@zawlinaung1975: တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအပြီး ရေလှောင်ကန်ပြိုကျပျက်စီး၊ မြို့ရွာအများအပြား ရေကြီးရေလျှံမှုများနှင့် ဆိုးရွားစွာရင်ဆိုင်နေရ ဇူလိုင် ၆ တရုတ်နိုင်ငံတောင်ပိုင်း ဒေသအချို့တွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ယနေ့တွင် လျူလန် (Liulan) ရေလှောင်ကန် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် ဟန်ကျိုး၊ နန်နင်းနှင့် ကွမ်ရှီးပြည်နယ်တို့တွင် မိုးရေချိန် မြင့်တက်ခဲ့ရာမှ ယခုကဲ့သို့ ရေလှောင်ကန်ကြီး ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ရေလှောင်ကန်ကျိုးပေါက်ပြီး ရေအဟုန်ပြင်းစွာ စီးဆင်းသွားသည့် အရှိန်ကြောင့် အနီးအနားရှိ မြို့ရွာအတော်များများတွင် ချက်ချင်းဆိုသလို ရေနစ်မြုပ်သွားခဲ့ပြီး ဒေသခံပြည်သူများသည် အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။ ယခုလက်ရှိတွင် တရုတ်နိုင်ငံအတွင်းရှိ ရေလှောင်ကန် အများအပြားမှာလည်း ရေဝင်ဆံ့မှု ပမာဏထက် ကျော်လွန်နေသဖြင့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေကြောင်း တာဝန်ရှိသူအချို့က အရေးပေါ် သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ထပ်မံ၍ ဆည်များကျိုးပေါက် ပျက်စီးမှုကို ကာကွယ်နိုင်ရန်အတွက် အချို့သော ဆည်ကြီးများမှ ရေများကို အရေးပေါ် ထိန်းညှိထုတ်လွှတ်နေရပြီဖြစ်ကြောင်းလည်း သိရသည်။ #တရုတ်#ရေကြီး#ရေလှောင်ကန်ကျိုးပေါက် #breakingnews #worldnews
Heater
Region: MM
Monday 06 July 2026 12:36:38 GMT
Music
Download
Comments
KoKyawMin13723 :
ရရက်သားသမီးများ အားလုံး ကိုယ်စိတ် နှစ်ဖြာ အမြန်ဆုံး အေးချမ်ကြပါစေ
2026-07-06 15:12:33
0
kyawlay.com 13/ :
ကမ္ဘာကြီးရဲ့အော်ဟစ်သံက်ုကြားနေရပြီ ဘာလုပ်သင့်လဲ
2026-07-06 16:49:14
0
jackkoko1431 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-06 16:11:57
1
U Aye Min Kyaw :
😳😳😳
2026-07-06 14:13:20
0
lion :
😎😎
2026-07-06 15:53:25
0
Ko Gyi Sann :
😳😳😳
2026-07-06 16:24:26
0
Azero :
🥰
2026-07-06 18:03:42
0
To see more videos from user @zawlinaung1975, please go to the Tikwm
homepage.