@a.s.k.mar: မိလိန္ဒမင်းကြီးက အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လည်း ရှေးကလူတွေ တွေ့ဖို့ကောင်းတယ် ရှိဆဲဆိုရင်လည်း အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လည်း တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ် ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရားလို့ အရှင်နာဂသိန်ကို မေးလိုက်တယ် ဒီတော့- အရှင်နာဂသိန်က- ဘယ်ကာလမှာမှ မရှိဘူးတဲ့ အတိတ်မှာလည်း~ မရှိဘူး ပစ္စုပ္ပန်မှာလည်း~ မရှိဘူး အနာဂတ်မှာလည်း~ မရှိဘူး ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရာ ရှိပါတယ်၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ ~ မပွတ်ခင်က~ ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့~ မီးထွက်လာတာဟာ... ဘယ်က မီးလဲဆိုရင်~ ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ- အရင် ရှိနှင့်တာလားဆိုရင်လဲ~ မဟုတ်ဘူး၊ ပွတ်ဆဲ ရှိတာလားဆိုရင်လဲ ~ မဟုတ်ဘူး၊ ရှိလတ္တံ့လား ဆိုရင်လဲ~ မဟုတ်ဘူး။ ဒီအတိုင်းပဲ- နိဗ္ဗာန်ဟာ... ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ... မရှိဘူးလားဆိုရင်~ အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင်~ ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ ဒါဖြင့်- ဘယ်ကာလမှာ ရှိသလဲဆိုရင်~ ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့~ ရှိတယ်။ ဝိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ~ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ ~မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ- ခန္ဓာရဲ့ဖြစ်ပျက်ကို ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာမှာ ဖြစ်ဖြစ်၊ ဝိညာဏက္ခန္ဓာမှာ ဖြစ်ဖြစ်... ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင်- မီးနဲ့ တူတဲ့ နိဗ္ဗာန်ဟာ~ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲ-တဲ့။ ဝါးနှဈလုံးပှတျရာမှာ- မပွတ်ခင်က ဘယ်ဝါးမှာမှ~ မီးရှိနေတာ မဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့် သာလျှင်... မီးထွက်လာရသလို~ ခန္ဓာကို- အနိစ္စတရားနဲ့ ရှု၊ ၀ိပူနာ ဥာဏ်တရားနဲ့ လုံ့လစိုက် ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါကြောင့် - နိဗ္ဗာန်ဟာ~ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့- ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့- ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းနေတာဟာဖြင့် - ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့- အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာမှာ အမှန်ပါပဲ။ ဒါဖြင့်-နိဗ္ဗာန်ဟာ~ လူတိုင်းမှာ ရှိသလားဆိုရင်လဲ - မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂ တိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့. ~ ရှိတယ်။ မတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ~ မရှိဘူး။ နိဗ္ဗာန်ဟာ~ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက~ ဖြစ်ပျက်၊ ဉာဏ်က~ မဂ် မခွဲစေနဲ့။ ခန္ဓာ~ဖြစ်ပျက်၊ ဉာဏ်~မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့်- ခန္ဓာ ~ဖြစ်ပျက်လည်း ဆုံးပါရော- ဥာဏ်~မဂ်ဆိုက်ပြီး မီးပွင့်ကြမှာ အမှန်ပါပဲ။ ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့- ပွတ်ဖန်များသဖြင့် မီးထွက်ရသလို~ အနိစ္စနဲ့ မဂ္ဂ ~ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့ နိဗ္ဗာန်က ထွက်မလာနိုင်ဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး,ပါးပါး