@gener.al8: ဖားကန့်တွင် KIA တပ်ဖွဲ့ဝင် ၁ ဦးက ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ၊ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ဇူလိုင် ၇ မဇ္ဈိမ ။ ။ ကချင်ပြည်နယ်၊ ဖားကန့်-အင်းတော်ကြီးလမ်းရှိ ဝေလုံကျေးရွာတွင် အရက်မူးနေသည့် KIA တပ်ဖွဲ့ဝင်တဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး၊ အခြားဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၆ ရက်) ည ၁၂ နာရီ ဝန်းကျင်တွင် ဒေသခံများနှင့် စကားများခဲ့သည့် အရက်မူးနေသူ KIA တပ်ဖွဲ့ဝင်နှစ်ဦးအနက် တဦးသည် သေနတ်ဖြင့် ၁၃ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ သားအမိဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ချိုချိုဦးမှာ ယမန်နေ့ည ဖြစ်စဉ်အတွင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ သားဖြစ်သူ ကိုအိုက်နှောင်း (အသက် ၅၅ နှစ်) မှာ သေနတ်ဒဏ်ရာဖြင့် ယနေ့(ဇူလိုင်လ ၇ ရက် ) နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများသည် သေနတ်ဒဏ်ရာ နှစ်ချက်စီ ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။ “အရက်မူးနေတဲ့ KIA တပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်နဲ့တက်လာတဲ့ ကလေးတယောက်ကို တားပြီး မင်း ရာမ (မူးယစ်ဆေး) ရှူတာလားဆိုပြီး ရိုက်တယ်။ ရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ ငါးမိနစ်ကြာတော့ ဆိုင်ရှင်ကို ကလေးကို ပြန်သွားခေါ်ခိုင်းပြီး ဆိုင်ထဲမှာ ထပ်ရိုက်ကြတယ်။ အဲဒါကို ရပ်မိရပ်ဖနဲ့ ဥက္ကဋ္ဌ (သေဆုံးသူ ကိုအိုက်နှောင်း) က ဝင်တားတယ်။ ပြန်သွားဖို့ တောင်းဆိုတာကို သေနတ်နဲ့ ပစ်လိုက်တာ” ဟု ၎င်းက ပြောသည်။ ထိုဖြစ်စဉ်အတွင်း ဝင်ရောက်ဖြန်ဖြေသည့် အသက် ၇၁ နှစ်အရွယ် ရပ်မိရပ်ဖဖြစ်သူ ဦးညွှန့်မောင်ကို KIA တပ်ဖွဲ့ဝင်က လက်သီးဖြင့် ထိုးနှက်ခဲ့သဖြင့် သေဆုံးသူနှစ်ဦး အပါအဝင် အနီးရှိ ဒေသခံများက ဝင်ရောက်တားဆီးခဲ့ကြောင်း သိရသည်။ သို့သော် KIA တပ်ဖွဲ့ဝင်က အနီးဝန်းကျင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးညွှန့်မောင်၏ ကျောတွင် သေနတ်ဒဏ်ရာနှစ်ချက်၊ အခြားအမျိုးသမီးတဦးတွင် လက်မောင်း သေနတ်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း ဒေသခံက ဆိုသည်။ “ဒဏ်ရာရပြီး လဲနေတာတွေ့တယ်။ ဒါပေမဲ့ သေနတ်နဲ့ ပစ်နေတော့ ထွက်ပြေးကြတာ။ အလောင်းလည်း သွားဆွဲလို့မရဘူး။ သေနတ်နဲ့ စောင့်နေတော့ ပုန်းနေကြရတာ။ မိနစ် ၂၀ လောက်ကြာတော့ သူ့ဟာသူ အဆုံးစီရင်သွားတယ်” ဟု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူက ဆိုသည်။ လက်ရှိတွင် ဖြစ်စဉ်အပေါ် KIA တာဝန်ရှိသူများက သတင်းမပြန့်စေရန် ပိတ်ပင်တားဆီးမှုများ ရှိနေပြီး၊ ကာယကံရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် KIA တာဝန်ရှိ လူကြီးများထံသို့ အဖြစ်အပျက်ကို အကြောင်းကြားထားသည်ဟု ကြားသိရကြောင်း ဒေသခံက ဆိုသည်။ ရုပ်သံ- ဖားကန့်တွင် KIA တပ်ဖွဲ့ဝင် ၁ ဦးက ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးမြင်ကွင်း၊ ကချင်ပြည်နယ်၊ ဖားကန့်-အင်းတော်ကြီးလမ်းရှိ ဝေလုံကျေးရွာတွင် အရက်မူးနေသည့် KIA တပ်ဖွဲ့ဝင်တဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး၊ အခြားဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ဇူလိုင်လ ၆ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် ဒေသခံများနှင့် စကားများခဲ့သည့် အရက်မူးနေသူ KIA တပ်ဖွဲ့ဝင်နှစ်ဦးအနက် တဦးသည် သေနတ်ဖြင့် ၁၃ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စာတည်း။ ။ အောင်ကျော်ဖြိုး crd#

Zar Ni Maung 💚💚🇲🇲💚💚
Zar Ni Maung 💚💚🇲🇲💚💚
Open In TikTok:
Region: MY
Tuesday 07 July 2026 12:21:35 GMT
6455
178
5
20

Music

Download

Comments

adin.oo4
U ZAW THAN"🥰💕 :
2026-07-07 15:07:10
0
adin.oo4
U ZAW THAN"🥰💕 :
2026-07-07 15:07:06
0
naingminkhant433
naingminkhant433 :
ရှော
2026-07-07 16:27:08
0
To see more videos from user @gener.al8, please go to the Tikwm homepage.

Other Videos


About