@lohmatt.whelm: ကိုတိုးဝေယံနဲ့ မနေခြည်ထွေးကို အများကြီးလေးစားပြီး အတုယူရပါတယ်။ လူတစ်ယောက် တော်တယ်၊ မတော်ဘူးဆိုတာ အဓိကအားဖြင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ Background ကောင်းတယ်၊ Support ကောင်းတယ်ဆိုတာ အားသာချက်တစ်ခုဖြစ်နိုင်ပေမယ့် ကိုယ်တိုင် မကြိုးစားဘူးဆိုရင် အဲဒီအခွင့်အရေးတွေအားလုံးဟာ အချည်းနှီးပါပဲ။ အခုခေတ်မှာ "Support ပေးနိုင်တဲ့ background ရှိလို့ရတာပေါ့။ Background မရှိရင် တော်နေရုံနဲ့ မရဘူး" ဆိုတဲ့ စကားတွေ မကြာခဏ ကြားရပါတယ်။ ဒါပေမယ့် ကိုတိုးဝေယံနဲ့ မနေခြည်ထွေးတို့က ကြိုးစားမှုကသာ အရေးကြီးဆုံးဆိုတာကို သက်သေပြနေတဲ့သူတွေပါ။ သူတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး အခက်အခဲများစွာကို ဖြတ်သန်းရင်း ဒီနေ့ရောက်လာခဲ့ကြတာပါ။ အဲဒီစိတ်ဓာတ်က ကျွန်တော်တို့ လူငယ်တွေအတွက် အတုယူသင့်တဲ့အရာပါ။ နောက်ဆုံးမှာ အောင်မြင်မှုကို ဆုံးဖြတ်ပေးတာ Background မဟုတ်ဘဲ ကြိုးစားချင်စိတ်နဲ့ မလျှော့တဲ့ ဇွဲလုံ့လပါ။ ကြိုးစားချင်စိတ်မရှိတဲ့သူအတွက်တော့ ဘယ်လောက်ပဲ အခွင့်အရေးတွေများနေပါစေ တိုးတက်အောင်မြင်ဖို့ ခက်ခဲနေမှာပါ။ #crd #တိုးဝေယံ #နေခြည်ထွေး #foryou #fyp
𝐋𝐨𝐡𝐦𝐚𝐭𝐭 𝐖𝐡𝐚𝐥𝐞 🫧
Region: MM
Sunday 05 July 2026 10:17:49 GMT
Music
Download
Comments
Sai Shinn Thant Maung ♏ :
Background ဆိုတာ ကိုယ်ကိုယ်တိုင်ကလုပ်ယူရတာမျိူး။ ငါ့ Background ကငါပဲဆိုတာမျိုးပေါ့။ တကယ်အတုယူစရာကောင်းတဲ့ညီငယ်၊ညီမငယ်လေးတွေ
2026-07-05 14:44:56
16007
Thu ya :
ငါလဲ မပြည့် စုံ ပင်မဲ့ သူတို့ တေ vd တေ ဆို လိုက် တေဘာတေ အကုန်ပေးတာ မပံ့ပိုးနိုင်ပေမဲ့ ကူညီရာရောက်အောင်
2026-07-05 14:45:19
2613
Kyaw moe Ko kyaw moe :
song name bro 🥺
2026-07-07 12:16:29
1
☘️MAY☘️🌻🇸🇬 :
ဒီကလေးကျဘာလို့မထည့်တာလဲနော်
2026-07-05 23:19:05
973
🍀 Lynn 🍀 :
သူတို့ Background က မေတ္တာလေ ဘယ် ယှဉ်နိုင်ပါ့မလဲနော်
2026-07-06 05:47:10
274
𝐫𝐞𝐠𝐢𝐧𝐚 :
အချို့ background ရှိ သူတွေကြလဲ background ကြောင့်ဆိုပြီး ကြိုးစားမှုတွေကို အသိအမှတ်မပြုပေးကြဘူး
2026-07-05 15:02:52
362
묘칫저 :
Background ရှိလို့တော်တာမဟုတ်ဘူး တော်လို့ background ပေါ်လာတာ
2026-07-07 12:54:31
18
Min Kyaw Khant Official :
