@ei.phyo.khaing91: #ဂျပန်ဆိုရိုးတစ်ခုရှိပါတယ် "ရထားမှားစီးမိရင် သိသိချင်း အနီးဆုံးဘူတာမှာဆင်းပါ" တဲ့ မှားမှန်းသိသိနဲ့ ဆက်စီးလေ အပြန်ခရီးကပိုရှည်လာလေပါပဲ ၊( ဒါ့အပြင်) တစ်ချို့အချိန်တွေဆိုရင် နောက်ဆုံးရထားတောင်မမှီတော့လို့ အိမ်ပြန်ဖို့ စျေးကြီးကြီးပေးပြီး ကားငှားစီးခဲ့ရတာတွေတောင်ဖြစ်တတ်ပါသေးတယ် ၊ ဒီလို ချစ်ခြင်းတရားတွေ ဆက်ဆံရေးတွေကိုယ် အစွဲအလန်းထားတဲ့အရာတွေလည်း ဒီလိုပါပဲ ချစ်နေရင်းနဲ့ စိတ်ပင်ပမ်းလာပြီဆိုရင် ကိုယ့်ကိုယ်ကိုပျောက်ဆုံးလာပြီဆိုရင်၊ တစ်ခုခုတော့မမှန်တော့ဘူးလို့စိလာပြီဆိုရင် အမြန်ဆုံး ရပ်တန့်ရဲဖို့လိုပါတယ် ၊ မှားတဲ့လမ်းကိုဆက်လျှောက်နေမယ်ဆိုရင် ဆုံးရှုံးမှုတွေပိုများလာမယ် ၊နာကျင်မှုတွေပိုနက်လာမယ် ၊နောက်ပြန်လှည့်ဖို့အချိန်နဲ့ အင်အားတွေပါ ပိုပြီးကုန်သွားမယ်ဆိုတာသေချာပါတယ် ၊အနီးဆုံးဘူတာမှာ ဆင်းဖို့ဆိုတာ ရှုံးနိမ့်ခြင်းမဟုတ်ပါဘူး၊ ကိုယ့်ဘဝကိုယ် ချစ်တတ်လာခြင်းလို့မြင်ပါတယ် ၊ဘဝသစ်တစ်ခုပြန်စနိုင်ဖို့နဲ့ နောက်တစ်ခုက ကိုယ်တိုင် ကိုယ့်ကိုယ် ကို ရွေး ချယ်လိုက်ခြင်းပဲဖြစ်ပါတယ် 🥰

Shwe Pharr🐸
Shwe Pharr🐸
Open In TikTok:
Region: MM
Monday 06 July 2026 00:53:13 GMT
4373
199
1
3

Music

Download

Comments

flower296214
♥️အမေ သမီး အငယ်ဆုံလေး ♥️ :
♥️♥️♥️
2026-07-06 12:22:34
1
To see more videos from user @ei.phyo.khaing91, please go to the Tikwm homepage.

Other Videos


About