@icstthbilhaihhlms: Grade 12 Chapter 2 – Chemical Energetics kJ mol⁻¹ ကို ဘယ်လိုနားလည်ထားသင့်လဲ? Chapter 2 စသင်တဲ့အချိန်မှာ ကလေးတွေ ရှုပ်တတ်တဲ့အပိုင်းတစ်ခုက kJ mol⁻¹ ဖြစ်ပါတယ်။ တကယ်တော့ kJ mol⁻¹ ဆိုတာ Unit တစ်ခုတည်း ဖြစ်ပေမယ့် ဘာကို ရည်ညွှန်းထားတာလဲ ဆိုတာ သိထားမှ တွက်ချက်တဲ့အခါ မမှားမှာပါ။ ပထမဆုံး သိထားရမယ့်စကားလုံး Molar quantity ဆိုတာ reaction ထဲမှာပါတဲ့ reactants နဲ့ products တွေကို balanced equation ထဲက coefficient ratio အတိုင်း mole နဲ့ စဉ်းစားတာ ဖြစ်ပါတယ်။ ဥပမာ… 2H₂ + O₂ --> 2H₂O ဒီ reaction မှာ * H₂ = 2 mol * O₂ = 1 mol * H₂O = 2 mol ဒီ ratio ကို Stoichiometric ratio လို့ ခေါ်ပါတယ်။ 📌 ပြီးတော့ kJ mol⁻¹ မှာ အဓိပ္ပာယ် ၂ မျိုးရှိတယ်။ (1) Per mole of substance ဒါက Substance တစ်မျိုးကိုပဲ ရည်ညွှန်းတာပါ။ ဥပမာ… Heat of combustion of hydrogen ဆိုရင် Hydrogen 1 mol လောင်ကျွမ်းတဲ့အခါ ထွက်တဲ့အပူ ကို ပြောတာပါ။ (2) Per mole of reaction ဒါကတော့ Reaction equation တစ်ခုလုံး ကို ရည်ညွှန်းတာပါ။ ဥပမာ… N₂ + 3H₂ --> 2NH₃ ΔH = –93 kJ mol⁻¹ ဒီ –93 kJ mol⁻¹ ဟာ H₂ 1 mol အတွက်လည်း မဟုတ်ဘူး။ N₂ 1 mol အတွက်လည်း မဟုတ်ဘူး။ NH₃ 2 mol အတွက်လည်း မဟုတ်ဘူး။ Equation ထဲမှာ ရေးထားတဲ့ reaction တစ်ခုလုံး ဖြစ်တဲ့အခါ ထွက်တဲ့အပူ ကို ဆိုလိုတာပါ။ ဒါကို Per mole of reaction လို့ ခေါ်ပါတယ်။ Grade 12 မှာ ဘာကိုပိုသုံးလဲ? သင်ရိုးသစ်မှာတော့ Molar enthalpy of reaction (ΔHᵣ) ကို အသုံးများပါတယ်။ ဒါကြောင့် Equation ကို ၂ ဆ၊ ၃ ဆ ပြောင်းရေးရင်လည်း ΔH ကို coefficient အတိုင်း ပြောင်းပေးရုံပါပဲ။ kJ mol⁻¹ ဆိုတဲ့ unit ကို မြင်တိုင်း ဒီ mol က Substance ကို ပြောတာလား? Reaction ကို ပြောတာလား? ဆိုတာကို အရင်စဉ်းစားတဲ့ အကျင့်လုပ်ထားပါ။ 🎯 အလွယ်ဆုံးမှတ်နည်း 📌 Heat of formation / combustion / neutralisation ➡️ Per mole of substance 📌 Enthalpy change of reaction (ΔHᵣ) ➡️ Per mole of reaction Chemistry မှာ Formula ကျက်ထားရုံထက် Unit တစ်ခုရဲ့ အဓိပ္ပာယ်ကို နားလည်ထားတာက ပိုအရေးကြီးပါတယ်။ Unit ကို နားလည်သွားရင် Hess’s Law၊ Enthalpy Cycle နဲ့ တွက်ချက်တဲ့ပုစ္ဆာတွေမှာ ဘာကြောင့် ဒီလိုရေးရတာလဲဆိုတာကို ကိုယ်တိုင်ဆက်စပ်တွေးနိုင်သွားပါလိမ့်မယ်။ 📘🔥 Grade 12 Chemistry Chapter 2 #mtkacademia @themtkjournal
mtk
Region: MM
Tuesday 07 July 2026 14:56:07 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @icstthbilhaihhlms, please go to the Tikwm
homepage.