@nawchawchaw94: Betex ဆိုတာ ဗီတာမင် ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝ ဖြစ်ပျက်မှု့ပေါ် အကျိုးသက်ရောက်တယ်။ နာတာရှည် ထုံကျင်၊ ညောင်းညာ, ကိုက်ခဲ၊ အကြော တင်းနေသူ၊ ထိတွေ့မှု့ အာရုံ နည်းပါးသူ၊ အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ ဘီစစ်၊ B 12 ကို အချိုးကျ ပေါင်းစပ်ထားတယ် Neurobion အပြာကဒ်၊ Neurorubin, Neurovit ဆိုတဲ့ ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။ မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူ အတွက် အာရုံကြောအားဆေးထည့်တဲ့ အခါ Neurobion အပြာကဒ် (သို့မဟုတ်) Betex ကို အသုံးပြုကြတယ် Betex က Neurobion ထက် သုံးဆ မက စျေးပိုကြီးတယ် ထိုင်းနိုင်ငံ Favorex က ထုတ်လုပ် ထားတယ် #Betex ထဲမှာ ပါဝင်တာတွေက Vitamin B1 (Thiamine Mononitrate ) 100mg Vitamin B6 (Pyridoxine) 200mg Vitamin B12 (Cyanocobalamine) 200mcg စတာတွေ ဖြစ်ပါတယ်။ #ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ် -သက်ရှိ ဆဲလ်တိုင်းရဲ့ စွမ်းအင် အတွက် ဗီတာမင် ဘီ လိုအပ်ပါတယ် - ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှု့ အတွက် အရေးပါတယ် - စားလိုက်တဲ့ ကာဗို ဟိုက်ဒရိတ် က စွမ်းအင် ထုတ်ရာ မှာ အဓိက အခန်း ကဏ္ဍက ပါဝင် ကူညီ ပေးနေတယ် - မျိုးဗီဇ ဖွဲ့စည်း တည်ဆောက် ခြင်း ဖြစ်စဉ် မှာလည်း အရေးကြီး ပြန်တယ် - နာဖ့်ဆဲလ် တွေမှာရှိ တဲ့ Acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ် - အာရုံကြော နဲ့ ကြွက်သား လုပ်ဆောင်ချက် ကောင်းမွန်စေဖို့ ကူညီ ပေးတယ် - နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ (Myelin Sheath) တွေကို ပြန်လည် တည်ဆောက်ပေးတယ်၊ ပြုပြင် ပေးတယ် - အရက်၊ မူးယစ်ဆေးဝါး၊ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ် - အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊Dopamine နဲ့ Serotonin ဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ် - ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူ ပေးတယ် .#အသုံးဝင်ပုံ။ ---------- - ခြေဖျား၊ လက်ဖျား ထုံကျဉ် ကိုက်ခဲခြင်း၊ - ပူစပ် ပူလောင် ဖြစ်ခြင်း၊ - အာရုံကြော ရောင်ရမ်းခြင်း၊ - အာရုံကြော အားနည်းခြင်း၊ .#ဗီတာမင်ဘီ လိုအပ်သူများ။ ------------------------ - အရက်အလွန်အကျွံ သောက်သုံးသူ၊ - ဆီးချို ရောဂါသည်၊ - အသက် ကြီးရင့်သူ၊ - ဘီတာမင် ဘီ ချို့တဲ့သူ၊ - နာတာရှည် ရောဂါသည်၊ ---------- - တခါသောက် ( ၁ ) လုံး၊ တနေ့ ( ၂ -၃ ) ကြိမ် အစာစားပြီးမှ သောက်ပါ - ရေရှည် စွဲသောက်နိုင်ပါတယ် - ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ် - ကိုယ်ဝန်ဆောင်တွေ တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ် - ပါဝင်တဲ့ ပမာဏဟာ လိုတာထက် ပိုများလို့ ကလေးတွေမှာ သတိထား တိုက်ကျွေးရမယ် -ဘေးထွက်ဆိုးကျိုး။ ----------------- - ချွေးထွက် များတာ - နှလုံးခုန် မြန်တာ - ရင်တုန်တာ - အရေပြား ယားယံတာ - အင်ပြင် ထွက်တာ - Vitamin B6 ပါတဲ့ အားဆေးတွေကို L-Dopa ဆေးနဲ့ တွဲပြီး မသောက် သင့်ဘူး - L-Dopa ရဲ့ အာနိသင် ယုတ်လျှော့စေမယ် - ရေမှာ ပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ် . -------------------------- - ခေါင်းမူး၊ ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ - ဇက်ကျော၊ ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ် - ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိက သက်သာစေတယ် - အထူးသဖြင့် အာရုံကြော ရောင်ရမ်းတယ်လို့ ယူဆတဲ့ အခါမျိုးမှာပေါ့ - အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ် မထိခိုက်စေပါ - အသက်အရွယ်မရွေး သောက်သုံးနိုင်တယ် - စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ (Michael Bilမှ ရေးသား တင်ပြသည်) (Matu Health Information ပေ့ချ်မှ ကူးယူဖော်ပြပါသည်) ကိုယ်တိုင်လဲသောက်ဖြစ်နေတာကြောင့် မသိသေးသူတွေအတွက်ပြန်လည်မျှဝေပါတယ်။ #fypシ゚

