@knowledgelover.mm: တချို့လူတွေက... ​"ဒီတခါလေးပါ..." "မသိလောက်ဘူး..." "အဆင်ပြေသွားမှာပါ.." ​ဆိုပြီး မုသားလေးတခွန်းကို အလွယ်တကူ ပြောတတ်ကြတယ်။ 🤔 ​ဒါပေမဲ့… လူတယောက်ရဲ့ နှလုံးသားထဲမှာ ယုံကြည်မှုဆိုတာ အုတ်တလုံးချင်းစီနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတလုံးလိုပါပဲ။ 🏠 ​တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပေမယ့်... ဖြိုဖျက်ဖို့တော့ စက္ကန့်ပိုင်းပဲ လိုတယ်။ ​လိမ်ညာမှုတခုဟာ စကားတခွန်းထက် ပိုပါတယ်။ အဲဒါဟာ... "ငါ့ကို မယုံနဲ့တော့" ဆိုတဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး ပြောလိုက်တာနဲ့ တူပါတယ်။ ​တခါလိမ်ရင် ခွင့်လွှတ်နိုင်သေးတယ်။ နှစ်ခါလိမ်ရင် သံသယဝင်လာတယ်။ အကြိမ်ကြိမ် လိမ်လာတဲ့အခါ... ချစ်ခြင်းတွေ၊ သံယောဇဉ်တွေ၊ ယုံကြည်မှုတွေဟာ တဖြည်းဖြည်း ပြိုကွဲသွားတော့တယ်။ 💔 ​နာကျင်စရာအကောင်းဆုံးက... တနေ့ ကိုယ်အမှန်တရားကို ပြောတဲ့အချိန်မှာတောင် ဘယ်သူမှ မယုံတော့တဲ့ အခြေအနေကို ရောက်သွားခြင်းပဲ။ ​လူတွေဟာ အမှားလုပ်မိလို့ မခွဲခွာကြတာ မမဟုတ်ဘူး… လိမ်ညာမှုတွေကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားလို့ ခွဲခွာကြတာပါ။ 🚶‍♂️ ​မြန်မာပြည်ရဲ့ လူအများစုရဲ့ စရိုက်က အဓိက လိမ်ညာခြင်းပါဘဲ။ လူမှုရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်၊ လုပ်ငန်းခွင်မှာ နေ့စဉ်စရိုက်တခုလိုဖြစ်နေပါပြီ။ နိမ့်ချမှုတွေ၊ ဝန်ခံမှုတွေ၊ တာဝန်ယူတတ်မှုတွေဆိုတာ လွယ်သယောင်ရှိပေမယ့် တကယ်တော့ သတ္တိလိုအပ်နေတယ်။ မသိရင် မသိဘူး၊ မရရင် မရဘူး၊ မတတ်ရင် မတတ်ဘူး ဆိုတာ တော်ရုံမပြောတတ်ကြပါဘူး။ ​ဟန်ဆောင်မှု၊ လိမ်ညာမှုကနေ မာနတွေ၊ သိက္ခာတွေရှိတယ်လို့ ခံယူနေကြသလားလို့တောင် မှတ်ယူရတယ်။ ကိုယ်မသိမတတ် မကျွမ်းကျင်တဲ့နယ်ပယ်မှာ လိမ်ညာမှုမပါတဲ့ "မသိဘူး၊ မတတ်ဘူး" ဆိုတာကို ရိုးရိုးလေးပြောရဲတဲ့ သတ္တိမွေးဖို့ ကြိုးစားကြရဦးမယ်။ 💪 ​ဒါကြောင့်... ခဏတာ အကျိုးအမြတ်တခုအတွက် ဘဝတသက်လုံး တန်ဖိုးရှိတဲ့ ယုံကြည်မှုကို မလဲလှယ်လိုက်ပါနဲ့။ ❌ ​အမှန်တရားက တခါတလေ ခါးသီးနိုင်တယ်... ဒါပေမဲ့ ရိုးသားခြင်းကတော့ ဘယ်တော့မှ ရှက်စရာ မဖြစ်ဘူး။ ​ဘဝရဲ့ဖြစ်တည်မှုအချို့တွေက သင်ယူရတာမျိုးထက် ပြုပြင်ပြောင်းလဲတာမျိုးက ပိုပြီး လူသားပိုဆန်စေပါတယ်။ 🌱 ​"လိမ်တာများရင် လူမပြောနဲ့.. ကြိုးတောင် ပြတ်တတ်တယ်" ​ယုံကြည်မှု ပြတ်သွားတဲ့အခါ... ပြန်ဆက်လို့ ရပေမယ့် အရင်လို ဘယ်တော့မှ မခိုင်မာတော့ဘူး...။ 🧵 #crd_to_owner_with_respectcrd #motivacion #စာပေ #foryouforyou🥰🥰🥰roryou #viral

