@.kwet.kwee: ဗိုလ်ချုပ်အောင်ဆန်း (အင်္ဂလိပ်: General Aung San)သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ငါးယောက်မြောက် ဗြိတိသျှနန်းရင်းဝန် အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်သက်တမ်း ၂၆ စက်တင်ဘာ ၁၉၄၆ – ၁၉ ဇူလိုင် ၁၉၄၇ ယခင်လူ ဆာပေါ်ထွန်း ဆက်ခံသူ ဦးနု (ဝန်ကြီးချုပ်အဖြစ်) ဖဆပလ ဥက္ကဋ္ဌ တာဝန်သက်တမ်း ၂၇ မတ် ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇ ယခင်လူ မရှိ ဆက်ခံသူ ဦးနု မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်သက်တမ်း ၁ ဩဂုတ် ၁၉၄၃ – ၁၉ ဇူလိုင် ၁၉၄၇ ယခင်လူ မရှိ ကိုယ်ရေး အချက်အလက်များ မွေးဖွား ထိန်လင်း ၁၃ ဖေဖော်ဝါရီ၊ ၁၉၁၅ နတ်မောက်မြို့၊ မကွေး၊ ဗြိတိသျှဘားမား ကွယ်လွန် ဇူလိုင် ၁၉၊ ၁၉၄၇ (အသက် ၃၁) ရန်ကုန်မြို့၊ ဗြိတိသျှဘားမား။ ကွယ်လွန်ရသည့် အကြောင်းရင်း လုပ်ကြံခံရခြင်းကြောင့် သင်္ဂြိုဟ်ရာနေရာ အာဇာနည်ဗိမာန်၊ ရန်ကုန်မြို့။ လူမျိုး မြန်မာနိုင်ငံ/ဗမာလူမျိုး နိုင်ငံရေးပါတီ ဖဆပလ ဗမာပြည်ကွန်မြူနစ်ပါတီ ကြင်ဖော် ဒေါ်ခင်ကြည် (၆ စက်တင်ဘာ ၁၉၄၂) သွေးသားတော်စပ်သူ ဦးဖာ (ဖခင်) ဒေါ်စု (မိခင်) ဘဝင်း (အစ်ကို) စိန်ဝင်း (တူ) သားသမီး အောင်ဆန်းဦး အောင်ဆန်းလင်း အောင်ဆန်းစုကြည် မိခင်ကျောင်း ရန်ကုန်တက္ကသိုလ် ရေနံချောင်း အထက်တန်းကျောင်း အလုပ်အကိုင် နိုင်ငံရေးသမား၊ ဗိုလ်ချုပ် ဆုတံဆိပ်များ Order of the Rising Sun, Gold and Silver Star (2nd class) (ဂျပန်)[မှတ်စု ၁]၊ မေလ ၁၉၄၃[၁] Grand Cordon of the Order of the Sacred Treasure (ဂျပန်)၊ ဩဂုတ်လ ၁၉၄၃[၁] ကိုးကွယ်သည့်ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ လက်မှတ် စစ်မှုထမ်းခြင်း သစ္စာခံနိုင်ငံ ဗမာ့အမျိုးသားတပ်မတော် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဗမာပြည် ကွန်မြူနစ်ပါတီ ရာထူး ဗိုလ်ချုပ် (ထိုစဉ်က တပ်မတော်တွင် အမြင့်ဆုံးရာထူး) အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖရှေ့နေဦးဖာနှင့် အမိကုန်သည်ဒေါ်စုတို့မှ ဖွားမြင်သည်။ [၂] မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုဉ်းစေပြီး မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်သည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဖာ သည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ်သည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရသည်။ ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့သည်။ နောက်ဆုံး၌ ဗိုလ်လရောင် ခေါ် ဦးမင်းရောင် အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ credit 💳 Wikipedia
💙💙💙 KWET KWEE 💙💙💙
Region: MM
Sunday 05 July 2026 07:33:41 GMT
Music
Download
Comments
Tt :
🥰🥰🥰
2026-07-10 08:00:23
0
Soe sander win🤪☺ :
🥰🥰🥰
2026-07-05 08:59:32
1
Su" :
🙏🙏🙏
2026-07-10 07:42:11
0
Su" :
🥰🥰🥰
2026-07-10 07:42:10
0
☺Ye Htet Soe😎😎😎 :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-10 03:12:11
1
koThuya :
🙏🙏🙏
2026-07-10 00:13:31
0
Zin Lin :
🙏🙏🙏
2026-07-09 12:22:15
1
ကိုကိုအသဲ :
🥰🥰🥰
2026-07-09 06:57:31
0
joker.lay✌✌ :
😍😍😍
2026-07-09 05:06:42
1
📸😈Ä👿📸 :
🥰🥰🥰
2026-07-09 02:15:11
0
TinNaingTun :
🥰🥰🥰🥰🥰🥰🥰🥰
2026-07-08 00:48:05
1
To see more videos from user @.kwet.kwee, please go to the Tikwm
homepage.