@yethuaung_official: ချစ်ပေးနိုင်သလောက်တော့ အစွမ်းကုန် ချစ်ပေးလိုက်မှာပဲ...။ တစ်ချိန်ချိန် လမ်းခွဲရလို့ဖြစ်ဖြစ် .... ကျန်ခဲ့ရတာပဲ ဖြစ်ဖြစ် ..... ချန်ခဲ့လိုက်ရတာပဲဖြစ်ဖြစ်.... နောင်တတွေမပိုက်ခဲ့ချင်လို့ ဖြည့်ဆည်းပေးနိုင်သလောက် ဖြည့်ဆည်းပေးပြီး ..... ချစ်ပေးနိုင်တာတွေထက် ပိုပြီး အစွမ်းကုန် ချစ်ပေးလိုက်မှာပဲ...။ ချစ်ရတဲ့သူကို တတ်နိုင်သလောက် အချိန်တွေအများကြီးပေးမယ်.. ဂရုစိုက်မယ်..။ ကိုယ်ဟာလည်းတစ်ချိန်လုံး..အားနေလို့တော့မဟုတ်ပေမဲ့..... သူ့နေ့ရက်တွေအကြောင်းတတ်နိုင်သလောက် စိတ်ဝင်တစားနဲ့ သတင်းမေးမယ်။ အချစ်ဟာ စစ်မှန်ရင် ရောင်ပြန်မလာတောင် အသိအမှတ်တော့ အပြုခံရမှာပဲ.... တစ်ချိန်ချိန် သူလည်း သူ့အတွက် မဟုတ်တဲ့ သူတွေနဲ့တွေ့ခဲ့တဲ့အခါ ကိုယ့်ကိုအမှတ်တမဲ့လေးဖြစ်ဖြစ်သတိရတိုင်း ... သြော်... သူငါ့ကို တကယ်ချစ်ခဲ့တာပါလားလို့ပဲ တွေးမိစေချင်တယ်...။ တကယ်ဆိုရင်ပေါ့...ကတောက်ကဆတွေနဲ့ အထင်လွဲနေရတဲ့နေ့ရက်တွေက ဘယ်တစ်ဦးအတွက်မှ ပျော်စရာမကောင်းခဲ့ပါဘူး..။ ကိုယ့်အတွက်မနက်ဖြန်ဆိုတာမရှိတော့ဘူးလို့ တွေးကြည့်စမ်း။ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပြီ.. ခွင့်လွှတ်နိုင်သလောက်ခွင့်လွှတ်ပေးမယ်..။ မတတ်နိုင်တော့တဲ့တစ်နေ့လည်း ကိုယ့်အချစ်ကိုပိုက်ပြီး အိမ်ပြန်မယ်။ ကျွန်တော်ဟာ နောက်ထပ်တစ်ခါ နောင်တတွေနဲ့မကျန်ခဲ့ချင်ရုံပါ..။ ချစ်ခြင်းဟာအပြန်အလှန်မဟုတ်လည်း အချစ်က အချစ်ပါပဲ...။ တစ်ချိန်ချိန် သူကိုယ့်ကိုမလိုအပ်တော့ရင်.. သူ့ကိုယ့်အပေါ်ငြူဆူတာတွေသိပ်များလာခဲ့ရင်.... ကိုယ့်ဘက်က လှည့်ပြန်ချင်လာရင်တောင် ကိုယ်တတ်နိုင်သလောက်တော့ ချစ်ပေးခဲ့ပြီးပြီပဲ ဆိုတဲ့ စိတ်ကလေးပဲ ရှိချင်တယ်..။ တစ်ချိန်ချိန်မှာပေါ့... ကိုယ့်ဘဝနဲ့ကို သေချာသွားမယ်ဆိုရင်တောင်... အရာအားလုံးအတွက် တာဝန်ကျေခဲ့တဲ့သူဟာ ကိုယ်ပဲ ဖြစ်ချင်တယ်..။ လိပ်ပြာသန့်သန့်လေး ချစ်သွားချင်ပါသေးတယ် ။

ÂJ ♈️
ÂJ ♈️
Open In TikTok:
Region: MM
Sunday 05 July 2026 14:40:08 GMT
12328
482
8
38

Music

Download

Comments

marlaraung81
𝑳𝒊𝒆𝒁𝒆𝒍🍿 :
စာသားလေးချပေးပ့လားcrdပေးပ့မယ်
2026-07-06 08:08:10
2
hein.lhtoo2
🕊️H🧏‍♂️L🤦‍♂️H🕊️ :
Bro cpယူပါရစေ
2026-07-16 14:44:59
1
kokyawgyi264900600
KyawMinKhant :
crd bro ပြန်တင်မယ်နော် ခံစားချက်ချင်းတူနေလို့
2026-07-08 05:33:12
1
anglet221
⭐️ 💫 엔젤 투 ❄️♒ :
စာသားတွေမိုက်🥰
2026-07-06 00:58:36
1
To see more videos from user @yethuaung_official, please go to the Tikwm homepage.

Other Videos


About