Knowledge Chit Thu
Knowledge Chit Thu
Open In TikTok:
Region: MM
Monday 06 July 2026 13:42:16 GMT
515999
64024
555
6673

Music

Download

Comments

maheikatrj4
lung lung 🍎🐽🐷 :
thank you so much
2026-07-09 06:26:12
1
tinsha.com
Ma Tin :
lThank you
2026-07-09 06:02:21
1
dogthu5
❤️‍🔥အမုန်းတထောင်🥀 :
nice bro
2026-07-08 06:30:52
1
beertun
サン君♥️❤️ :
Yesssssss
2026-07-08 15:42:16
1
knowledgelover.mm
Knowledge Chit Thu :
ကြိုက်ရင် အသဲလေးပေးပြီး Yes လို့မန့်ခဲ့ပါဦးနော်🥰🥰🥰
2026-07-06 13:51:56
90
daw.aak
Ag Leo ♌ :
ပြန်တင်မယ်နော်
2026-07-09 13:31:50
1
aungmyatthu2854
🎈( မောင် )SOLU 👻 :
Can you give me the lyrics?
2026-07-08 05:12:42
6
shine.lay1819
💗မောင်ရှိုင်း💥🦣 :
ဒိစာသာလေ copyယူချင်လို့ ပေပါလာဗျာ
2026-07-08 15:18:29
6
meimei.nge328
Ma Mee Nge :
ပြန်တင်ခွင့်ပြုပါ, စာသားကြိုက်လွန်းလို့
2026-07-09 15:52:45
1
pekon1241
KON🔥 :
ပြန်တင်ခွင့်ပေးမလား😇
2026-07-08 02:46:51
6
vivoy314839
🇲🇲 Mg PATY🇹🇭 :
yes
2026-07-08 09:59:07
1
tet.htun
Tet Htun :
စာသားလေးကသူမနဲ့တူလွန်းနေလို့ယူသုံးချင်ပါတယ်ယူသုံးခွင့်ပြုပါ😔
2026-07-09 07:52:13
1
chancdno2b3
ဧရာ❤️‍🔥ဝတီ❤️‍🔥သူလေး❤️‍🔥 :
မှန်လိုက်တာဗျာ🥰
2026-07-09 10:48:49
1
zinminnaing251
zinminnaing :
အရမ်းကောင်းတဲစာသားလေပါ
2026-07-08 15:41:21
1
sky.mother02
Sky Mother :
ဟုတ်တာပေါ့
2026-07-09 05:03:41
1
dd199398
dd :
qbsgNxajdxiwqenbph[rkbxme🥰🥰🥰🥰
2026-07-09 01:01:38
1
su.myat0142
naing lin :
ဟုတယ်ဗျာ
2026-07-08 06:12:57
2
user6061541679240
ဂေါင်စဥ်အောက်က ကဗျာ💞💞💞 :
ကောင်းလိုက်တက်စာသား🥰🥰👍👍👍👍
2026-07-07 16:03:15
1
zu.may69
Zu May :
ဟုတ်တယ်မှန်တယ်
2026-07-09 11:27:37
1
tu.ni.lahtaw1
Tu Ni Lahtaw :
yes🥰
2026-07-09 13:15:24
1
thrir.mon6
Thrir Mon :
ပြန်တင်လို့ရလားcrdပေးမယ်😅
2026-07-09 15:17:53
1
zun.phyo.aung69
Zun Phyo Aung :
ဟုတ်တယ်😍😎
2026-07-09 05:06:44
1
To see more videos from user @knowledgelover.mm, please go to the Tikwm homepage.

Other Videos


About