@heartskey.nay: "The Great Queen Seondeok" (ဆွန်ဒေါ့ဘုရင်မ) Ep07_Part (2) LIAM Movies Recap မှတင်ဆက်ပေးလိုက်ပါပြီနော်❤️ "အာဏာ၊ အချစ်နဲ့ ပေးဆပ်ခြင်းတွေကို ခြယ်မှုန်းထားတဲ့ ပြိုင်ဘက်ကင်း သမိုင်းဝင်ဇာတ်လမ်း" Rating: 9.5 / 10 ဇာတ်ညွှန်းက အစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်လောက်အောင် ကောင်းပါတယ်။ -ကိုရီးယားသမိုင်းနောက်ခံ physical drama တွေထဲမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးလို့ ပြောရင် မပါမဖြစ်တဲ့ "The Great Queen Seondeok" (ဆွန်ဒေါ့ဘုရင်မ)။ -ဆီလာ (Silla) တိုင်းပြည်ရဲ့ ပထမဆုံးသော အမျိုးသမီးဘုရင်မကြီး ဖြစ်လာမယ့် မင်းသမီး ဒေါ့မန် (Deokman) ရဲ့ ခရီးကြမ်းကို ရိုက်ကူးထားတာပါ။ သူမ မွေးဖွားချိန်မှာ "အမြွှာမွေးရင် သားဦးပြတ်လိမ့်မယ်" ဆိုတဲ့ နိမိတ်ဆိုးကျိန်စာကြောင့် တိုင်းပြည်ကနေ ဝှက်ထားခြင်းခံခဲ့ရပြီး သဲကန္တာရထဲမှာ သာမန်မိန်းကလေးတစ်ယောက်လို ကြီးပြင်းခဲ့ရပါတယ်။ တစ်ဖက်မှာလည်း တော်ဝင်မိသားစုထက် အာဏာဩဇာကြီးမားပြီး ဉာဏ်နီဉာဏ်နက်များတဲ့ မိရှီး (Mishil) ဟာ နန်းပလ္လင်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပါတယ်။ ဒေါ့မန်တစ်ယောက် မိမိရဲ့ ပင်ကိုယ်အရည်အချင်း၊ မဟာမိတ်တွေဖြစ်တဲ့ ကင်ယူဆင် (Kim Yushin)၊ ဘီဒမ် (Bidam) တို့ရဲ့ အကူအညီနဲ့ မိရှီးရဲ့ အာဏာစက်ကို ဘယ်လိုဖြိုဖျက်ပြီး သမိုင်းဝင်ဘုရင်မကြီး ဖြစ်လာမလဲဆိုတာ...... -ဒီဇာတ်လမ်းကို ပိုပြီးအသက်ဝင်စေတာက Main Villain ဖြစ်တဲ့ 'မိရှီး' ရဲ့ ဉာဏ်ပညာနဲ့ အရှိန်အဝါပါ။ သာမန်ဗီလိန်တွေလို ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘဲ အေးဆေးတည်ငြိမ်တဲ့ အပြုံး၊ သွေးအေးတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဆောင်သွားတာကြောင့် ပရိသတ်တွေ မုန်းရမလိုလို၊ ချစ်ရမလိုလို ဖြစ်စေခဲ့တဲ့ သမိုင်းဝင်ဇာတ်ကောင် ဖြစ်ပါတယ်။ -ဇာတ်လမ်းရဲ့ ဒုတိယပိုင်းမှာ အဓိကဆွဲဆောင်မှုကတော့ ဘီဒမ်ပါ။ ဒေါ့မန်အပေါ် ထားတဲ့ သူ့ရဲ့ရူးသွပ်တဲ့ အချစ်၊ နောက်ခံသမိုင်းကြောင်းရဲ့ နာကျင်မှုတွေနဲ့အတူ နောက်ဆုံးမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြောင့် သူတို့နှစ်ယောက်ရဲ့ ဇာတ်သိမ်းဟာ ပရိသတ်တွေ မျက်ရည်ကျခဲ့ရတဲ့အထိ ရင်ဘတ်ထဲ ကျန်ရစ်စေပါတယ်။ -ရိုးရိုးတိုက်ခိုက်ရုံတင်မဟုတ်ဘဲ နက္ခတ်ဗေဒင်၊ သိပ္ပံပညာ၊ စိတ်ပညာတွေကို သုံးပြီး နန်းတွင်းအာဏာလုပွဲတွေ၊ စစ်ပွဲတွေကို ကစားသွားတာက ကြည့်ရတာ တကယ့်ကို အားရစရာ ကောင်းလှပါတယ်။ #creatorsearchinsights #recapmyanmar #kseries #kdrama #tiktokmilestonechallenge

LIAM Movies Recap 🍿
LIAM Movies Recap 🍿
Open In TikTok:
Region: TH
Saturday 18 July 2026 11:00:00 GMT
1205
36
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @heartskey.nay, please go to the Tikwm homepage.

Other Videos


About