@disasterwoke: 🔺၇ ဇူလိုင်၊ ၂၀၂၆ တရုတ်နိုင်ငံ နန်နင်းမြို့၊ ဟန်ကျိုးမှာ ရေကြီးရေလျှံမှုကြောင့် ရေလှောင်ဆည်တစ်ခု မနေ့ကကျိုးပေါက်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း မေဆတ်ကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနဲ့ တနင်္လာနှစ်ရက်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံဖြစ်ခဲ့တာပါ။ ဆည်ပြိုကျမှုကြောင့်လူ ၂ ဦး သေဆုံးကာ အခြားလူဦးရေ ၅၅,၀၀၀ ခန့် ထိခိုက်နစ်နာမှု ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆည်ပြိုကျတာအပြင် အခြားဆည်တွေလည်း စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် လူရာပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသလို နယ်စပ်ဖြတ်ကျော်ရထားလိုင်းလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ အာဏာပိုင်တွေက အမြင့်ဆုံးအဆင့် ရေဘေးသတိပေးချက်ထုတ်ပြန်ထားပြီး ရာသီဥတု ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိတယ်လို့လည်း သတိပေးထားကြောင်း SCMP သတင်းက ဖော်ပြပါတယ်။ Source: South China Morning Post (SCMP) #disasterwoke #china #typhoonmaysak #damcollapse #flood
DisasterWoke
Region: SG
Tuesday 07 July 2026 00:02:51 GMT
Music
Download
Comments
zawwin :
ဘေးရန်ကင်းကြပါစေ
2026-07-07 04:25:02
1
Myo Min :
ငါတို့မှာကျ မိုးကို မရွာဘူး
2026-07-07 02:46:52
1
Thein Lin Soe :
မပိတ်သင့်သော မြစ် ကြောင်းကို သွားပိတ်တောါ့ မြစ်ရေကြီးတာပေါ့
2026-07-07 07:03:41
0
Hla Moe :
ရလိုမှု့တခုကအားလုံးခံကြရပါတယ်
2026-07-07 04:02:40
0
Beta 2025 :
🙏🙏🙏
2026-07-07 02:07:36
1
ye win :
🥰🥰🥰
2026-07-07 00:37:14
0
To see more videos from user @disasterwoke, please go to the Tikwm
homepage.