@linnenu888: လင်းဧနူ __________________ မီးခိုးရောင် တိမ်တွေ လိပ်တက်လာတဲ့ ညနေခင်းကစလို့ ကောင်းကင်ပြာကြီး အမှောင်ထုထဲ နစ်ဝင်သွားတဲ့အထိ ငါတို့ရဲ့ လူငယ်ဘဝတွေဟာ ဒီလမ်းဆုံမှာ အမြစ်တွယ်ခဲ့ကြ။ တစ်နေ့တာရဲ့ ရုန်းကန်မှုတွေကြား စိတ်ကူးတွေက မီးခိုးငွေ့တွေလို တလူလူတက်၊ တစ်ခါတလေ ရူးသွပ်ခဲ့ကြသလို တစ်ခါတလေလည်း အားအင်ကုန်ခမ်းလို့ ပြာကျခဲ့ရ။ နှလုံးသားတံခါးကို ဝုန်းကနဲ ဖွင့်ပစ်ပြီး ရင်ဘတ်တစ်ခုလုံး ပေးဆပ်ခဲ့ဖူးတဲ့ အချစ်တွေ၊ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေဟာ အခုတော့... အေးစက်နေတဲ့ ချိုကျတစ်ခွက် လို။ လွယ်အိတ်ထဲ မင်းပေးခဲ့တဲ့ စာအုပ်ဟောင်းလေးရယ်၊ ရင်ဘတ်ထဲက အချိန်မရွေး ပြန်ပွင့်လာတတ်တဲ့ ဒဏ်ရာဟောင်းရယ်၊ ငါတို့တွေ ဘဝရဲ့ အကြွေးတွေကို ဒီအမှောင်ရိပ်ထဲမှာပဲ တစ်စစ ချေဖျက်ခဲ့ကြတယ်။ အခုတော့လည်း... အရာအားလုံးဟာ တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်မှာ၊ ဘယ်အရွယ်ကိုပဲ ရောက်ရောက် ငါတို့ ရူးသွပ်ခဲ့တဲ့ အတိတ်ရက်စွဲတွေကို ရင်ဘတ်နဲ့အမျှ... လှလှပပကြီး မြိုသိပ်လွမ်းဆွတ်နေမိပါရဲ့။ #LinnEnu #လင်းဧနူ #fyp #ကဗျာ #poem

Linn Enu - လင်းဧနူ(ကဗျာ_စာတို)
Linn Enu - လင်းဧနူ(ကဗျာ_စာတို)
Open In TikTok:
Region: MM
Sunday 05 July 2026 12:23:01 GMT
18403
1464
31
94

Music

Download

Comments

toxicblood80
🚭😊🥀ဘဝရဲ့နိဂုံးချုပ်🥀😊🚭 :
စာသားလေးချပေးပါလားပြန်တင်ချင်လို့ပါbro
2026-07-17 10:50:54
1
ko.chan9757
Ko Chan :
ဟုတ်တယ်နော် အေးစက်စက်အချစ်က
2026-07-07 11:34:53
1
htet.paing.oo701
2005born🤞🌱 :
2026-07-07 04:28:52
1
k707549
အာခီနို :
[Sticker]
2026-07-05 15:37:27
1
k.kyaw245
K,♑🩵🌚 :
တစ်ရက်တစ်ရက် လွမ်းရင်းဆွေးရင်း ငေးရင်းမှိုင်ရင်း။။။။
2026-07-05 12:25:36
2
naymyo19908
naymyo :
ကဗျာတွေအရမ်းကြိုက်တယ်ဗျ
2026-07-05 12:59:57
2
ye.htike.aung50
💚💚💚💚💚Aries ♈ girl❤❤❤❤ :
လူတွေက 1500အချစ်မှပူလောင်တယ်ထင်ကြတာဘယ်ဟုမလဲမချစ်တတ်ရင် 528လဲပူလောင်ရတာကော်ဖီတစ်ခွက်ရယ်အခါးအရသာကိုကြိုက်သူများမေမဲ့မချစ်တဲ့လူတွေကိုတော့သူ ဘေးကအများစုကတော့နားလည်ပေးဖို့ထက်ဖယ်ကျင်သွားကြတာရယ်
2026-07-05 12:33:04
1
myo.min.htay70
ကိုနှောင်ရိုး :
😳😳😳
2026-07-10 20:27:21
1
nawjar96
Ray🎼 :
🥰🥰🥰
2026-07-05 12:40:27
1
soehtlxu1ht
Soe Gyi :
😌😌😌😌😌
2026-07-07 15:35:38
0
san.dar2910
@San Dar @ :
🥰🥰🥰🥰🥰
2026-07-05 14:17:14
1
ngwelayaung090
Ngwe La Yaung09 :
🥰🥰🥰🥰🥰
2026-07-05 14:18:15
1
yin34438
💕yin💕 :
🥰🥰🥰
2026-08-07 01:55:28
1
kyaw.zin.phyo002
Kyaw Zin Phyo :
👍👍👍
2026-07-20 08:04:28
1
To see more videos from user @linnenu888, please go to the Tikwm homepage.

Other Videos


About