@thandarminswe: 🙏 ပထမအပိုင်းပါရှင် 🙏 🍀🍀🍀🍀🍀🍀🍀🍀🍀 သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ အဲဒီကုသိုလ် ၅မျိုးကတော့... ၁။ ဒါန ၂။ သီလ ၃။ ဘာ၀နာ (ဂုဏ်တော်ပွား) ၄။ မေတ္တာ ၅။ ဝိပဿနာ တို့ ဖြစ်ပါတယ်။ အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။ ၁။ ဒါန🍂 ------------- ပထမဆုံးကုသိုလ်က ဒါနပါ ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်၀န် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။ ၂။ သီလ🍂 ------------------ ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။ ၃။ ဘာ၀နာ (ဂုဏ်တော်ပွား)🍂 --------------------------------- တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။ အရဟံဂုဏ်တော်ကိုပဲ … အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊ အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားဟူ၍ ပွားများရပါတယ်။ အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။ ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။ ၄။ မေတ္တာ🍂 ------------------- စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ မိမိနှစ်သက်ရာ ပွားလို့ရပါတယ်။ မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်းကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။ ၅။ ဝိပဿနာ🍂 ------------------ နောက်ဆုံးက ဝိပဿနာပါ။ ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။ (မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်၀ယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း- ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီး၀သို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ ) .............................. ကုသိုလ်-၅မျိုး တစ်နေ့တာ ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။ ၁။ အိပ်ရာထ ---------------------- မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန) ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ) အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် ) မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ ) ပြီးရင် ဝိပဿနာ ၅-မိနစ် ပွားများပါ။ ( ဝိပဿနာ ) အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅ )မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီ၀က်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီ၀က် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြု ပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာ၀စ္စတွေကို ပြုလုပ်ပါ။ ပထမ အပိုင်းပါ ဒုတိယ အပိုင်းထပ်တင်ပေးပါ့မယ်ရှင်

Thandar
Thandar
Open In TikTok:
Region: MM
Monday 06 July 2026 03:59:34 GMT
216312
21674
159
1248

Music

Download

Comments

thitsar036
ဒဏ်ရာနဲ့ လူ :
အချစ်ရေမေတ္တာရေးကံမကောင်းတာရော ပြင်လို့ရတဲ့ကုသိုလ်နည်းရှိပါသလားရှင်
2026-07-08 17:24:30
3
user1336348530123
အပ်ိဳးရီးေပါက္စ :
ကျေးဇူးတင်ပါတယ်
2026-08-10 15:45:34
1
nay.nyo.twin84
Nay Nyo Twin :
ကျေးဇူးပါခင်မျာ🥰🥰🥰
2026-08-09 22:54:21
1
like5910
Like :
ကျေးဇူးပါခင်ဗျာ🙏🙏🙏
2026-08-08 12:18:14
1
veramazz8
ချစ်ဖူးသူလေး :
ကျေးဇူပါ
2026-08-08 13:40:05
1
thantunaung718
aung aung :
ကံဆိုတာတပါးသူပြောတိုင်းလုပ်မှဖြစ်တည်တာမျိုးလား
2026-07-08 16:33:20
1
hsa2642
Hsha Lay's MayMay :
စာလေးတွေယူချင်လို့ပါရှင့်
2026-07-06 14:09:37
2
user7682810560303
user7682810560303 :
ကျေးဇူးပါ
2026-07-09 12:02:24
2
user2864884813266
Naing Zin Aung :
သားဓုသားဓုသားဓုပါး
2026-08-05 05:37:36
1
user8441818129357
သူသူကျော် :
ကျေးဇူးတင်ပါတယ်ရှင့်
2026-07-18 00:46:21
1
wai.yan.kyaw1032
Wai Yan Kyaw :
🙏
2026-07-14 12:26:05
1
amagyi952
ssm :
ကျေးဇူးတင်လိုက်တာ နော်🥰🥰🥰🥰🥰🥰
2026-07-15 04:04:13
1
user185629117157
user185629117157 :
သာဓုသာဓုသာဓုပါဘုရား
2026-07-14 00:57:49
1
waikalay0084
👑💗San Thet Wai💗👑 :
သာဓုသာဓုသာဓုပါ🙏🙏🙏
2026-07-08 23:58:27
2
sweswe1372
SweSwe :
သာဓုသာဓုသာဓုပါ
2026-07-26 09:24:53
2
moeohnmar21
Moeohnmar :
သာဓု သာဓု သာဓု
2026-07-16 17:55:36
2
user574676373
Soe Soe :
သာဓုသာဓုသာဓုပါ
2026-07-27 11:15:27
1
thukha773
Thukha :
ပြန်တင်ခွင့်ပြုပါ ကျေးဇူးတင်ပါတယ်
2026-07-08 13:37:32
3
ko.ko.chit315
Ko Ko Chit :
သာဓုသာဓုသာဓုပါဘရား
2026-07-26 10:12:26
1
your.dady492
Ko Myo Gyi :
သာဓု သာဓု သာဓု ပါ။
2026-07-14 14:54:28
1
hsa2642
Hsha Lay's MayMay :
စာလေးယူချင်လို့ပါရှင့်
2026-07-06 14:09:04
4
user6763352766724
အဂ္ဂ :
မျှဝေပေးလို့ အထူးကျေးဇူးတင်ပါတယ်ခဗျာ့ 🙏
2026-07-08 13:56:42
3
To see more videos from user @thandarminswe, please go to the Tikwm homepage.

Other Videos


About