@ashinthumingala13: 💢 ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်း ဘာလို့စားပေးသင့်သလဲ ⁉️ ❤️၁၂ ရာသီပတ်လုံး ဖောဖောသီသီ ရရှိနိုင်ရမယ် ဈေးလည်း သက်သာတယ် စားဖို့ အလုပ်လည်းမရှုပ် ကယိကထလည်း မများ တမိသားစုလုံးနီးပါးနဲ့ မတည့်တာ မရှိတဲ့ အသီးကိုပြပါဆိုရင် ငှက်ပျောသီးပါပဲ ❤️ငှက်ပျောသီးဟာ ဒီတိုင်းစားရင်လည်း ကျန်းမာရေးကောင်းကျိုးပြည့်ဝသလို၊ ငှက်ပျောသီး မီးဖုတ်ပြီး ပျားရည်ဆမ်းစားရင်လည်း ဘယ်လိုဝေဒနာအတွက် ပျောက်ကင်းနိုင်လဲဆိုတာ ဝေမျှပေးမှာဖြစ်ပါတယ်။ ❤️ဖီးကြမ်းငှက်ပျောသီးကို ဘာလို့ မီးဖုတ် စားပေးသင့်တာလဲ ⁉️ ❤️ဖီးကြမ်းငှက်ပျောသီးမှည့်ကို မီးဖုတ်တဲ့အခါ ငှက်ပျောသီး အခွံအတွင်းက အမျှင်များဟာပျော်ဝင်ပြီး ငှက်ပျောသီးအသားနဲ့ ပေါင်းစပ်သွားပါတယ်။ ❤️တကယ်တော့ ငှက်ပျောသီးအခွံမှာပါတဲ့ အမျှင်တွေက လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ်နာများကို ပျောက်ကင်းစေပါတယ်။ ❤️ဒီလို ဆးဖက်ဝင်တဲ့ ငှက်ပျောသီးအခွံရဲ့ အာနိသင်တွေကို သိရှိသူ အလွန်နည်းပါးပါတယ်။ ❤️အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ၊ နှလုံးလေပင့်၍ မောသူ၊ သွေ.တိုးရောဂါ ရှိသူများအတွက် ဖီးကြမ်းငှက်ပျောသီးဟာ ဓာတ်စာလည်းဖြစ်၊ ဆးလည်း ဖြစ်တယ် လို့ ဆိုကြပါတယ်။ ၁။”မနက်သင်္ဘော၊ ညငှက်ပျော” လို့အဆိုရှိတာကြောင့် ငှက်ပျောသီးမီးဖုတ်ပျားရည်ဆမ်းကို ညနေဖက် အိပ်ရာမဝင်ခင်စားပေးတာ ပိုသင့်တော်ပါတယ်။ ၂။ ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptophan ဓါတ်ဟာ စ်ိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစွာ အထောက်အကူပေးနိုင်တဲ့အတွက် နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ၃။ ငှက်ပျောသီးမှာ ပါ၀င်တဲ့ ကယ်လိုရီဓါတ်ဟာ ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ပြည့်ဝစေတာကြောင့် ငှက်ပျောသီးပျားရည်ဆမ်းကို နာရီပိုင်းအတွင်း အားအင်ပြန်လည်ပြည့်ဝစေတဲ့ အစားအစာလို့ ကျနော်တို့pageက အရင်ကတည်းကတင်ပြပီးသားပါ ၄။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ၀မ်းချုပ်သူများ ငှက်ပျောသီးမီးဖုတ်ပျားရည်ဆမ်းကို စားပေးပါက ၀မ်းကို မှန်စေပါတယ်။ ၅။ မှတ်ဉာဏ်ထက်သန်စေပြီး အရိုးများကို သန်မာဖွံ့ဖြိုးစေပါတယ်။ ၆။ ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ ၇။ အစာအိမ်ကငဆာသမားများနှင့်အရိုးကငဆာသမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ ၈။ စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃လုံးကိုပျားရည်နဲ့ကြော်စားပါ ၉။ ကျောက်ကပ်အားနည်းကျောက်ကပ်နာကျင်မှုအတွက် သဘာဝပိုတက်စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း) ငှက်ပျောသီး ကို သာစားပါ ၁၀။ အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိူင်ရန် နှင့်အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကိုဆားမီးလှော်/ဆားမီးဖုတ်နဲ့တို့စားပါ ၁၁။ မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို ၁၀မိနစ်ခန့်သုတ်ထားပြီးရေနွေးနွေးနဲ့ပြန်​ေရလောင်းပါ။ ၁၂။ ဝမ်းချူပ်ပြီးအပူအပုပ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ ၁၃။ ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို အုန်းနို့နဲ့ပေါင်းစားပါ ၁၄။ လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင် ဖြတ် အခွံကျွမ်းအောင် မီးကင် ၍ အထဲမှအသားကိုစားပါ။ ၁၅။ တင်းတိပ်နဲ့အမည်းစက်များ မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီးဆယ်မိနစ်မှာရေနွေးနွေးနဲ့လောင်းချပါ။ ရင်ကျပ်နေချိန် မစားရ။✖️ နေပူပူထဲသွားလာရင်းမစားရ။✖️ ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီးမတည့်ပါ။✖️ ကိုယ်ပူနေချိန် ငှက်ပျောသီး ကိုအဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ ။ ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါက သီးမွှေး၊ဖီးကြမ်း ၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။ #ကျန်းမာရေးဗဟုသုတရကြပါစေ #အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ #Credityyo

Ashin Thumingala
Ashin Thumingala
Open In TikTok:
Region: MM
Wednesday 08 July 2026 01:06:22 GMT
22020
444
22
41

Music

Download

Comments

kyaw.1477
kyaw Lin Maung :
ကျေးဇူးတင်ပါတယ် ဆရာတော်
2026-07-08 17:33:56
1
kant.kanu
Kant Kanu :
သာဓုသာဓုသာဓုပါ
2026-07-08 15:38:46
1
diamond.intr
Diamond Intr :
ကျေးဇူးပါ
2026-07-22 00:10:46
0
user9767800409602
ဇော်မင်းထွန်း :
ကျေးဇူးတင်ပါတယ်
2026-07-13 16:33:22
0
daw.nay.chi35
Daw Nay Chi :
❤️❤️❤️❤️❤️❤️
2026-07-08 01:10:58
1
user6618365233059
Daw Hla Shwe :
🥰😂
2026-07-08 03:07:10
1
user9200800583153
phyu nu :
🥰🥰🥰🥰🥰🥰
2026-07-08 13:27:20
2
user2473494973881
အောင်ကျော် (မော်တာဆိုင်) :
🥰🥰🥰🥰🥰
2026-07-08 12:59:24
1
user17707584498653
Ko Min :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-08 12:57:59
1
u.aung.than507
U Aung Than :
🥰🥰🥰
2026-07-09 11:47:26
0
sainsburys086
sainsburys086 :
🥰🥰🥰
2026-07-08 01:39:47
1
.than.lwin4
သုဓနု Than lwin :
🥰🥰
2026-07-08 11:38:04
1
grand.pa475
Grand Pa :
🥰🥰🥰
2026-07-25 08:58:13
0
To see more videos from user @ashinthumingala13, please go to the Tikwm homepage.

Other Videos


About