@ashinvijiya2: #creatorsearchinsights "အဲဒါ ဘာကောင်လဲ ? --------------------------- အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမွာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ အဲဒါ ဘာကောင်လဲ သား? သားကဖြေတယ် အဲဒါကျီးကန်းပါ အေဖ။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ အဲဒါ ဘာကောင်လဲ သား? သားကဖြေတယ် အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ သား အဲဒါ ဘာကောင်လဲ? ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညှာမတာပြန်ပြောလိုက်ပါတယ်။ အဲဒါ ကျီးကန်း. ကျီးကန်း.။ =========== ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ အဲဒါ ဘာကောင်လဲ သား? ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ အေဖ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။ အဲဒါ ကျီးကန်း သိလား ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား? ============ ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကို၀င်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။ :- ============ ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲ(အဲယာ ဘာဂေါင်ယဲ)ဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံး၀ကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် အော်..ငါ့သားလေးက မေးတတ်လိုက်တာဆိုပြီး ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်။ ============== ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် အဲယာ ဘာဂေါင်ယဲ? လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့သော်လည်း ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုးဒေါသထွက်ပါသတဲ့။ ============== ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ၀န်ထုပ်၀န်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအဝိုင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။ ========== ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။ Arkar Moe Myint. မူရင်းရေးသားသူကို လေးစားပါသည်။ #ကုသိုလ်စိတ်ဖြစ်အောင်မွေးမြူကြပါ ..။ ---#ဒီတစ်ပုဒ်တော့fypပေါ်ရောက်ချင်တယ် #fyppppppppppppppppppppp #tiktokmyanmar🇲🇲
🅐🅢🅗🅘🅝 🅥🅘 🅙🅘 🅨🅐
Region: MM
Tuesday 07 July 2026 04:03:45 GMT
Music
Download
Comments
Moethazin :
စားသားတိုင်းကိုလေးစားဦးညွတ်ပါတယ်ရှင့်တန်ဖိုးရှိသောစာသားတိုင်းအတွက်ကျေးဇူးပါရှင့်မျှဝေခွင့်ပြုပါရှင့်🙏🙏🙏
2026-07-13 08:57:32
3
Bo Hla🤩😃😄😘 :
စာလုံးကြိးကြိးနဲ့တင်ပေးပါ ကျေးဇူးပါ
2026-07-09 00:08:59
12
Aung myo min :
ညဏ် နဲ့ယှဥ်ကြည့်ပါသိလို့မေးတာနဲ့ မသိလို့မေတာကွာပါတယ်
2026-07-11 14:17:56
1
Rgyi :
👍ကောင်းတယ်
2026-07-09 15:53:01
2
khin thanwin :
ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ
2026-07-13 03:05:08
1
MinMinTun :
🥰🥰🥰GOOD🥰🥰🥰
2026-07-07 04:17:56
0
U Hla Moe :
ကောင်းလွန်းပါပေတယ်
2026-07-07 06:15:35
1
Ko Soe Moe (Official ) :
good🥰🥰🥰
2026-07-07 12:36:55
0
Yin Nwe :
တင်ခွင့်ပြုပါ
2026-07-09 04:16:12
0
19681130 :
လေးစားထိုက်ပါတယ်
2026-07-07 05:42:20
0
Mg Mg Swe :
သိပ်ကောင်းတဲ့ပညာပေးစာသားပါ
2026-07-09 03:00:06
2
🇲🇾စွန့်လွှတ်ရင်းချစ်နေမယ်😔 :
အရမ်းကောင်းပါတယ်
2026-07-10 03:28:00
1
Ĵãĉk :
အရန်းကောင်ပါတယ်
2026-07-09 12:58:27
1
ko aung :
ကျေးဇူးပာ
2026-07-09 12:31:41
1
Tin Tin Htay :
တင်ပါ့ ဘုရား👏👏👏
2026-07-09 04:44:46
1
😍mamoe😍 :
ကျေးဇူးပါ
2026-07-09 13:38:40
1
ကျော်စွာ :
ကျေးဇူးပါ.သာဓုသာဓုသာဓု
2026-07-09 11:49:13
1
Ba Gyi Zaw :
ကြိုက်တယ်ဗျာ
2026-07-09 02:22:13
1
Min Thar :
အရမ်းကောင်းလိုက်တာဗျား
2026-07-09 14:41:55
1
ချင်းတွင်းသား :
@ရွှေကျိးလေးပါ
2026-07-10 06:32:52
2
cherry oo :
ကြိုက်လိုက်တာစာသားလေးကို
လေးစားပါတယ်
2026-07-07 05:25:34
2
Ko Win Bo :
လေးစားပါတယ်
2026-07-09 06:10:28
1
kyawmyohtun :
ကောင်းပ့ကွယ်🥰🥰
2026-07-09 02:55:11
1
Daw Win Win Mar :
ကျေးဇူးကြီးလှပါတယ်ဘုရား🙏🙏🙏သက်ရှည်ကျန်းမာပါစေဘုရား🙏🙏🙏
2026-07-07 08:54:04
1
To see more videos from user @ashinvijiya2, please go to the Tikwm
homepage.