@u.ye.tun.naing1: #trendingsong#မောဟ# “မောဟ” မောဟဆိုတာ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတာ။ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတာ။ ဒါ မောဟ။ မောဟဆိုတာ မသိတာ သက်သက်မဟုတ်ဘူး။ သိတော့ သိတယ်။ သူ့အသိက တလွဲသိနေတဲ့ အသိမျိုး။ အဲဒါကိုပဲ တွေဝေတယ်လို့ ပြောတာ။ အမှန်မသိဘူးဆိုတာ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ မလုပ်သင့်တာကျတော့ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလို တလွဲထင်နေတာဟာ မောဟပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ဉာဏ်ပညာကျတော့ ဓမ္မာနံ ယထာဘူတ သဘာဝ ပဋိဝေဓ လက္ခဏာ သဘာဝတရားတွေရဲ့ အရှိ၊ အမှန်အတိုင်း သိတာက ပညာလို့ပြောတယ်။ အဲဒီတော့ အရှိအမှန်အတိုင်း မသိဘဲနဲ့ တလွဲသိနေလို့ရှိရင် ဒါ မောဟပဲ။ သဘာဝတရားက ရှိနေတာ တစ်ခု။ သူက သိနေတာ တစ်ခု။ ဒီလို လွဲမှားနေတဲ့ အသိမျိုးတွေကို မောဟလို့ ခေါ်တယ်။ မောဟသမားက သူက ဘာလုပ်လိုက် လုပ်လိုက် တလွဲဖြစ်ဖြစ်သွားတတ်တယ်။ မောဟရှိနေတယ်ဆိုရင် ကိုယ်က ဒါ ထင်လို့ လုပ်လိုက်တယ်။ ဖြစ်လာတာက တခြားဖြစ်လာတယ်ပေါ့။ ဒီတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မှန်မှန်ကန်ကန်မသိဘူး။ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိတယ်။ လုပ်သင့်တာကို မလုပ်မိဘူးဆိုတဲ့ မှားမှားယွင်းယွင်းဖြစ်စေတတ်တဲ့ တရားကို မောဟလို့ခေါ်တယ်။ - ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ -

U Ye Tun Naing
U Ye Tun Naing
Open In TikTok:
Region: TH
Tuesday 07 July 2026 13:31:08 GMT
114
32
1
1

Music

Download

Comments

warwartun113
war war tun :
🥰🥰🥰
2026-07-07 13:42:26
0
To see more videos from user @u.ye.tun.naing1, please go to the Tikwm homepage.

Other Videos


About