၀ ကနေ ကြိုးစားခဲ့တဲ့ သူဆိုတော့ အောင်မြင်မှူ့တိုင်းက အရသာ ရှိတယ်
2026-07-05 12:38:30
147
Reem :
မြန်မာကားတွေတကယ်ဖြစ်လာခဲ့ပီ
2026-07-05 17:53:20
89
Noē :
1.background,2.IQ and 3.determination
2026-07-06 13:08:29
0
Iustin :
ကျောင်းရွေးမှန်ဖို့ နဲ့ ဆရာကောင်းသမားကောင်းတွေနဲ့လည်းတွေ့ဖို့လိုသေးတယ်
ကျွန်တော် ကျောင်းနာမည်တော့မပြောတော့ဘူး
ကျွန်တော်အဆောင် နေခဲ့တဲ့ ကိုယ်ပိုင်ကျောင်း မှာဆိုရင်
ကျွန်တော်တို့ အတန်းရဲ့ အတန်းပိုင် Guide ဆရာက မျက်နှာလိုက်တယ်
ကပ်ဖားတတ်တဲ့ သူတွေကိုဘဲ သေချာရှင်းပြတာ. ကျွန်တော်တို့လို့စာမရတဲ့လူမေးရင် သိပ်မရှင်းပြဘူး.သာဓကအနေနဲ့ပြောရရင် ကျွန်တော် Maths Ch2 နားမလည်လို့မေးတုန်းက "မင်းရုပ်ကရှင်းပြလည်း နားလည်မဲ့ရုပ်မဟုတ်ဘူး"ဆိုပြီးပြောခံရတာ 👍
2026-07-06 15:24:00
19
Yonn Wathan Kyaw :
ဒီအရွယ်နဲ့ စိတ်ပင်ပန်းနေစေမိတာ တောင်းပန်ပါတယ် သားရေ အရွယ်နဲ့မလိုက်အောင် သိတတ်နေလို့လည်း ကျေးဇူးတင်ပါတယ် အဆင်မပြေချိန်မှာ စာပိုဖိလုပ်ပြီး ကြိုးစားမယ်ဆိုတာလည်း ယုံပါတယ် ချစ်တယ်နော်
2026-07-05 14:19:18
172
Silences :
fully respect on those guys
2026-07-08 02:42:49
0
userdlkhc6lwfi :
ပိုက်ဆန်မရှိပေမယ့်🥹မေတွတေပေးနေတဲ့.မိသားစုရှိနေလို့.အောင်မြင်တာပါ✅100%🥹🥹ငါတို့ဘ၀မှာအလိုမိသားစုတခါမှ.မရခဲ့ဘူးသေးပါ✅💙🥹🥹
2026-07-06 05:58:09
8
~Unknown~ :
သူ့မှာလည်းbackgroundကောင်းတဲ့ဆရာကောင်းရှိတယ်လေ ဆရာကောင်းတပည့် ပန်းကောင်းပန်တော့ လမ်းကြောင်းမှန်တယ်တဲ့
2026-07-06 08:45:15
7
Superboy :
သူရဲ့Backgroundကခရေပန်းလေးတွေပါ
2026-07-07 00:49:01
5
Snow :
တကယ်တော့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှုကသာအဓိကပါ
2026-07-06 03:40:31
5
K :
တကယ့် Background က မိဘတွေနောက်ကအမြဲရှိပြီး မိဘတွေချစ်ပေးတာလေ
2026-07-06 01:28:44
255
🫀S :
သူတို့ background က သူတို့ကိုယ်တိုင်ပဲလေ...
2026-07-06 03:21:32
10
"Khant" :
သူများတွေချီးကျူးနေချိန် ငါကတော့ ဖွန်ပဲကြောင်နေတယ်😣
2026-07-05 11:03:14
480
S🍉 :
backgroundမရှိ ေပမဲ့သူတို့ကိုပျော်ရွှင်စေတဲ့မိသားစုလေးရှိတယ်လေ🥰🥰
2026-07-05 17:02:49
17
To see more videos from user @lohmatt.whelm, please go to the Tikwm
homepage.