@user6288008170995: Disposable PVC Gloves, 10/20/50/100pcs Multipurpose Durable Cleaning Gloves, Household Cleaning Supplies for Home Kitchen Bathroom, Work Gloves, Dishwashing Gloves #cleaningmom #dailyusegloves #nontoxiccleaningsupplies #householdhelper #reusablepouches #sanitaryproducts #bestcleaningproduct #siliconeovenmitts #viralcleaningproducts #durableplastic

LCLsss
LCLsss
Open In TikTok:
Region: US
Monday 06 July 2026 04:59:46 GMT
15
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @user6288008170995, please go to the Tikwm homepage.

Other Videos

မူဆယ်ရှိ မြန်မာပိုင်နက်မြေကို တရုတ် ဆက်လက်  ကျူးကျော်နေ မဲခေါင်၊ ဇူလိုင် ၁ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်နိုင်ငံဘက်က ၂ နိုင်ငံ နယ်နိမိတ်အဖြစ် ခြံစည်းရိုးအသစ် စိုက်ထူရာတွင် ရွှေလီမြစ်ကိုကျော်ပြီး မူဆယ်မြို့အနီးအထိ ဆက်လက် ကျူးကျော်လာနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် တရုတ်ဘက်က တရုတ်အလံကို ရွှေလီမြစ်အားကျော်ကာ မင်္ဂလာမူဆယ်အနီးအထိ လာရောက် ကျုးကျော် စိုက်ထူပြီးနောက် ဇွန်လအတွင်းမှာပင် ခြံစည်းရိုး တည်ဆောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ “အခုဆိုရင် တရုတ်က တရုတ်အလံကို မင်္ဂလာမူဆယ်အနီးမှာရှိတဲ့ ဘောလုံးကွင်းနားကို ရောက်လာတယ်။ မူလထက် ကိုက် ၃၀၀ လောက်ကို ရှေ့တိုးလာတာပေါ့ဗျာ။ ပြီးတော့ ရွှေလီမြစ်လယ်မှာရှိတဲ့ ကျွန်းလိုဖြစ်နေတဲ့ နေရာကိုလည်း တရုတ်က မြေဖို့ပြီး တရုတ်ဖက် ထည့်လိုက်တယ်။ မြစ်ဘေးတွေကိုလည်း တရုတ်က ဘက်ဟိုးတွေ မြေတူးကားတွေနဲ့ မြေဖို့ပြီး မြစ်တွေကို ကျဉ်းလိုက်ပြီး နယ်မြေတွေကို ချဲ့လိုက်တယ်”ဟု မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းအရ ရွှေလီမြစ် မြေဖို့မှုကို တရုတ်နိုင်ငံဘက်က ယခုနှစ် ဇန်နဝါရီလကပင် စတင်လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့ပြင် တရုတ်ဘက်က ထိုသို့ပြုလုပ်သည်ကို နိုင်ငံတော်အဆင့်မှ သိမြင်ကာကွယ်နိုင်ရန် ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကာအွန်လိုင်းပေါ် တင်ခဲ့သော်လည်း မည်သည့် လာရောက်စစ်ဆေးမှုမှ မရှိကြောင်းလည်း ဒေသခံများက ပြောသည်။ “အစိုးရမြင်ရင် ကွင်းဆင်းစစ်ဆေးပြီး တားဆီးနိုင်မလားဆိုပြီးတော့ လုပ်တာပေါ့ဗျာ။ နောက်ဆုံးတော့လည်း ဘာမှမထူးဘူး။ တရားဝင် ရောင်းစားလိုက်လို့ လာမကြည့်တာလားလို့တောင် သံသယဝင်ပါတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ တရုတ်က ကျူးကျော်ပြီး ခြံစည်းရိုးအသစ် ခတ်လိုက်သည့်နေရာများတွင် မြန်မာဒေသခံများ၏ ခြံမြေ၊ လယ်ယာများလည်း ပါဝင်သွားသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။ “မြန်မာပြည်သူတွေရဲ့ ခြံတွေလည်း ပါသွားတာရှိတယ်။ ဒါပေမယ့် ပြည်သူတွေက ဘာမှ ပြောလို့မရဘူး။ တရုတ်တွေက စက်ယန္တရားတွေ အစုံနဲ့ လာလုပ်နေတာလေ ကိုယ့်ဘက်က အစိုးရက ဘာမှလည်းမလုပ်ဘူး”ဟု မူဆယ်ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။ ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း နမ့်ခမ်း၊ မူဆယ်၊ ချင်းရွှေဟော်၊ နမ့်တစ်မြို့နယ်များတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်သို့ ခြံစည်းရိုးအသစ်များကို ပေ ၁၀၀ မှ ၃၀၀ အထိ ရှေ့တိုးကာ ခတ်နေသော်လည်း စစ်ကောင်စီအပါအဝင် နယ်စပ်ကို စိုးမိုးထားသည့် ကိုးကန့်တပ်ဖွဲ့ - MNDAA၊ “ဝ”တပ်ဖွဲ့-UWSA တို့ကလည်း မည်သည့်ကန့်ကွက်မှုမှ မလုပ်ခဲ့ကြပေ။ ထို့ပြင် တရုတ်က မြန်မာဘက်သို့ ရှေ့တိုးကာ ခြံစည်းရိုးခတ်သည့် ကိစ္စကို မရေးသားကြရန် စစ်ကောင်စီ၏ မီဒီယာကောင်စီက ပြည်တွင်းမီဒီယာများကို မေ ၁၅ ရက်တွင် ဖိအားပေးပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုဗစ် - ၁၉ ကို အကြောင်းပြကာ ရှမ်းပြည်၊ ကချင်ပြည်နှင့် ထိစပ်နေသည့် တရုတ် - မြန်မာနယ်စပ်ကို တစ်ဖတ်သတ် ခြံစည်းရိုးခတ်ခဲ့ဖူးသည်။  ယင်းအချိန်တွင်လည်း တရုတ်သည် မြန်မာနိုင်ငံဘက်သို့ ပေ ၃၀ ကျော် ကျူးကျော်ကာ ခြံစည်းရိုး ခတ်ခဲ့သဖြင့် မြန်မာအစိုးရဘက်က ကန့်ကွက်ခဲ့ဖူးသည်။ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ကာလပြီးလျှင် ခြံစည်းရိုး ပြန်ဖြုတ်ပေးမည်ဟု ယင်းအချိန်တွင် အကြောင်းပြန်ခဲ့သော်လည်း ယခုတွင်မူ ပြန်မဖြုတ်သည့်အပြင် မြန်မာဘက်သို့ ထပ်မံ ကျူးကျော်ကာ ခြံစည်းရိုး အသစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင်လည်း ရှမ်းပြည်၊ နမ့်ခမ်းမြို့နယ်နှင့် ထိစပ်သည့် နယ်စပ်တွင် တရုတ်နိုင်ငံက တစ်ဖက်သတ် ကျူးကျော်ကာ ခြံစည်းရိုးခတ်သဖြင့် ပြည်သူများက ပြန်လည် တွန်းလှဲဖြိုဖျက်ခဲ့ဖူးသည်။  ယင်းအချိန်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက မည်သည့် ကန့်ကွက် ပြောဆိုမှုများမှ ပြုလုပ်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ တရုတ် - မြန်မာ ၂ နိုင်ငံသည် နယ်စပ်တွင် နယ်မြေထိစပ်မှု ကီလိုမီတာ ၂ ထောင်ကျော် ရှိပြီး အငြင်းပွားနေသည့် နယ်နမိတ်ကိစ္စများ ပြေလည်ရန် မြန်မာ - တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကို လက်မှတ်ရေးထိုးထားသော်လည်း ကျူးကျော် ခြံစည်းရိုးခတ်မှုကို တရုတ်က အကြိမ်ကြိမ် ကျူးလွန်လျက်ရှိသည်။ #MeKongNews #မူဆယ် #မြန်မာပိုင်နက်မြေ #တရုတ် #ကျူးကျော်

About