@thitsar.bodhi.ash: #မြန်မာ့ဓလေ့မှာ_စကား_၃မျိုးဆိုတာရှိတယ် ၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့ ၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့ ၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ကြားတော့ ကြားဖူး၏ .. သို့သော် .... တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏ #မြစ်ကြီးလည်း_မခမ်းစေနဲ့ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြပြီး တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့ တူတဲ့.. မေတ္တာတရားများ လူသားတွေမှာ မခမ်း ခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊ လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် .. အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ် ... မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါ အားလုံးအပေါမှာ ပွားများနေတဲ့ မေတ္တာ ဆိုတာ လည်း ကြည်လင်အေးမြလှ၏ ၊ မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသား ဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့ မတူတော့ဘဲ ကြည်လင်လာ၏ ... ဘုရားရှင်က ... စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏ စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ၏ ... အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့. မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ် .... ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည် ဓာတ်ကလေးက သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ ပါဘဲ ။ #သစ်ပင်ကြီးလည်း_မလဲစေနဲ့ သစ်ပင်ကြီးဆိုတာ ... ဘုရား တရား သံဃာ လို့ ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။ ပကတိ သစ်ပင်ကြီးသည် ... အကိုင်းအခတ် ဝေဝေဆာဆာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ် အာဝါသ လည်း ကောင်းနေမယ်ဆိုယင် ... အဲ့ဒီ သစ်ပင်ကြီးရဲ့. အရိပ်မှာ သတ္တဝါ ခိုနားနေနိုင် ၏ ၊ ထို သစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့ တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို ခံစားရသလိုပါဘဲ .... ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်း ဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို .. ကိုယ်စိတ် နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။ ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့ အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာ ခြည်းပါဘဲ ။ ဒါကြောင့် ရှေးလူကြီး သူမများက ... မိမိကို အရိပ်အာဝါသ ပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လို့ ပြောဆိုကြခြင်းဖြစ်၏ .... ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာ ကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူး .. ဘာကြောင့်လဲ...?? ရတနာသုံးပါး ရဲ့. ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ ကြီးမားလို့ပါဘဲ ... သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလို ရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက. .တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကို ပေး၏ ... ဒါကြောင့် ... ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုး ကွယ်ဆည်းကပ်ရမည်.. ဟု ဆိုလို၏ ။ #ထုံးအိုးကြီးလည်း_မကွဲပါစေနဲ့ ထုံးအိုးကြီးဆိုတာ .... ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြောတာပါပဲ.. မိဘ ဘိုးဘွား တွေရဲ့. ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ ဘာသာရေး သာသနာရေး အစဉ်အလာ.. ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီး ရဘူး မမေ့ပျောက်ရဘူး အစဉ်လာကို ထိန်းသိမ်း ပြီး ဆတ်လက်ဆေင်ရွက်ရမယ် ... `` ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟု ပြောဆိုခြင်းဖြစ်၏ ။ ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များ ရှေးက ဆုံးမခဲ့တဲ့ `` စကားကြီး ´´ သုံးခွန်း၏ အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ ... နားလည်သည့်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ .... ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာ ကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ ... Credit#ဘဝအတွက်စာဖတ်ပါ Ashin Issara သာသနာ့ဂုဏ်ရည်မဟာစည်ရိပ်သာ 💮💮💮💮💮💮💮

THITSAR BODHI ASHIN
THITSAR BODHI ASHIN
Open In TikTok:
Region: MM
Wednesday 08 July 2026 00:24:52 GMT
224308
11255
265
1795

