@dhamma969tayarthaw: သူတော်ကောင်း နတ်ကောင်းစောင့်ပါတယ် အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်က ဆွမ်းခံပြန်လာခဲ့တယ် ။ ကျောင်းထဲဝင်လိုက်တာနဲ့ ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်နိုင်တော့ဘူး ။ အဲဒါကို .... ဘုရားရှင်က သိတော်မူတယ်။ ဒါ့ကြောင့် ..... ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး အရှင်သာရိပုတြာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ် ။ ဘုရားရှင်ရဲ့ အကြံတော်ကို သိတော့ သိကြားမင်းကလည်း ကိုရင်လေး တိတ်ဆိတ်စွာ တရားကျင့်ဖို့အတွက် ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ် ။ နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး မွန်းမလွဲအောင်တားထားတယ် ။ ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့် တပည့်လေးကို "ဆွမ်းသွားကျွေးလိုက်ဦး ဆာနေပြီဆိုပြီး" လွှတ်လိုက်တယ် ။ ကိုရင်လေးလည်း ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ် ။ ချက်ချင်းကြီး မွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီဇာတ်ကြောင်းကို ဟောတော်မူပြီး သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ မကူညီ၍မရကြောင်း ဟောကြားခဲ့ပါတယ် ။ တကယ်တော့ .... နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ်ဆိုတာ လူ့ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကို စောင့်ရှောက်ဖို့ သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့ ခွဲတမ်းချ တာဝန်ပေးခြင်းအမှူတွေကိုပြူတာပါပဲ ။ တရားကျင့်နေသူ သို့မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုရင် မိမိနိုင်သလောက်ကူညီရတယ် ။ မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် .... သူတို့တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြ ုလို့မရဘူး ။ သူတော်ကောင်းတွေ ဘာလို့လည်းဆိုတာ အမြဲစောင့်ကြည့်နေရတာ ။ ဒီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင်သိနိုင်တယ် ။ ဆရာတော်ကြီးအချို့ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလားလို့တောင် မှတ်တမ်းတွေမှာတွေ့ရပါတယ် ။ ဝေဘူဆရာတော်ဘုရားကြီးဆိုရင် ဒို့များစမ်းကြည့်တာ မှန်တယ်ဗျာတဲ့ ။ သစ်ပင်ရှိရင် ဆွမ်းရှိတာပဲလို့သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန့်ဆိုဖူးတယ်။ Credit - မေတ္တာဖြင့်...

DHAMMA🙏🙏🙏TAYARTHAW
DHAMMA🙏🙏🙏TAYARTHAW
Open In TikTok:
Region: MM
Wednesday 08 July 2026 00:20:33 GMT
1674
290
8
9

Music

Download

Comments

htethnhu7xe
Thingyan Thin :
🙏🙏🙏
2026-07-08 09:17:56
0
nadi62312
💖Nadi🌺 :
🙏🙏🙏
2026-07-08 07:48:46
0
zar.ni.oo633
Źãř ńïŃ Öò🍀🌻💦 :
🙏🙏🙏
2026-07-08 02:19:36
0
chityethulay4
ᎮᏂᎩᎧ ᏦᎧ ᏂᏖᏋᏖ :
🙏🙏🙏
2026-07-08 00:41:40
0
kyaw.zay.han.hair
Kyaw Zay Han (Hair Stylist) :
🙏🙏🙏
2026-07-08 00:25:58
0
mya.mya.aye45
myamyaaye142 :
🙏🙏🙏
2026-07-08 09:38:17
0
To see more videos from user @dhamma969tayarthaw, please go to the Tikwm homepage.

Other Videos


About