@htethtet142661999: လက်လွှတ်ဖို့အချိန်တန်ပြီ ဆိုတော့ ဦးနှောက်ကသိနေပေမဲ့ နှလုံးသားကတော့ တစ်ခုခုကိုဆုပ်ကိုင်ထားဆဲပဲ တကယ်တော့ ပင်ပန်းနေတာက ပတ်သက်မှုကြောင့်မဟုတ်ပဲ ကိုယ့်ရဲ့မပြတ်သားနိုင်တဲ့စိတ်ကြောင့်လဲပါတယ် နှုတ်ဆက်ရမှာကြောက်နေမိသလို ဆက်ပြီးဆုပ်ကိုင်ထားပြန်တော့လဲ စိတ်ညစ်ဖို့ကောင်းတဲ့သံသရာပါပဲ အဆင်ပြေသွားမှာပါဆိုပြီး ကိုယ့်ကိုကိုယ် လိမ်ညာနေရတာလည်း ပင်ပန်းလှပါပြီ မပြောင်းလဲဘဲ ကိုယ်ကပဲ အမြဲတမ်း အလျော့ ပေးအလိုက်သိနေရတဲ့အခြေနေမှာ ငါ့ရဲ့တန်ဖိုးက ဘယ်နားမှာလဲလို့ မေးခွန်းထုတ်နေမိတယ် ရှေ့ဆက်ဖို့လဲလမ်းမမြင် နောက်ဆုတ်ဖို့လဲ အင်အားမရှိဘဲ လမ်းလယ်မှာတင်ရပ်နေရတာဟာ တကယ်တော့လက်တွေ့က လူသေတစ်ယောက်လို ရှင်သန်နေရတာနဲ့အတူတူပါပဲ ဒီလိုမရေရာတဲ့ ခံစားချက်တွေနဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေကို အဆုံးသတ်ချင်ပေမယ့် ကိုယ့်ရဲ့စိတ်က အလိုလို ဆွဲထားမိနေတုန်းပဲ ဘယ်တော့မှအဆုံးသတ်နိုင်မလဲ မသိတဲ့ဒီပင်ပန်းမှုတွေကြားမှာ တကယ်ကိုပင်ပန်းနေပြီ တစ်နေ့တော့ ဒီမပြတ်သားမှုတွေကြားကနေ ရုန်းထွက်နိုင်ပါစေလို့ဘဲ ဆုတောင်းနေမိတော့တယ် #crd_to_owner_with_respect #tiktok #ဒီချိန်တင်ရင်viwerမတတ်မှန်းသိတယ်🙂 #fypppppppppppppppppppppppp @🇲🇲 Ĥ.Ĥ.Ĥľáîṅĝ 🇲🇲😍
𝙃𝙩𝙚𝙩 💛𝙏𝙕𝙃💛
Region: MM
Sunday 05 July 2026 03:09:16 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @htethtet142661999, please go to the Tikwm
homepage.