@weareallsinners01: Shine ရဲ့ "မင်းအတွက်ငါ" သီချင်းဟာ ကိုယ်ချစ်ခဲ့ရတဲ့မိန်းကလေး အပေါ်မှာ ထားရှိတဲ့စစ်မှန်ပြီး အနစ်နာခံတတ်တဲ့ အချစ် နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အနားမှာ အမြဲတမ်းရှိနေပေးချင်တဲ့ သံယောဇဉ်ကို ပုံဖော်ထားပြီး ကိုယ်ချစ်ခဲ့ရတဲ့ မိန်းကလေး စိတ်ညစ်နွမ်းနေချိန် ဒါမှမဟုတ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ ပုခုံးတစ်ဖက်အဖြစ် အားကိုးရစေဖို့နဲ့ သူ့ရဲ့ပျော်ရွှင်မှုတွေအတွက် ကိုယ့်ဘက်က ဘာမဆိုပေးဆပ်ဖို့ အဆင်သင့်ရှိနေတဲ့အကြောင်းကို သီဆိုထားတာဖြစ်ပြီး ကျတော်တို့ရဲ့အချစ်တော် ရခိုင်သားလေး shine ရဲ့ အကောင်းဆုံးသီချင်းတွေထဲကတစ်ပုဒ်လည်းဖြစ်ပါတယ်ခင်ဗျာ။ မြန်မာ version ကိုလူတိုင်းရင်းနီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာ ဒါပေမယ့် ရခိုင် version က တိုင်းရင်းသားဘာသာစကားနဲ့ဆိုတော့ နားထောင်ရတာမြန်မာversion နဲ့မတူဘဲနားထောင်ရတာ တစ်မျိုးကောင်းတဲ့အတွက် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ Shine's song 'Min Atwat Ngar' (I am for You) portrays a genuine and deeply devoted love for the girl he loved, along with an enduring attachment to always be by her side no matter the circumstances. It sings about being a shoulder to lean on for support whenever the girl he loved is feeling down or facing difficulties, and being ready to sacrifice anything from his side for her happiness. It is also one of the best songs by our beloved Rakhine youth, Shine. Since 'Min Atwat Ngar' has also been released in the Rakhine language, I would highly recommend giving it a listen. #minatwetngar #shine #rnbsoul #indiepop