Music

Download

Comments

myo.swe2818
Myo Swe :
ဿာဓု ဿာဓု ဿာဓု ပါခင်ဗျ
2026-07-09 12:05:47
4
cchhoouu123
*D1 Chou.. :
သာဓုသာဓုသာဓုပါ
2026-07-08 14:00:15
4
daw.than.than.sin722
Daw Than Than Sint :
ကျေးဇူးပါဘုရား
2026-07-09 15:25:13
0
user3619928790661
U Kyaw Lwin :
သာဓုသာဓုသာဓု
2026-07-09 15:15:05
0
pain.z.zin
pain z zin :
ခုလိုတင် ပေးတာကို ဝမ်းသားပါတယ် ဘုရား သာဓု သဓု သာဓု
2026-07-09 14:59:07
0
myo.min.win15
Myo Min Win :
သာဓု သာဓု သာဓုပါနော်
2026-07-09 15:33:54
0
maung.win5784
Maung Win :
သာဓု သာဓု သာဓု
2026-07-09 15:44:20
0
.ko.gyi93
Ko Gyi :
တကယ်ကိုအသိတရားတွေလူတိုင်းလူတိုင်းမြင်လာအောင်နားလယ်အောင်ခုလိုစကား၃မျိုးနဲ့တင်ပြလိုက်သာသိပ် ေကာင်းတယ်ဗျာ
2026-07-09 03:09:39
2
moemyint.swe
Moemyint Swe :
2026-07-09 01:08:29
1
khant.khant3706
Khant Khant🦋🦋 :
လမ်းပြကြယ်ပါလား
2026-07-08 13:47:59
2
minmyatsan761
minmyatsan761 :
🙏🙏🙏🙏🙏
2026-07-08 05:52:16
0
sawsawhla
saw saw hla :
တန်ဖိုးရှိသောဗဟုသုတများသိရသောကြောင့်ကျေးဇူးအထူးတင်ပါတယ်သာဓုသာဓုသာဓုပါ
2026-07-08 13:49:19
1
uhlamyint606
U Hla Myint :
စာကောင်းလေးတင်ပေးလို့။ဖတ်ရှုခွင့်ရတာကျေးဇူးပါ။နောင်ကိုလည်းဖတ်ရှုဘို့မျှော်လင့်ဆဲပါ ကျေးဇူးပါဗျ
2026-07-08 14:03:44
1
y377352
Ma Yin Yin Mon :
သာဓုသာဓုသာဓုပါအရှင်ဘုရား
2026-07-08 14:08:50
1
mgtun3605
MgTun :
အခုလိုသိရလို့ကျေးဇူးတင်ပါတယ်💗💗💗💗💗💗
2026-07-08 13:09:01
1
bo.ohn
Bo Ohn :
သာဓု..သာဓု..သာဓု..ပါဗျား ဒီလိုအနှစ်ရှိတဲ့သတိပေးစါ လေးတွေကိုတင်ပေးတဲ့အတွက် ကျေးဇူးအများကြီးအများကြီး တင်ပါတယ်နော်.. Thank you so much
2026-07-08 08:50:42
1
user427151165
ရတနာ သန်းထိုက် :
ကျေးဇူးအထူးတင်ရှိပါတယ်...!!
2026-07-08 10:49:35
1
nay.phyo327
Nay Phyo :
သာဓုသာဓုသာဓုပါဘုရား
2026-07-09 14:38:22
0
usoe3229
U S :
အလင်းပြပေးတာကျေးဇူးပါ
2026-07-09 14:39:52
0
km847112
K&M :
@ကျေးဇူးတင်လျက်ပါ
2026-07-09 15:40:13
0
kothanlwin33
ko than lwin :
သာဓုပါဗျာ လေးစားလျှက်ပါ 👍👍👍👍👍👍👍👍
2026-07-09 15:03:47
0
mggroup174
မိုးသောက်ဦး⚽ :
ကျေးဇူးပါ
2026-07-09 15:44:24
0
user17882044956956
user17882044956956 :
သိခွင့်ရလို့ ကျွန်တော်မျိုးနဲ့ ထပ်တူပျော်ရွှင်ပါစေဗျာ
2026-07-09 15:48:53
0
To see more videos from user @thitsar.bodhi.ash, please go to the Tikwm homepage.

Other Videos


About