@cookie_k777: လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားတဲ့အခါမှာ အချစ်ပျောက်သွားတာမဟုတ်ဘဲ နှလုံးသားကပင်ပန်းသွားတာ တစ်ချိန်က သူ့အသံကိုကြားရတာနဲ့ပဲ နေ့တစ်နေ့လုံး ပျော်ရွှင်ခဲ့တဲ့နှလုံးသားက၊ အချိန်ကြာလာတာနဲ့အမျှ မျှော်လင့်ချက်တွေ တဖြည်းဖြည်းပင်ပန်းလာတယ်...။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ မတည်ရှိဘဲ နားလည်မှု၊ ဂရုစိုက်မှု၊ လေးစားမှုတွေ လိုအပ်တယ်လေ။ အဲ့ဒီအရာတွေမညီမျှတော့တဲ့အခါ ကိုယ်ကချစ်နေပေမယ့် စိတ်ထဲမှာ အေးလာတာကို ခံစားရတယ်။ လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားတဲ့အခါ အများအားဖြင့် ဆူညံမှုကြီး"မား"မရှိပါဘူး။ အပြင်ပန်းမှာ ဘာမှမဖြစ်ပေမယ့် အတွင်းမှာတော့ မပြောချင်တဲ့စကားတွေ၊ မမျှော်လင့်ချင်တော့တဲ့အိပ်မက်တွေ စုပုံလာတယ်။ အရင်က စောင့်မျှော်ခဲ့တဲ့ မက်ဆေ့ချ်တစ်စောင်ကိုတောင် နောက်ပိုင်းမှာ အရေးမကြီးတော့သလို ခံစားလာရတယ်။ ဒါဟာ အချစ်ကိုဆုံးရှုံးသွားတာမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နှလုံးသားက တဖြည်းဖြည်းနောက်ဆုတ်လာတာပါ။ စိတ်ကုန်သွားတဲ့အချိန်မှာ လူတစ်ယောက်က ခွဲခွာချင်လို့ မဟုတ်ဘဲ အနားယူချင်တာပါ။ အရမ်းချစ်ခဲ့လို့ပဲ နာကျင်မှု လည်း ပိုများခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အချစ်ကို ဆက်ထိန်းထားဖို့ထက် ကိုယ့်စိတ်ကို ကုစားဖို့က ပိုအရေးကြီးတယ်ဆိုတာသိလာခဲ့တယ်..။ အဲဒီအချိန်မှာ ကိုယ့်စိတ်ကို နားလည်ပေးနိုင်ခြင်း၊ ကိုယ့် ခံစားချက်ကို လက်ခံနိုင်ခြင်းက အရေးကြီးဆုံးဖြစ်တယ်...။ လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားခြင်းဟာ အရှုံး မဟုတ်ပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ နှလုံးသားက သူ့ ကိုယ်သူ ကာကွယ်ဖို့ သင်ယူလိုက်တဲ့ သင်ခန်းစာတစ်ခုဖြစ် တယ်။တကယ်တော့လေ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖက်တွယ် ထားခြင်းထက် လွှတ်ချနိုင်ခြင်းက ပိုတန်ဖိုးရှိတယ်ဆိုတာ ကောင်းကောင်းသိလိုက်ရပါပီ။ #fyp #viral #fypage #crd #myanmar
K
Region: MM
Sunday 05 July 2026 04:46:45 GMT
Music
Download
Comments
Gtfo :
အဲ့လိုလူကိုဘယ်လိုပြန်ပြုပြင်ရမလဲ
2026-08-29 16:27:43
42
Ya mone :
ညီမတို့ rsက 2yrsပြည့်တော့မယ် ဒါပေမယ့် ညီမဘက်က စိတ်မပါတော့သလိုတော့မဟုတ်ပဲနဲ့ပင်ပန်းနေသလိုပဲ လွတ်လပ်ချင်တာလိုလိုနဲ့ တကယ်တမ်းကျတော့ အေးချမ်းချင်နေတာ ဘာဖြစ်နေမှန်းမသိတာ သုံးရက်လောက်ရှိပြီ အရင်က ပြသာနာတွေရှာ အလကားနေ တီတီတာတာ ပြောနေတဲ့လူတစ်ယောက်က ရုတ်တရက်ကြီး အေးစက်နေမိတာ
2026-08-31 12:38:47
25
𝙰𝚗𝚗𝚊 𝚁𝚊𝚟𝚢𝚗𖦹☆⁂ :
စာသားလေး ယူသုံးပါရစေ
2026-08-27 11:13:15
1
𐙚 :
စာသား လေးလိုချင်လို့😁
2026-08-31 00:26:25
1
Jynnx :
သူဘက်ကအဲ့လိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲဟင်[Broken heart]
2026-09-23 09:41:26
0
Htet zin :
က
2026-10-06 15:49:00
0
Pyae Pyae Nyein :
စိတ်ကုန်အောင်လုပ်တဲ့သူက
ချစ်ရတဲ့သူဖြစ်နေတော့😭
2026-09-21 08:38:59
0
NHK :
ကိုဘက်အေးတိအေးစက်ရင် သူလဲအေးတိအေးစက် ဘယ်လိုလုပ်ပြီး မျှော်လင့်ချက်ထားရတော့မာလဲ🤦♀️
2026-09-03 01:22:00
5
THI YI OO :
ပြန်ယူမယ်နော်🥺
2026-10-07 17:43:43
0
👾 :
ရန်ဖြစ်တာအဆင်မပြေလိုပြန်ညှိတာတောင်
သူကလက်မခံတော့တာမျိုး☺
2026-09-03 01:18:34
3
Anyunn :
ထားခဲ့လိုက်
2026-10-21 11:48:31
1
?🫶🏻 :
ပြန်တင်ခွင့်ပြုပါဗျာ
2026-10-22 10:49:18
1
Typing.... :
copy Lay ပြန်ယူသုံးမယ်နော်
2026-10-25 09:21:59
0
🩵⋆。˚ ☽ آسيا بي☾ ˚。⋆🩵 :
🥺🥺🥺
2026-08-19 14:41:06
1
𝘼𝙓𝙀𝙇 :
😁😁😁
2026-09-28 00:25:14
0
𝒁𐙚🌚 :
🤭
2026-10-04 04:51:54
0
To see more videos from user @cookie_k777, please go to the Tikwm
homepage.