@bangtan_area_21: BTS ရဲ့ ချီလီ Concert ဖျက်သိမ်းမှု ဂယက်နဲ့ ပတ်သက်ပြီး အားကစားဝန်ကြီး နာတာလီယာ ဒူကို က CNN Chile အင်တာဗျူးမှာ ထွက်ရှင်းသွားပါတယ်။ အာမီတွေက သူပြောသွားတဲ့ စကားတွေကို တစ်ချက်ချင်းစီကို Fact-Check လုပ်ပြီး ဆော်ဒါထည့်ဖုတ်ပြီး အ၀ကျွေးနေပြီ။ 🗣️ : ပထမဆုံးအနေနဲ့ ARMY တွေ ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာ အခြေအနေအတွက် ကျွန်မတို့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ အတည်မပြုရသေးတဲ့ အရာတစ်ခုကို 'ဖျက်သိမ်းလိုက်ပါတယ်' လို့ ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဘက်က ဒီပွဲကျင်းပမယ့်ရက်တွေကို ခွင့်ပြုကြောင်း တရားဝင်အမိန့် ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါဘူး။" 💜 : ခွင့်ပြုချက် မကျသေးဘူး" ဆိုတာကို အစိုးရက သိရက်သားနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့တုန်းက ချီလီနိုင်ငံရဲ့ အမျိုးသားစားသုံးသူကာကွယ်ရေးဌာန (SERNAC) ကိုယ်တိုင်က သူတို့ Official IG မှာ BTS ရဲ့ 'Butter' သီချင်းလေးနဲ့ ပိုစတာတင်ပြီး "လက်မှတ်တွေကို တရားဝင်လမ်းကြောင်းကနေ အဆင်သင့်ဝယ်ဖို့ ပြင်ထားကြတော့နော်" ဆိုပြီး ဘာလို့ လာကြော်ငြာပေးခဲ့တာလဲ? အစိုးရဌာနကိုယ်တိုင်က ကြော်ငြာပေးပြီးခါမှ အခုကျမှ "အတည်မပြုရသေးလို့ပါ" ဆိုပြီး လာလိမ်လို့ မရဘူးလေ ဝန်ကြီးရဲ့! 🗣️ : ဒီလို ကြီးကျယ်ခမ်းနားတဲ့ ဖျော်ဖြေပွဲကြီးကို အမျိုးသားအားကစားကွင်းထဲမှာ ကျင်းပခွင့်ပေးလိုက်ဖို့ဆိုတာ မဆင်ခြင်ရာ ရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆင်မယ့် စင်မြင့်ဟာ ကွင်းရဲ့အလယ်ဗဟိုမှာ ၃၆၀ ဒီဂရီပတ်လည် ဆင်မှာဖြစ်ပြီး အလေးချိန် တန် ၆၀၀ ကျော် ရှိပါတယ်။ ဒီလောက်ကြီးမားတဲ့ အလေးချိန်ကို ကွင်းရဲ့ မြက်ခင်းပြင်က တစ်ခါမှ မခံခဲ့ဖူးပါဘူး။ နည်းပညာဆိုင်ရာ လေ့လာဆန်းစစ်ချက်တွေအရ မြက်ခင်းပြင် ပျက်စီးရုံတင်မကဘဲ ကွင်းမြေပြင်ပါ ကျွံဝင်သွားနိုင်ပါတယ်။ 💜 : ဒါက အကြီးအကျယ် လိမ်ညာလိုက်တာပါပဲ။ BTS က အမျိုးသားအားကစားကွင်းကြီးမှာ ပထမဆုံး ၃၆၀ ဒီဂရီ စင်မြင့်ကို သုံးမယ့်အဖွဲ့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက ကမ္ဘာကျော် U2 တီးဝိုင်းဟာ ဒီကွင်းကြီးထဲမှာပဲ အလားတူ ကွင်းလယ်ခေါင် ၃၆၀ ဒီဂရီ TheClaw စင်မြင့်ကြီး (အလေးချိန် တန် ၄၀၀ နီးပါး) နဲ့ အောင်အောင်မြင်မြင် ကျင်းပခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း မြက်ခင်းပြင်ကို နည်းပညာသုံး အကာအကွယ်တွေနဲ့ ကာကွယ်ပြီး လုပ်ခဲ့တာဖြစ်လို့ အခုမှ "တစ်ခါမှ မရှိဖူးဘူး၊ မြေကျွံလိမ့်မယ်" လို့ လာပြောနေတာက အဲဒီစင်မြင့်ကြီးက လေထဲမှာ ပျံနေလို့လား? ဝန်ကြီးပြောတဲ့ "တစ်ခါမှ မရှိဖူးဘူး" ဆိုတာ အကြီးအကျယ် လိမ်တာပါ။ 🗣️ : ဒါဟာ အလျင်စလိုနဲ့ ကိုယ့်သဘောဆန္ဒအလျောက် ဖြတ်ခနဲ ဆုံးဖြတ်လိုက်တာမျိုး မဟုတ်ပါဘူး။ ဇန်နဝါရီလ မတိုင်ခင်ကတည်းက (၁၀ လကျော်ကြာအောင်) နည်းပညာပိုင်းဆိုင်ရာ စနစ်တကျ အကဲဖြတ်စိစစ်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခု ရှိခဲ့တာပါ။ 💜 : ကဲ... ၁၀ လကျော်ကြာအောင် သေချာ စိစစ်နေခဲ့တာဆိုရင်... ဧပြီလ လက်မှတ်တွေ မရောင်းခင်ကတည်းက "ကျင်းပခွင့် မပြုနိုင်ဘူး" ဆိုပြီး ပြတ်ပြတ်သားသား တားမြစ်ထားရမှာပေါ့။ Tour ကို ဇန်နဝါရီမှာ ကြေညာတယ်၊ မတ်လမှာ ကွင်းနေရာ ထုတ်ပြန်တယ်၊ ဧပြီလမှာ လက်မှတ်တွေ ပေးရောင်းတယ်။ လက်မှတ်တွေအကုန် ရောင်းကုန်၊ ပရိသတ်တွေဆီက ငွေအမြောက်အမြား သိမ်းယူပြီးခါမှ ဖျက်သိမ်းတယ်ဆိုတာ ဝန်ကြီးဌာနကိုယ်တိုင်က ပြည်သူတွေကို နိုင်ငံတကာအဆင့် အစုလိုက်အပြုံလိုက် ငွေလိမ်လည်မှု (Scam) ထဲ ပူးပေါင်းဆွဲသွင်းလိုက်တာ မဟုတ်ရင် ဘာလဲ?၀န်ကြီးက ငွေလိမ်တဲ့ လူလိမ်ပဲလား? #bangtan_area_21 #crdစာသား #crdphoto #bts
ဂျီမင်း's အသည်းတစ်ခြမ်း
Region: MM
Saturday 04 July 2026 23:33:43 GMT
Music
Download
Comments
ナイン♎️ :
မထိသင့်တာလာထိနေတာ အချဉ်မှမဟုတ်တာ BTSနဲ့ARMY တွေက😌
2026-07-05 05:08:37
7
Nant Soe SandarNwe :
👍👍👍👍👍👍👍💜💜💜💜💜
2026-07-05 03:48:01
3
hobilover🔷 :
ပွဲဖြစ်ချင်နေတာအစိုးရက😂
2026-07-05 05:49:42
0
To see more videos from user @bangtan_area_21, please go to the Tikwm
homepage.