@aung4114imn: သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ် ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။ သူအမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင်က နတ်တွေဟာ ကုသိုလ်ရဲ့ အဖို့ဘာဂကို ရရှိပြီး ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲ့ဒီနဆ်တွေကလည်း သူ့ကိုစောင့်ရှောက်ကြတာပေါ့။ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့ မြတ်စွာလုရား ကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့..... ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော၊ စဥ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ် ကောင်းမှုတစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ် ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေကကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။ ဘုန်းတန်ခိုးတွေတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလားတယ်။ ဒေဝတာနုကမ္ပမိတော ပေါသော သဒါဘဒွါနိ ပဿတိ၊ နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ အကောင်းချည်ပဲ တွေ့တယ်။ တိုးတင်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။ မတာပုတ္တံ ဩရသံ မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ကိုယ့်ကို စောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု လုပ်တိုင်းအမျှဝေရမယ်။ ဘုရားဆွမ်းတော်တင်၊ ဆီးမီး၊ ပန်း၊ ရေချမ်းလှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်းပေးဝေရမယ်။ အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း အမျှအတန်းပေးဝေကြတယ်။ အဲ့ဒီအမျှအတန်းပေးဝေမှုကြောင့် နတ်တွေကိုလည်း အကျိုးပြုရာရောက်တယ်ပေါ့။ ပါမောက္ခချုပ်ဆရာတော်ကြီး။ ဒေါက်တာနန္ဒမာလာဘိဝံသ ကြိုက်နှစ်သက်က လွတ်လပ်စွာ တစ်ဆင့်ပြန်၍ ကူးယူပြီး ဖော်ပြ၍ မျှဝေနိုင်ပါသည်။ မှားတာများရှိခဲ့ရင် အားလုံးကို တောင်းပန်ပါတယ် 🙏🙏🙏 အမှားမြင်က အမှန်ပြုပြင်ပေးနိုင်ကြပါစေ။ မြန်မာပြည်ကြီး ဘေးအန္တရာယ်ပေါင်းမှ ကင်းဝေး၍ မြန်မာကြီး အမြန်ဆုံး ငြိမ်းအေးသာယာရှိပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ် ကျေးဇူးပါ 🙏🙏🙏

aung4114imn
aung4114imn
Open In TikTok:
Region: MM
Tuesday 07 July 2026 15:55:51 GMT
3212
341
14
38

Music

Download

Comments

myomyatkomomacc742
Myo Myat Ko Mom Acc 🤫 :
2026-07-30 09:39:46
1
phyo08315
Phyo :
🙏🏻🙏🏻🙏🏻 သာဓု သာဓု သာဓု ပါဘုရား
2026-07-11 07:52:48
1
sayar.thein004
အောင်ကျော်ဟိန်း :
မှန်ပါသည်ဘုရား သာဓုသာဓုသာဓုပါဘုရား
2026-07-25 17:53:52
1
okekan60
okekan :
ရှိခိုးဦးတင်ပါတယ်ဘုရား🙏🙏🙏
2026-07-08 15:04:14
1
user6072704451340
ကိုဥက္ကံ :
သာဓု သာဓု သာဓုပါ ဘုရား🙏🙏🙏
2026-07-08 02:34:54
1
sie2686badar0
Ko ET :
🙏🙏🙏
2026-07-08 14:50:33
1
sdaw3875zf7
user08413992491 :
🙏🙏🙏
2026-07-08 02:42:52
1
dardar162
Dar Dar :
🙏🙏🙏
2026-07-08 15:15:27
1
yair.soe.min
Yair Soe Min :
🙏🙏🙏
2026-07-08 10:34:34
1
yepaing433
LOVE. body👊💪 :
🙏🙏🙏
2026-07-08 13:47:05
1
ko.la.myo.htay
Ko La Myo Htay :
💓💓💓
2026-07-22 06:58:16
1
chawsu8370
chawsu :
🙏🙏🙏
2026-07-18 04:33:08
1
To see more videos from user @aung4114imn, please go to the Tikwm homepage.

Other Videos


About