@chut.bch922: Chuyện Nhà 🏡 Tý #xuhuong2026🍀🍃🍂🌺🌹🌸 #chuột1972 #tý1984 #tý1996 #TikTokBeautyFestVN

Chuột Bạch
Chuột Bạch
Open In TikTok:
Region: VN
Tuesday 07 July 2026 06:45:17 GMT
2059
93
13
69

Music

Download

Comments

chut.bch922
Chuột Bạch :
2026-07-07 07:52:33
0
thao_nguyen.75
Thảo Nguyễn :
Kkkk
2026-07-08 23:50:48
1
menach5con_91
🥰 mẹ 5 con 🥰 1991🥰 :
🤣🤣🤣🤣
2026-07-10 15:07:36
1
kimhuong19761
Kim Thi Hương :
@😂😂😂
2026-07-07 15:41:46
1
kim.anh.chu05
dudu ❤️‍🩹 :
🤣🤣🤣🤣
2026-07-10 08:18:24
0
loanloan5259
Loan 1969 :
😂😂😂😂😂
2026-07-07 08:01:19
1
l.l82855
Lê Lê :
😂😂😂
2026-07-09 06:57:12
1
an.nhin8492
An nhiên :
🌺🌺🌺
2026-07-09 02:36:04
1
tuetam090
Tâm :
🤣🤣
2026-07-11 01:36:20
1
thingoc1976
Ngọc Nguyễn :
😂😂😂😂😂🥰🥰🥰🥰🥰
2026-07-11 08:40:22
1
nguyen_thuy3
Giàu rồi đổi tên :
😂😂😂😂😂😂
2026-07-07 07:29:34
1
user55141667thuy_84
Diễm Thúy_67 :
😂😂😂
2026-07-11 11:21:50
1
To see more videos from user @chut.bch922, please go to the Tikwm homepage.