သွားလို့ ကိလေသာ ဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသော မီးဟာ ထွက်လာရတယ် ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲ ဆိုရင်တော့- ကိလေသာ မဝေးသေး ၊ ပွတ်တိုက်မှု နှေးသေးလို့ပဲ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ ရကို မရဘူးလို့သာ မှတ်လိုက်ပါ ဘာကြောင့်လဲဆိုရင် ကိလေသာကို~ မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က - အနိစ္စ မြင်တာက- မဂ္ဂ မဂ်၀င်တော့~ ပဋိစ္စသမုပ္ပါဒ်ရှေ့ဆက်လို့ မရတော့ဘူး ရှုစရာသာ ပေါ်လာလို့- ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ် ကိလေသာ ဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို~ နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်တိုက်ပါ များရင် မီးထွက်ကို ထွက်ရသလို... ကြပ်ကြပ်သာ ရှုလို့ရှိရင် ကိလေသာ ဝေးသည်ထက် ဝေးပြီး ကိလေသာကုန်ခမ်းသွားရာ နိဗ္ဗာန်ကို ရကို ရမယ်လို့ ယုံကြည်ထားလိုက်ပါ။ #မိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏🙏
A S K mar
Region: MM
Sunday 05 July 2026 16:50:38 GMT
Music
Download
Comments
MR@MP AUNG :
ကျေးဇူးတင်ပါတယ် ညာဏ်အလင်းဖွင့်ပေးတဲ့ တရားတော်ပါ🥰🥰🥰
2026-07-05 23:44:13
42
SaiIngyinNaung :
စာသားလေး copy ချင်လို့ပေးပါလားဗျ
2026-07-16 11:52:28
7
A May Nyo :
သာဓု သာဓု သာဓု ပါ
အရမ်းနှစ်သက်တဲ့ တရားပါဘုရား 🙏
2026-07-06 07:01:50
15
Naing Win Tun :
🙏🌼🙏🌼🙏🌼
2026-07-15 16:07:20
1
tun tun :
သာဓု သာဓု သာဓုပါ
2026-07-06 01:47:30
2
🙏🙏🙏ဓမ္မဒါန🙏🙏🙏 :
မဂ္ဂင်ရှစ်ပါးအဒိက သမ္မာဒိဋ္ဌိ စိုတဲ့ပထမအချက်ပါ
မမြဲတာကိုမမြဲဘူးလို့မြင်ရင် သမ္မာဒိဋ္ဌိပါ နိဗ္ဗာန်ကို မြင်ရပါပြီ မမြဲတာကို အစစ်မှန် ဘယ်လိုမြင်လဲစိုရင် ချစ်ခင်မှု့နှစ်သက်မှု့မြတ်နိုးမှု့ မရှိတော့တာဟာ သမ္မာဒိဋ္ဌိအစစ်ပါ 🙏🙏🙏နိဗ္ဗာန်မြင်ရင် အရောက်သွားတော့ပါ သူတော်ကောင်းတို့
2026-07-16 12:12:52
8
Koon Zaw :
သာဓုသာဓုသာဓုပါ
2026-07-15 13:33:29
1
U Nwe. Win :
🥰🥰🥰မှန်ပဘုရား🥰🥰
2026-07-09 08:54:43
1
Shan lay :
သာဓုသာဓုသာဓုပါ ။
2026-07-06 10:29:56
2
Mg Mg San :
သာဓု သာဓု သာဓု ပါဘုရား
2026-07-06 17:20:48
1
Min Min :
နိဗ္ဗာန် ဆိုတာတွေ့လိုတဲ့အရာမဟုတ်၊နေစရာမဟုပ်၊ထိတွေလို့ရတာမဟုပ်၊ သဘောတရားလေး သာဖြစ်သည်
2026-07-23 03:56:50
3
Aye Aye :
တင်ပါဘုရား
2026-07-06 10:23:35
1
ပျဥ်းမမြေ😘လွမ်းဝေ :
🙏🙏🙏🙏🙏ကောင်းလိုက်တဲ့ အဖြေပါဘုရား
2026-07-06 12:18:39
8
စိမ့်စမ်းရေ :
သာဓု သာဓု သာဓုပါဘုရား 🙏🙏🙏
2026-07-22 09:02:31
1
Khin Mg Chin :
သာဓု🙏သာဓု🙏သာဓု🙏ပါဘုရားပြန်လည်မျှဝေခွင့်ပြုပါ
2026-07-16 08:03:10
2
mg mg•Army :
2026-07-10 06:15:17
1
Ei Ei Win 🩺💉🇯🇵🇯🇵🇲🇲 :
သာဓုပါ
2026-07-22 16:33:35
1
Usan Hlaing :
ကြမ်းအကိုးအကားနဲ့၊သာမန်လူတွေ
နားလည်၊သဘောပေါက်အောင်၊ရှင်း
ပြတာအထူးဘဲကျေးဇူးတင်ပါတယ်
သာဓု...သာဓု...သာဓု
2026-07-06 03:43:50
12
Than Swe :
သာဓု သာဓု သာဓု
2026-07-15 11:58:46
1
သုည :
2026-07-06 14:53:58
2
🇲🇲🖐🇼🇸 K.M.C 💚💚💚 :
ရိုးရှင်းလိုက်တဲ့ဥပမာလေးပါဗျာ
နားလည်လွယ်ပေမယ့်
ကျင့်ကြံနေဆဲ ကြိုးစားနေဆဲပါဗျ.
2026-07-24 13:15:38
6
MgMg1234pl :
သာဓုသာဓုသာဓုပါဘုရား🥰🥰🥰
2026-07-30 15:12:35
0
ဘႀက ဘဘ :
ဉာဏ်အလင်းဖွင့်ပြပေးလို့
ကျေးဇူးကြီးလှပါတယ်
အသျင်မြတ်🙏🙏🙏
2026-07-29 13:41:49
4
user8029623516725 :
သာဓုသာဓုသာဓုပါဘုရားသိခွင့်ကြာခွင့်ရလို့အတိုင်းမသိပါပဲ
2026-07-16 14:28:22
1
To see more videos from user @a.s.k.mar, please go to the Tikwm
homepage.