@emikoo73: မျက်နှာလေးညှိုးသွားရင် ပြာပြာသလဲနဲ့ မေးခွန်းတွေ တရစပ်မေးတတ်တဲ့ နှုတ်ခမ်းလေး ရှိဖူးသလို ကျွန်မ တိတ်ဆိတ်လိုက်မိရင် စာတွေ အဆက်မပြတ်ပို့လာမယ့် Conservation တစ်ခုကိုလည်း ပိုင်ခဲ့ဖူးပါတယ် ဘယ်သွားမလို့နော် ... ဘာလုပ်မလို့နော် စသည်ဖြင့် ဘယ်အရာကိုမဆို ပထမဦးဆုံး သိခွင့်ရတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ် ။ ဒီတစ်ကြိမ်တော့ ... ကိုယ်ရွေးတဲ့လူ မမှားဘူးဆိုတဲ့ အတွေးနဲ့ ပိုချစ်မိသွားတဲ့အချိန်မှာမှ ကျွန်မရဲ့ နာကျင်ခြင်းတွေက စခဲ့တာ ။ သူ ... ဖုန်းခေါ်မလာခင် သတိရနေလို့ဆိုပြီး ဖုန်းတွေ ခေါ်ခဲ့ရာက နောက်ဆုံး ကိုယ်မှ စမဆက်ရင် အသက်မ၀င်တော့တဲ့ ဆက်ဆံရေး တစ်ခုဖြစ်လာတယ် မျက်နှာလေး ညှိုးနေရင် ပြာပြာသလဲ ဖြစ်ရတဲ့သူ ကျွန်မ ဖြစ်လာပြီး ကျွန်မ ငိုနေရင်တောင် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ် ။ ဘယ်အရာကိုမဆို သူ့သဘောကျ ရှင်သန်ရင်းက ကိုယ်သဘောကျတဲ့ အရာတွေကို မေ့သွားတဲ့လူက ကျွန်မဖြစ်လာပြီး သူက ... ကိုယ် မနှစ်မြို့တာတွေကို ပိုနှစ်သက်လာတယ် ။ ကျွန်တော့်ကို ဘယ်တော့မှ ထားမသွားရဘူးနော်ဆိုတဲ့ စကားလုံးကို အရင်စသုံးတဲ့ သူက သူဖြစ်ပြီး ကျွန်မတို့ ဝေးတော့ မဝေးကြဘူးမဟုတ်လားဆိုပြီး စိုးရိမ်စိတ်နဲ့ မေးနေမိတဲ့သူက ကျွန်မ ဖြစ်လာခဲ့တယ် ။ ဘာများ ... အဆင်မပြေခဲ့တာလဲ လို့ အတိတ်ကို ပြန်ကောက်ကြည့်ပြန်တော့လည်း ကိုယ့်ဖက် အဆင်ပြေအောင် ပိုကြိုးစားခဲ့တာတွေပဲ တွေ့တယ် ဘာလို့ အရင် မချစ်နိုင်ရတာလဲ ဆိုပြီး တွေးမိပြန်တော့လည်း အရင်ကထက် ပိုချစ်နေမိတဲ့ ကျွန်မကိုယ်ကျွန်မပဲ တွေ့တယ် ။ အချစ်ခံနေရပြီလို့ ထင်နေတုန်းမှာ တဖြေးဖြေး အပစ်ခံထားရတဲ့ ခံစားချက်က ကောင်းတော့ ကောင်းမနေဘူးပေါ့ ။ #ကျေးကို #မွန်းကျပ်တဲ့နေရက်တွေ😔😔 #အငြိုးအတေး

♡︎ 𝑬𝒂𝒊𝒏𝒅𝒓𝒂𝒚 ♡︎
♡︎ 𝑬𝒂𝒊𝒏𝒅𝒓𝒂𝒚 ♡︎
Open In TikTok:
Region: MM
Sunday 05 July 2026 09:27:31 GMT
87118
3569
33
229

Music

Download

Comments

dawlay0324
🤍ဖေဖေမေမေရဲ့ချသ်ဆုံးသမီးလေး🤍 :
စာသားလေးချပေးပါလားရှင်🥰
2026-07-17 00:40:25
3
naysheepen
🩵𝒩𝒶𝓎 𝓈𝒽ℯℯ 𝓅ℯ𝓃🩵♍ :
ယူသုံးချင်တယ်
2026-07-15 02:34:37
1
tiktok.comx888
p🎀 :
လက်ကမှဲ့ချင်းတူနေတယ်ဘယ်ဘက်လက်ပဲ🥹
2026-07-17 20:32:42
1
e.y.t.h.9.7.2006
🍄ထော်ထော်🍄(မြိတ်)🌊 :
အလယ်ပုံလေးယူလို့ရမလားအသဲ
2026-07-19 02:44:40
0
dangermoeset
𓆏ⓇⒶⒾⓃ࿐ :
2026-07-05 09:39:52
1
pyae.pyae1580
Pyae Yadanar Soe (pyae pyae) :
အချိန်ကြာရင်အဲ့ပုံစံဖြစ်သွားကြတာပါပဲ
2026-07-15 16:55:57
2
win.win69376621
💕zin Lay💕 :
စာသားလေးလိုချင်မိ🥺
2026-07-10 02:22:32
0
hnin.phone.pho
Hnin Hmone Phoo :
ဘဝတူတေ
2026-07-15 13:49:33
0
nyaw.nway8
Nway Nwayဆင်ချောင်းသူ💞💞💞 :
ဟုတယ် ဘဝတူပါဘဲ
2026-07-09 04:20:23
1
maythu0565
мαү ☂卄☋♈️( မန်းလေးသူ) :
စာသား လေး🥺
2026-07-13 04:02:52
0
zin.thu0541
👻👻🍓🐼 :
ခံစားချက်ကြောင့်မျက်ရည်ကျမိပါတယ်
2026-07-11 10:24:56
0
user.name4562
Pphyo :
ခုဆိုနောက်တယောက်ပါရသွားတာ၁လ ခွဲလောက်ရှိနေပီ😶😶
2026-07-09 15:29:03
0
.bkock
🌿မယ်မင်း🌿 :
မှဲ့ရော လက်ရော ခံစားချက်ရောတူနေပ့လား ပိန်တာရော
2026-07-19 00:53:55
1
yuzinkhaing8
Z💨🇨🇳🇲🇲 :
🥺🥺🥺
2026-07-08 14:52:04
1
hin868434
Li Chang❤️❤️ :
😳😳😳
2026-07-05 14:16:18
1
z128171
🙂အရိပ်🙂 :
🥺🥺🥺
2026-07-12 11:26:14
1
ko.thae275
Ko thae :
😭😭😭
2026-07-10 00:54:00
0
awy10000
iii%🎲 :
😂😂😂
2026-07-25 14:31:43
0
awy10000
iii%🎲 :
🥰🥰🥰
2026-07-25 14:31:45
0
To see more videos from user @emikoo73, please go to the Tikwm homepage.

Other Videos


About