@u.myo.htet.kyaw: ဟိုး ရှေးရှေးတုန်းကပေါ့ နယ်လေး တစ်နယ်မှာ လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိသတဲ့ တစ်နေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း ရုတ်တရက် မိုးတွေ အုံ့လာပြီးတော့ ရွာချပါလေရော မိုးကလည်း သည်းကြီးမဲကြီးရွာ လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့ လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်တဲ့ အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို လယ်သမား ငါးယောက်စလုံးက သတိထားမိလိုက်ကြတယ် အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့ ခဏတိုင်း အနီးကပ် လျှပ်စီးလက်နေတာပါ ဒီလို ဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ် ဆိုတာ လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြသတဲ့ ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ငိုတဲ့သူကငို ဘုရားစာရွတ်တဲ့လူက ဘုရားစာရွတ်နဲ့ ဆူညံနေကြတော့တာပေါ့ အဲဒီအချိန် သူတို့ငါးယောက်ထဲမှာ အသက်လည်းကြီးပြီး ဝါအရရော အတွေ့အကြုံအရပါ အားလုံးထက်မြင့်တဲ့ လယ်သမား တစ်ယောက်က ဒီအဖြစ်အပျက်ကို သေချာစဉ်းစား ကြည့်လိုက်တယ် ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း ပစ်ပြီးနေလောက်ပြီ လူတွေကို ပစ်ချင်ရင်လည်း ပစ်ပြီးလောက်ပြီ ဘာဖြစ်လို့ အခုထိ မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို လျှပ်စီးလက်နေရတာလဲ ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများ ရွေးပြီး ပစ်ချင်နေတာများလား အကုသိုလ်ကောင် တစ်ကောင်တော့ ငါတို့ထဲမှာ ပါနေပြီ တော်ကြာ အဲဒီကောင်ကို ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါ ရောပြီး သေရလိမ့်မယ် မဖြစ်ဘူး ဒီအတိုင်း နေနေလို့တော့ မဖြစ်တော့ဘူး အကုသိုလ်ကောင်ကို အမြန်ရှင်းထုတ်မှ ရတော့မယ် ဆိုပြီး လယ်သမားကြီးက ကျန်တဲ့လေးယောက်ကို အခုလို ပြောသတဲ့ ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ တစ်ယောက်ယောက်ကိုတော့ မိုးကြိုး ပစ်တော့မယ် ဆိုတာ သေချာနေပြီ ငါတို့ ငါးယောက်စလုံး အတူတူ ရှိနေမယ် ဆိုရင် ငါးယောက်စလုံး သေသွားနိုင်တယ် အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်း ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့ သစ်ပင်ငယ်လေး ရှိကိာ ပြေးသွားရမယ် မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ် မိုးကြိုး အပစ်မခံရဘူး ဆိုရင် ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့ ဘယ့်နှယ်လဲဟေ့ အားလုံး သဘောတူကြရဲ့လား ဆိုတော့ ငါးယောက်စလုံးက သဘောတူတယ် တဲ့ ပထမဆုံး အနေနဲ့ အသက်အကြီးဆုံး လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ် သစ်ပင်ငယ်နား ရောက်ပြီး မိုးကြိုး အပစ်မခံရတော့ ဝမ်းသာသွားတာပေါ့ မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့ သစ်ပင်ကြီး ရှိတဲ့ဆီကို ပြန်ပြေးလာတယ် နောက်တစ်ယောက် အလှည့်အနေနဲ့ ဒုတိယလူက ထွက်ပြေးတယ် ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး အပစ် မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ် ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၄င်း ဘာမှ မဖြစ်ဘူး စတုတ္ထလူလည်း သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့ နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲ မိုးကြိုး အပစ်ခံရမယ့် လူဆိုတာ သေချာပြီပေါ့ အဲဒီတော့ နောက်ဆုံးလူက အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး ငိုယိုပြီး အားလုံးကို တောင်းပန်ရှာသတဲ့ ကျွန်တော် မသွားရဲဘူး ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ် ကယ်ကြပါဦးဆိုပြီး ငိုငိုယိုယိုနဲ့ သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတော့သတဲ့ လျှပ်စီးလက်တာကလည်း သစ်ပင်ကြီးရဲ့အနားနား ဆက်တိုက် ဆက်တိုက် နီးနီးကပ်ကပ်နဲ့ ပိုပိုပြီးတော့ မြန်သထက် မြန်လာတော့ အားလုံးရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်လာကြသတဲ့ ဒါကြောင့် ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့ မရတော့ဘူး အားလုံး သေကုန်လိမ့်မယ် ဒီ အကုသိုလ် ကောင်ကို မြန်မြန်ထုတ်မှ ရတော့မယ် မဟုတ်ရင် အားလုံး သေရလိမ့်မယ် ဒီကောင့်ကို ဆွဲထုတ်ကြရအောင် ဆိုပြီး ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့ လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့ ကြိုးစားလာကြတော့ တစ်ယောက်ထဲအားက ဘယ်ခံနိုင်ပါ့မလဲ နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး သေရင်လည်း သေစေတော့ ကျွန်တော် ထွက်ပြေးပါတော့မယ်ဆိုပြီး ပြေးပါတော့တယ် သူလည်း ထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်း ရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုး ပစ်ချလိုက်ပါတော့တယ် ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံး ထွက်ပြေးနေတဲ့ လူကို ပစ်တာ မဟုတ်ဘဲ သစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့ လူလေးယောက်စလုံးကို ပစ်ချလိုက်တာ ဖြစ်တယ် ဒါကြောင့် လေးယောက်စလုံးဟာ တစ်ပြိုင်တည်း သေကုန်ကြတယ် သေရမယ့်ကံက နောက်ဆုံးလူမှာ မပါဘူးပေါ့လေ စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ သေမယ် ထင်နေကြတာ တကယ်တော့ နောက်ဆုံးလူက သူတို့ကို ကယ်နေတာ ဖြစ်တယ် နောက်ဆုံးလူက သူတို့နဲ့ အတူတကွ ရှိနေလို့သာ သူတို့တွေကို မိုးကြိုး မပစ်ခဲ့တာ နောက်ဆုံးလူကသာ ကံအထူးဆုံးလူ ဖြစ်နေခဲ့တာ သူ့ကံ အရှိန်နဲ့ ကျန်တဲ့ လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာပါ ပုံပြင်လေးကတော့ ဒါပါပဲ တစ်ခါတစ်လေကျရင် ငါရှိနေလို့သာ သူတို့တွေ အဆင်ပြေနေတာ ဆိုတာထက် သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာ ဆိုတာကိုလည်း မမေ့စေချင်ပါဘူ #crd Share
U Myo Htet Kyaw ( Myo Gyi )
Region: MM
Tuesday 07 July 2026 09:47:38 GMT
Music
Download
Comments
moe mama :
အဲဒီအမှန်တရားကိုလူတိုင်းမသိတာများတယ်သူရှိနေလို့အဆင်ပြေနေတာပါလားလို့မတွေးဘဲငါရှိနေလို့အဆင်ပြေတယ်လို့ဘဲထင်နေကြတာများတယ်
2026-07-07 15:52:15
35
Thida :
မှတ်သားစရာပုံပြင်လေးတစ်ပုဒ်ပါ 🙏🙏🙏❤️❤️
2026-07-07 13:49:09
16
Khin Nwe Yee :
ဒီအဂ်လိပ်ပုံပြင်လေးကိုမဖတ်ဖြစ်တာအတော်ကြာခဲ့ပြီခုလိုပြန်ဖတ်ရလို့ကျေးဇူးတင်ပါတယ်ရှင့်🥰🥰🥰🥰🥰
2026-07-10 05:40:21
8
Mary Kai Ja :
ပုံပြင်ကောင်းတင်ပေးလို့ကျေးဇူးနောက်လည်းတင်ပေးပါ
2026-07-10 06:23:02
5
Shwe Yu :
🙏🙏🙏🙏သိပ်ကောင်းတဲ့စာသားလေးပါ
2026-07-07 12:22:48
1
Aye Min Tun :
copyပေးပါလားပြန်တင်ချင်လို့ပါ❤
2026-07-10 04:24:04
3
ဒီမို :
ကောင်းလိုက်တဲ့စာသားလေး
ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်❤
2026-07-09 10:02:26
5
မိုးကောင်ကင် :
Thanks you so much. 🥰🥰🥰
2026-07-08 14:46:54
1
🥰အဖေချစ်တဲ့သမီးလေးပ့ရှင့်🥰 :
[စတစ်ကာ] 🥰
2026-07-11 11:43:42
1
အနေဝေးတော့လွမ်းရတာပေါ့ :
အရမ်းကောင်းတယ်
2026-07-11 07:13:36
1
Daw Mu Mu San :
ကျေးဇူးပါအသိပညာရပါတယ်🙏🙏🙏
2026-07-08 15:17:17
2
Aung Ko Min :
👍👍👍👍👍
2026-07-09 16:01:15
1
Shwe Yi :
အရမ်းကောင်းပါတယ်ရှင့်ကျေးဇူးပါရှင့်🥰🥰🥰
2026-07-10 23:56:31
1
Yiyi Than :
စာသားကချထားပေးရင်ပိုကောင်းမှာပဲရယ်😘🥰🥰🥰
2026-07-10 10:25:17
1
Dar Dar🌹2.8M🤘 :
ကျေးဇူးတင်ပါတယ်
2026-07-10 05:42:34
1
သားတို့မေမေ🍇 :
ကျေးဇူးပါဆရာ
2026-07-09 14:56:10
1
Yaung Ni :
အရမ်းကောင်းတဲ့စာသားလေးပညာရပါတယ် အသိတရားတစ်ခုရလို့ကျေးဇူးပါ🥰🥰
2026-07-09 13:34:21
1
ayeayemu8300 :
သိပ်ကောင်းတဲ့စာသားလေးပါ၊
မျှဝေပေးလို့ကျေးဇူးပါ။
2026-07-10 01:33:32
1
khin :
မှတ်သားစရာပါပဲ.ကျေးဇူးပါ.နောက်လဲတင်ပေးပါနော်
2026-07-07 13:42:34
1
MythatSaw :
မှတ်သားထားပါ့မယ်
ကျေးဇူးအများကြီးတင်ပါတယ်နော်
2026-07-07 11:49:29
1
Khin Myo Hlaing :
ဇာတ်ကားရှိတယ်လေကျော်ဇောဟိန်းကား
ကံတူအကျိုးပေးတဲ့🥰🥰🥰🥰🥰
2026-07-10 15:17:09
1
Ar Sar Mee :
မိဘတွေရှိလို့အဆင်ပြေတာပါဆရာ
2026-07-09 16:28:52
1
May Thu :
လူတိုင်းကငါဆိုတဲ့အတ္တနဲ့ငါရှိနေလို့အဆင်ပြေနေတယ်အထင်နဲ့မာနတွေထားနေကြတာသူတို့ရှိလို့ငါအဆင်ပြေနေတာကိုမေ့နေကြတယ်
2026-07-09 01:53:03
2
Pann :
တန်ဖိုးရှိတဲ့စကား🙏🙏🙏🙏🙏
2026-07-08 03:05:21
2
To see more videos from user @u.myo.htet.kyaw, please go to the Tikwm
homepage.