@oxygen72292: အမှန်တရားဆိုသည်မှာ တရားသူကြီးကိုလည်း မရှာနဲ့၊ ရှေ့နေကိုလည်း မရှာနဲ့။ ဘာလို့လဲဆိုတော့ ဒီလောကကြီးမှာ အမှန်တရားတစ်ခုတည်းနဲ့ အနိုင်ရနိုင်တဲ့ခေတ်က ရှားသွားခဲ့ပြီ။ မင်းမှာ ငွေမရှိရင်၊ အမှန်တရားကတောင် အသံတိတ်သွားရတယ်။ မင်းဘက်က မှန်နေပေမဲ့၊ မင်းလက်ထဲမှာ အင်အားမရှိရင် လူတွေက မင်းကို အမှားလို့ပဲ သတ်မှတ်ကြလိမ့်မယ်။ လောကကြီးက မင်းရဲ့ မှန်ကန်မှုကို မကြည့်ဘူး။ မင်းရဲ့ အောင်မြင်မှုကိုပဲ ကြည့်တယ်။ မင်းကျရှုံးနေတဲ့အချိန်မှာ မင်းပြောတဲ့စကားတိုင်းက အကြောင်းပြချက်ဖြစ်နေမယ်။ ဒါပေမဲ့ မင်းအောင်မြင်သွားတဲ့တစ်နေ့မှာတော့ မင်းရဲ့အမှားတွေတောင် အတွေးအခေါ်ဖြစ်သွားလိမ့်မယ်။ တစ်ချိန်က မင်းကို လက်ညှိုးထိုးခဲ့တဲ့သူတွေကပဲ နောက်တစ်ချိန်မှာ မင်းကို လက်ခုပ်တီးကြလိမ့်မယ်။ တစ်ချိန်က မင်းကို မှားတယ်လို့ ဆုံးဖြတ်ခဲ့တဲ့သူတွေကပဲ မင်းရဲ့လုပ်ရပ်တွေကို အမှန်တရားအဖြစ် ပြန်လည်ရှင်းပြကြလိမ့်မယ်။ ဒါကြောင့် လောကကြီးရဲ့ တရားမျှတမှုကို မျှော်လင့်မနေပါနဲ့။ မင်းကိုယ်မင်း အင်အားကြီးလာအောင်လုပ်ပါ။ ဒီလောကမှာ "ငွေ"ရှိတဲ့လူကိုပဲ အမှန်တရားအဖြစ် လက်ခံကြတာ ဖြစ်တယ်....။

꧁༒☬ 𝖔𝖝𝖞𝖌𝖊𝖓 ☬༒꧂
꧁༒☬ 𝖔𝖝𝖞𝖌𝖊𝖓 ☬༒꧂
Open In TikTok:
Region: MM
Tuesday 07 July 2026 08:49:20 GMT
1780
99
4
7

Music

Download

Comments

si.thu.phyo.aung78
Si Thu Phyo Aung :
ပြန်ယူသုံးခွင့်ပေးပါနော်
2026-07-09 00:56:33
1
zar.chae
Zar Chae :
🥰🥰🥰
2026-07-09 08:01:29
0
yati.aung27
Yati Aung :
👍👍👍
2026-07-07 13:21:12
0
u.htun.win901
U Htun Win :
🥰🥰🥰
2026-07-09 10:42:15
0
To see more videos from user @oxygen72292, please go to the Tikwm homepage.

Other Videos


About