Shwe.YW ✨🦋
Shwe.YW ✨🦋
Open In TikTok:
Region: MM
Monday 06 July 2026 12:28:10 GMT
169107
3285
127
264

Music

Download

Comments

nyi.lin582
GOJO :
အရင်ကdetexသောက်တယ်ခုတော့neurobestသောက်ဖို့ညွှန်းတယ်
2026-07-24 10:15:28
1
user410036980
MYAT THU :
ဟုတ်တယ်မရေတကယ်သက်သာတယ်ဆေးက🥰🥰
2026-07-24 11:30:33
1
naing6901.14htd
🎶 naing min 🎶 :
ဘယ်မှာရောင်းလဲဗျ
2026-07-23 12:28:06
1
baby712025
TR :
Nuramax ပါဝင်တဲ့ဆေးအတူတူဘဲလားရှင့်
2026-07-24 06:31:30
1
khaingkhaing3119
khaingkhaing :
အဲဒါနဲ့အာနိသင်တူတာက neurobest ပါ၊ ခု သမားတော်တွေက betex ဈေးမြောက်နေလို့ ကျမတို့ကို neurobest ပဲသောက်ဖို့ ညွှန်းပေးတော့တယ်။
2026-07-20 04:25:08
7
khin.lay.nwe591
Khin lay Nwe :
ကျေးဇူးပါအခုလိုပြောပြပေးတဲ့အတွက်🥰🥰🥰🥰🥰🥰👍👍👍👍👍👍
2026-07-24 10:26:44
1
min.min.htun381
M.M.T :
ဟုတ်တယ်ကျနော်လည်းသောက်ခဲ့ရတယ်ခုတော့သက်သာနေပါပြီ
2026-07-22 00:46:07
1
ko.phyo.lin.zaw6
Ko phyo lin zaw :
ကျမလဲဝယ်လို့ရရင်လိုချင်တယ်
2026-07-23 05:59:44
1
oomin550
MN :
မနက်ခင်းသောက်ရတာလား ညဘက်သောက်ရတာလား
2026-07-23 17:27:26
0
maniphyusin27
Mani Phyu Sin :
ကျေးဇူးပါ
2026-07-19 15:46:20
1
u.thi5161
U Thi :
ကျေးဇူးတင်ပါတယ်
2026-07-20 05:23:22
1
ppaneimon
ပန်းအိမွန် :
တစ်ကယ်ကောင်းပါတယ်
2026-07-19 04:32:26
1
thitaraye60
user4555244055700 :
အခုကစျေးတွေတအားတတ်တာတို့တွေ့သောက့်တုံးက၁ကဒ်ကို၂၅ရာဘဲရှိတယ်
2026-07-20 11:19:29
1
user98439398493922
ပါးပါး :
ဘယ်မှာဝယ်ရမလဲ
2026-07-19 11:27:37
1
user759317680
khin lay :
ကျေဇူးပါ
2026-07-20 02:49:24
1
swe.swe8416
Swe Swe :
ကျမကကြအယ့်လိုမဖတ်ဘူး ချောလို့အကြောတေခနခနတက်တယ်လို့ဖတ်မိသွား😂😂😂
2026-07-22 02:59:55
0
minmoeaung742
Min Moe Aung742 :
ဘယ်လို ေသာက်ရမလဲ
2026-07-23 03:08:01
0
may.htwe
May Htwe :
ညမရေဘယ်အချိန်သောက်ရင်ပိုထိရောက်လည်းအမလည်းအာရုံကြောအားနည်းလို့ ဆေးကရှာမရ အခုရအောင်ရှာဝယ်မလို့မေးတာပါ
2026-07-21 04:46:27
0
ytttt8536
Ytttt :
လက်ရှိသောက်နေတာ
2026-07-20 02:06:36
1
oo.sai.mg6
Oo Sai Mg :
ကျေးဇူးပါ
2026-07-18 18:18:23
1
yehtut041
yehtut041 :
တစ္ကဒ္ဘယ္ေလာကါလဲ
2026-07-06 21:58:34
0
ko.zaw6381
Ko Zaw :
ဈေးကမတန်တဆ။ မသောက်နိုင်ပါ
2026-07-20 13:58:19
0
koaung.117
ko aung :
ဆရာဝန် နဲ့တိုင်ပင်ရသေးလား ဒီတိုင်းဝယိသောက်မယ်ဆိုအဆင်ပြေလားဗျ
2026-07-21 11:27:13
0
mwe.ni3
♥️♥️♥️ပပဝတီ♥️♥️♥️ :
ဘယ်မှာဝယ်ရလဲရှင့်❤️❤️
2026-07-19 08:54:59
0
mya.win109
Mya Win :
အားနည်းလို့ခေါင်းမူတာ သောက်ရင်အဆင်ပြေလာ🥺
2026-07-18 10:54:08
2
To see more videos from user @nawchawchaw94, please go to the Tikwm homepage.

Other Videos


About