@helo50269: ဂရုစိုက်နော် နောက်ဆို ခင်ဗျားအနားမှာရှိနေတော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာတမ်းချွေသလိုမျိုး စကားတွေအများကြီး မပြောချင်တော့ပါဘူး... သိပ်ချစ်ခဲ့တယ်ဆိုတာကို ယုံကြည်ပေးရင်ရပြီ ပြီးတော့လေ အများကြီးမျှော်လင့်ခဲ့မိတာကိုလဲ နားလည်ပေးပါ ။ အများကြီးမျှော်လင့်ထားမိတော့ ဘာမဟုတ်တာလေးကအစ ကိုယ့်မှာပူပန်ရတယ်လေ မတော်တဆများ ဝေးသွားရင်ဆိုပြီးတွေးမိရင် အဲ့ဒီနေ့ အဲ့ဒီညတွေဟာ ကိုယ်ကိုယ်တိုင်ဖော်တဲ့ ငရဲပါပဲ... ကိုယ်နေမကောင်းရင်... ကိုယ့်အစားကိုယ်တောင် မပူခဲ့တဲ့သူမှာ သူနေမကောင်းရင် အစစအရာရာ ပူပေးခဲ့ရတဲ့သူပါ ။ ဆေးသောက်ပြီးပြီလား အစားကောစားရဲ့လား နေလို့ကောင်းရဲ့လား တတွတ်တွတ်မေးတဲ့ မေးခွန်းတွေဟာ အပိုတွေမှန်း မသိခဲ့မိဘူး ။ တစ်နေရာရာသွားတော့မယ်ဆိုရင် ဘယ်သူနဲ့ သွားမှာလဲ... အရက်တွေသောက်မလာနဲ့နော် ညနက်အောင် မနေနဲ့နော်ဆိုတာတွေက ချုပ်ခြယ်တာတွေပေါ့.. အင်း ထားပါတော့နော် ။ နောက်ဆိုရင်... နိုးပြီလားဆိုတဲ့ Messageလေးတွေနဲ့ မနက်ခင်းတွေကို မနှောင့်ယှက်တော့ဘူး ထမင်းစားဦးနော်ဆိုပြီးလဲ တတွတ်တွတ်ပြောမနေတော့ဘူး ။ တစ်ခုခုဖြစ်ရင် စကားတွေအများကြီးပြောပြီး ပြာယာခပ်နေတဲ့ ကျွန်မလဲ ရှိနေတော့မှာ မဟုတ်ဘူး ။ ဂရုစိုက်နော်... စားတာသောက်တာကအစ သွားတာလာတာအဆုံး အစစအရာရာပေါ့ ။ ကျွန်မဆက်ပြီး ရှိနေချင်သေးပေမယ့် လူဆိုတာ ကိုယ့်နေရာကိုယ်သိရတယ်လေ ကျွန်မ ဆက်ပြီးရှိနေသေးတယ် ရှင်မလိုတဲ့ အပိုစကားတွေအများကြီး ပြောနေမိမှာစိုးလို့ ကျွန်မ ဆင်ခြင်လိုက်တော့တာပါ ။ နောက်ဆိုရင်... စကားတွေအများကြီးပြောပြီး ခင်ဗျားကို စိတ်ပူနေမယ့် ကောင်မလေး ခင်ဗျားအနားမှာ ရှိနေတော့မှာမဟုတ်ဘူး ။ ကျွန်မ ဟိုးအဝေးကြီးကပဲ လွမ်းနေမယ့် လမ်းကိုရွေးပါတယ် ။ ဂရုစိုက်နော်... အစစအရာရာပေါ့... အခု နေသလိုမျိုး အရမ်းကြီးလဲ မပေတေနဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ပစ်မထားနဲ့ ခင်ဗျားကို ချစ်ခဲ့ဖူးတယ်ဆိုတာကိုတော့ ယုံပါ ။

helo
helo
Open In TikTok:
Region: TH
Saturday 04 July 2026 16:07:58 GMT
20827
1843
67
257

Music

Download

Comments

.win.soe7
ကိုယ်ရံတော်လေး :
တင်ခွင်ပြုပါနော်🥰🥰🥰
2026-07-06 03:01:21
2
naing.htun505
u naing :
သိစေချင်
2026-07-06 13:17:39
1
zawkhaing.kh
AyeAye :
🥰🥰🥰🥰
2026-07-05 04:12:09
1
kpy12340
kpy12340DarDarLin :
2026-07-05 05:50:36
1
jasmine.phyu673
jasmine phyu :
ခုရောရှိလို့လား
2026-07-05 03:19:41
1
user350031462soesoe
soesoe@1338ချစ်ဆုံး :
သွာသောသူသိပါစေ
2026-07-05 05:02:13
1
ukyisoe065
Soe Soe :
2026-07-08 06:29:40
0
daw9405
Daw shop2 :
2026-07-05 07:03:04
1
moethaep
M♎ :
သူသိပါစေ💔💔
2026-07-05 12:43:21
1
khin.saw.wai50
khin.saw.wai.😊ဇူလီယန်ပစ်စည် :
အမှန်း
2026-07-06 03:55:24
1
aung.kyaw6395
🇲🇲K Gyi{လူမုန်း}🇲🇾 :
ကူးယူပါရစေ🪔🙏🪔
2026-07-07 14:51:39
0
ba.kyi.saw.sal.do
Ba kyi music guitar crazy 🎸🎼 :
သူ့စာတွေကြီးဖတ်နေရတော့ငါ့စိတ်တွေဘယ်လိုဖြစ်နေမှန်းမသိတော့ဘူးထားပါဒီပို့ပိုင်ရှင်ကြီးကိုတွေ့တာနဲ့မိက်ရည်ကျရပါတယ်ကွာ🥰🥰🥰😂😅😅
2026-07-07 11:09:43
0
ryui6894
Ryu BanMauk :
Copy.ပါ
2026-07-07 17:13:07
0
shwemay10
Shwe May :
သူသိပါစေ
2026-07-06 03:22:23
1
user4216012284303
KO LIN :
သူသိပါစေ
2026-07-05 03:12:49
1
alattkaung3354
အလတ်ကောင် :
👍
2026-07-05 05:27:46
1
user2006678811092
ကိုလဲအိပ်ချင်ပီ မီမီလဲအိပ်တော :
🌷🌷
2026-07-07 13:41:50
0
user7011631782174
နွယ် :
သူသိပါစေ🥰🥰🥰
2026-07-04 23:38:35
1
user555558265
Lay Lay :
🥰🥰🥰
2026-07-04 23:46:12
1
oksoemin2
oksoemin :
🥰🥰🥰
2026-07-05 00:03:44
1
To see more videos from user @helo50269, please go to the Tikwm homepage.

Other Videos


About