓟𝔂𝓪𝓮 𝓟𝓱𝔂𝓸 𝓐𝓾𝓷𝓰⚡ :
နောက်ပြီးပြောချင်တာက ကားလေးသမားများ ညဘက်ငိုက်ရင် လမ်းဘေး အန္တာရယ်ကင်းရာမှာအိပ်ကြပါပေမမောင်းကြပါနဲ့ 😌
2026-07-04 15:00:27
4
user8883245140724 :
လမ်းကကျဥ်းပြီးအလယ်ကအပင်တွေကကာကြီးတွေကိုဒုက္ခပေးနေတာရောသိလား
2026-07-05 06:21:57
0
theinhtay4802 :
👍👍👍👍👍👍👍👍
2026-07-05 01:27:06
1
To see more videos from user @oowaiyan146, please go to the Tikwm
homepage.