Other Videos

#creatorsearchinsights #creatorsinsightstogoviral2026  #ချစ်လည်းချစ်တယ်မုန်းလည်းမုန်းတယ်ဇူလိုင် #ကိုးထက်  ၁၁.၀၇.၂၀၂၀ ရက်နေ့ မနက်မှာ ရန်ကုန်က ကျွန်တော့်သူငယ်ချင်းက ကျော်ဟိန်း ဆုံးပြီ(မင်းသားမို့ လူလိုပဲသုံးကြတာပါ။ တကယ်က အဲဒီအချိန် ဘုန်းကြီးမို့ ပျံလွန်တော်မူတယ်) လို့ လှမ်းပြောရင်း၊ ဒွေးနဲ့ တစ်ရက်တည်းအတူတူ ဆုံးတာတဲ့။  ပထမတော့ ကျော်ဟိန်း ဆုံးတာက အံ့အားသင့်ရပေမယ့် သူ့တူ ဒွေးနဲ့ ရက်အတူတူ၊ နှစ်တွေခြားပြီး ဆုံးတယ်ဆိုတာက ကျတော့ ကျွန်တော့်ရင်ထဲ အံ့အားသင့်ရုံမက ထူးထူးဆန်းဆန်းဖြစ်ခဲ့ရတော့တယ်။ မဖြစ်ဘဲ နေမလား။ ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် နှစ်ဦး၊ (သူတို့က မင်းသား ဆိုတာထက်ပိုတယ်။ သရုပ်ဆောင်အစစ်တွေ)၊ ပြီးတော့ မြန်မာပြည်ရဲ့ မီဂါစတားနှစ်ဦး၊ ပြီးတော့ ဦးလေးနဲ့တူ။ ဒါမျိုးက တစ်သက်မှာ တစ်ခါ ကြုံဖို့ မလွယ်တာမျိုး။ ဒါနဲ့ သူငယ်ချင်းကို တကယ်လားကွာလို့ မေးတော့ ဟုတ်တယ် မန္တလေး FM က ကြေညာနေတာတဲ့။ စာရေးတဲ့ ကျွန်တော့်ကို သိအောင် သူက လှမ်းပြောပြတာပါ။ ဒီလိုနဲ့ ကျွန်တော် သူတို့ တူအရီးနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ပုဒ် ချရေးဖြစ်ခဲ့ပါတယ်။ အခု ဖော်ပြတဲ့ ပို့စ်ဟာ ၁၁.၀၇.၂၀၂၀ မှာ ရေးခဲ့တဲ့ပို့စ်ပါ။ ဒွေးက ၁၁.၀၇.၂၀၀၇ မှာ ဆုံးတာကြောင့် ဒီနေ့ဟာ ဒွေးဆုံးတာ ၁၉ နှစ်ပြည့်ပါပြီ။ ကျော်ဟိန်းက ၁၁.၀၇.၂၀၂၀ မှာ ဆုံးတာမို့ ဒီနေ့မှာ ၆ နှစ်ပြည့်ပါပြီ။ သူတို့ နှစ်ဦးစလုံး တိုက်တိုက်ဆိုင်ဆိုင် သီချင်းတစ်ပုဒ်ကို တူညီစွာ ဆိုခဲ့ကြပါသေးတယ်။
#creatorsearchinsights #creatorsinsightstogoviral2026 #ချစ်လည်းချစ်တယ်မုန်းလည်းမုန်းတယ်ဇူလိုင် #ကိုးထက် ၁၁.၀၇.၂၀၂၀ ရက်နေ့ မနက်မှာ ရန်ကုန်က ကျွန်တော့်သူငယ်ချင်းက ကျော်ဟိန်း ဆုံးပြီ(မင်းသားမို့ လူလိုပဲသုံးကြတာပါ။ တကယ်က အဲဒီအချိန် ဘုန်းကြီးမို့ ပျံလွန်တော်မူတယ်) လို့ လှမ်းပြောရင်း၊ ဒွေးနဲ့ တစ်ရက်တည်းအတူတူ ဆုံးတာတဲ့။ ပထမတော့ ကျော်ဟိန်း ဆုံးတာက အံ့အားသင့်ရပေမယ့် သူ့တူ ဒွေးနဲ့ ရက်အတူတူ၊ နှစ်တွေခြားပြီး ဆုံးတယ်ဆိုတာက ကျတော့ ကျွန်တော့်ရင်ထဲ အံ့အားသင့်ရုံမက ထူးထူးဆန်းဆန်းဖြစ်ခဲ့ရတော့တယ်။ မဖြစ်ဘဲ နေမလား။ ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် နှစ်ဦး၊ (သူတို့က မင်းသား ဆိုတာထက်ပိုတယ်။ သရုပ်ဆောင်အစစ်တွေ)၊ ပြီးတော့ မြန်မာပြည်ရဲ့ မီဂါစတားနှစ်ဦး၊ ပြီးတော့ ဦးလေးနဲ့တူ။ ဒါမျိုးက တစ်သက်မှာ တစ်ခါ ကြုံဖို့ မလွယ်တာမျိုး။ ဒါနဲ့ သူငယ်ချင်းကို တကယ်လားကွာလို့ မေးတော့ ဟုတ်တယ် မန္တလေး FM က ကြေညာနေတာတဲ့။ စာရေးတဲ့ ကျွန်တော့်ကို သိအောင် သူက လှမ်းပြောပြတာပါ။ ဒီလိုနဲ့ ကျွန်တော် သူတို့ တူအရီးနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ပုဒ် ချရေးဖြစ်ခဲ့ပါတယ်။ အခု ဖော်ပြတဲ့ ပို့စ်ဟာ ၁၁.၀၇.၂၀၂၀ မှာ ရေးခဲ့တဲ့ပို့စ်ပါ။ ဒွေးက ၁၁.၀၇.၂၀၀၇ မှာ ဆုံးတာကြောင့် ဒီနေ့ဟာ ဒွေးဆုံးတာ ၁၉ နှစ်ပြည့်ပါပြီ။ ကျော်ဟိန်းက ၁၁.၀၇.၂၀၂၀ မှာ ဆုံးတာမို့ ဒီနေ့မှာ ၆ နှစ်ပြည့်ပါပြီ။ သူတို့ နှစ်ဦးစလုံး တိုက်တိုက်ဆိုင်ဆိုင် သီချင်းတစ်ပုဒ်ကို တူညီစွာ ဆိုခဲ့ကြပါသေးတယ်။ " ဘယ်တော့မှ မမေ့ဘူး " တဲ့။ ကျွန်တော်တို့ ပရိသတ်တွေကရော သူတို့ကို မေ့နိုင်သေးလို့လားဗျာ။ ။ လေးစားစွာဖြင့် ဆူးသစ် ၀၈: ၁၄ နာရီ ( စင်ကာပူစံတော်ချိန် ) ၁၁.၀၇.၂၀၂၆ ************ " ချစ်လည်း ချစ်တယ်၊ မုန်းလည်း မုန်းတယ် ဇူလိုင် " စမ်းချောင်းမှာမွေး၊ စမ်းချောင်းမှာကြီးတဲ့ ကျွန်တော့်အတွက် အနုပညာသမားတွေကို မွေးထုတ်ပေးရာ စမ်းချောင်းမြို့နယ်ဆိုတာ မေ့မရနိုင်ဆုံးပါပဲ။ အဲဒီလို အနုပညာသမားတွေကြား၊ မှတ်မှတ်ရရ အရှိဆုံးက ကျော်ဟိန်း။ ကျောင်းကုန်းလမ်းမှာ နေတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုတော့ သူ့ပုံရိပ်တွေကို သေချာ မမြင်ဖူးပေမယ့် သူနဲ့ပတ်သက်လို့ သိထား၊ အမှတ်ရစရာတွေ အများကြီး ရှိခဲ့တယ်။ လင်းလွန်းလမ်းလို့ ခေါ်တဲ့ လမ်းအရှည်ကြီးမှာ ဘုရားလေးပွဲဆိုတာ ရှိတယ်။ အဲဒီမှာ ကျော်ဟိန်းတို့က ဦးဆောင်ပြီး လမ်းပေါ်မှာ ပိတ်ကားထောင်လို့ ညဘက်မိုးအလင်း ရုပ်ရှင်တွေပြလို့ ကျွန်တော်တို့ ကလေးဘ၀က ဖျာလေးတွေခင်းပြီး ကြည့်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ပြတဲ့ ကွက်လပ်ကလေးဖြည့်ပေးပါ ဆိုတဲ့ ဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင် ထင်လင်းအဖြစ် ပါခဲ့သူ ကလေးက နောင်တစ်ချိန် ဒွေးဖြစ်လာမယ့် သူ့တူဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး။ ကျော်ဟိန်းကို ကျွန်တော့်အဖေနဲ့ ပတ်သက်ပြီး သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။ အဖေက အဲဒီတုန်းက ကျောင်းကုန်းလမ်းက လူကြီးတွေနဲ့ သိနေတော့ ကျော်ဟိန်းအဖေနဲ့ ရင်းနှီးပြီး ကျော်ဟိန်းအဖေ ဘုရားလှူခဲ့တုန်းက ကျွန်တော့်အဖေရခဲ့ဖူးတယ်။ အခုထိ အဲဒီဘုရား အိမ်မှာ ရှိပါတယ်။ အဖေက စာပေဟောပြောပွဲတွေ ဟောတော့ ကျော်ဟိန်းအကြောင်းလည်း ထည့်ဟောလေ့ရှိတယ်။ ကျော်ဟိန်းက အရင်က စိန်ဂေါ်လီလို့ ခေါ်တဲ့ လမ်းသရဲဂိုဏ်းပုံစံမျိုးက။ သူတို့ခေတ်အရ ဆံပင်ရှည်ရှည်၊ ဘောင်းဘီဖင်ကျပ်နဲ့ပေါ့။ လမ်းပေါ်မှာ ကောင်မလေးတွေ့ရင် ဟေ့...ဟေ့ ဆို လှမ်းခေါ်ပြီး စနောက်တတ်ကြတာပေါ့။ အဲဒီလိုတွေ နေခဲ့ဖူးတယ်တဲ့။ အဖေရယ်၊ ကျော်ဟိန်းတို့ လမ်းထဲက လူကြီးတွေရယ်၊ ကျော်ဟိန်းရယ် တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေရှိတော့ ကျော်ဟိန်း မင်းသားဖြစ်တာ မပြောနဲ့လို့ တွေးမိတယ်။ ဓာတ်ပုံနှစ်ပုံမှာ တစ်ပုံက ပုံမှန်ဆို၊ နောက်တစ်ပုံမှာ လက်အနေအထား၊ ခြေအနေအထား ပြောင်းပြီးသွားပြီ။ ဒါဟာ ကျော်ဟိန်းဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အဖေနဲ့ ကျော်ဟိန်းတို့ လမ်းထဲက လူကြီးတချို့ကတော့ ဓာတ်ပုံသာ ပြောင်းသွားတယ်။ ပုံတွေအားလုံး တစ်ပုံစံတည်း ထိုင်ရိုက်ထားသလိုပဲ။ အပြင်လူနဲ့ သရုပ်ဆောင် ဘာကွာလဲဆို အဲဒါကွာတာပါပဲ။ ကျော်ဟိန်း ခေတ်အရမ်းထနေတဲ့အချိန်၊ စင်ပေါ်က သီချင်းများဆိုပြီး စီးရီးထွက်လာတယ်။ မြန်မာပြည်မှာ Break Dance ဆိုတဲ့ အက ကလည်း ခေတ်စားနေချိန်။ ကျော်ဟိန်းသီချင်းတွေဟာ မတရားကို ပေါက်သွားခဲ့တယ်။ ကျွန်တော့်အထင် ရုပ်ရှင်မင်းသားလုပ်ပြီး သီချင်းခွေပေါက်တာ ကျော်ဟိန်းကို ဘယ်သူမျှ မမီလောက်ဘူး။ သူ့သီချင်းတွေနဲ့ လမ်းထဲကလူတွေ ဘရိတ်ခ်ဒန့်စ် လိုက်ကကြတယ်။ "အဓိက...ငတ်မွတ်မှု... အချစ်မေတ္တာ.. ပြဿနာလား..." "မှောင်သောညတွေ...ပြီးရင်တွေ့မယ် .... ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး" စတဲ့ မောင်သစ်မင်းရေးတဲ့ သီချင်းတွေနဲ့ ကျော်ဟိန်းဟာ အဆိုတော်လည်း တကယ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဝေါလ်ရှိမှာ ပြောက်ကျားစစ်ဝတ်စုံနဲ့၊ ဆင်စွယ်နားကပ်တစ်ဖက်နဲ့၊ စစ်ဦးထုပ် အပြားနဲ့၊ ကျော်ဟိန်းဆိုပြီး ပေါင်းလိုက်တဲ့အခါ မြန်မာပြည်ဂီတလောက အုန်းအုန်းထသွားခဲ့တယ်။ (အဆက်ကို #ချစ်လည်းချစ်တယ်မုန်းလည်းမုန်းတယ်ဇူလိုင်၂ ဆိုပြီး ဆက်ရှာကြည့်ပါခင်ဗျာ။ စာမဆံ့တော့လို့ ခွဲတင်ပါရစေ။)

About