@hninwuttyi3404: အချစ်ရေ ကိုယ်ဟာ မင်းနဲ့လမ်းမခွဲသေးနိုင်တာဘဲရှိတာပါ မင်းအနားကနေ တန်းပြီး ထွက်မသွားနိုင်သေးပေမဲ့ ကိုယ့်ရဲ့စိတ်က မင်းနားက တစ်ဖြေးဖြေးထွက်ခွါနေပါပြီ ကိုယ်လေ မင်းရဲ့ပုံစံတွေကို ဘယ်လိုမှနားလည်မပေး နိုင်တော့ဘူး အတတ်နိုင်ဆုံးနားလည်ပေးနိုင်ဖို့ကို ကြိုးစားခဲ့ပါတယ် ဒါမဲ့ ကိုယ့်ရဲ့ နားလည်ပေးပုံကဘဲ မှားယွင်းနေတာလား မင်းဘက်ကဘဲ လွန်နေတာလား ကိုယ်မသိတော့ဘူး မင်းကိုချစ်လို့ အကြိမ်ကြိမ် နားလည်သည်းခံဖို့ကြိုးစားခဲ့ပေမဲ့ မင်းရဲ့ပုံစံတွေကိုတော့ ဆက်ချစ်လို့မရတော့ဘူး မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ် အချစ်ရယ် မင်းအတွက်ဘဲ မင်းသိပြီး မင်းကိုအရိပ်လိုကြည့်ပြီး ချစ်နေရတဲ့ ငါ့အတွက်ကျ မင်းပြန်မကြည့်ဘူးနော် ငါ့ဘက်ကို တစ်စက်ကလေးသာ ပြန်ကြည့်ရင် မင်းဟာ ငါ့ရဲ့ကမ္ဘာကြီးဆက်ဖြစ်နေအုန်းမှာ မင်းအနားမှာ နေတော့နေချင်ပါသေးတယ် ပြောင်းလဲလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ မင်းကိုလေ ကိုယ်နည်းအမျိုးမျိုးနဲ့ ရှင်းပြတယ် ဘယ်လိုလုပ်ရင် ကိုယ်တို့နှစ်ယောက် အဆင်ပြေမယ် ဘယ်အရာက ပြဿနာဖြစ် စေတယ်ဆိုတာမသိလို့ လုပ်မိနေတယ်ထင်လို့ ကိုယ့်မှာတော့ ရှင်းပြလိုက်ရတာ အချိန်တွေသာ ကုန်သွားခဲ့ပေမဲ့ မင်းကတော့ ဘာမှပြောင်းလဲမလာဘူး မသိတဲ့သူကို သိအောင်ရှင်းပြရတာ မခက်ပေမယ့် သိသိရက်နဲ့ မသိချင်ယောင်ဆောင်နေသူကိုတော့ ရှင်းပြရခက်တယ်ဆိုတာ ကိုယ်နားလည်လိုက်တယ် ကိုယ်လည်း လူဘဲလေ ခံနိုင်ရည်ဟာအကန့်အသတ်နဲ့ပါ ချစ်တာမှန်ပေမဲ့ ကိုယ့်အတွက် နေရာမရှိမှတော့ ကိုယ့်ကိုယ်ကိုထက်တော့ မချစ်နိုင်တော့ဘူး ကိုယ်ဘက်ကိုပဲ ကြည့်ရတာပေါ့ အရင်ဘဝက မင်းဆီက ယူခဲ့တာတွေများတယ်ထင်ပါရဲ့ အမြဲနာကျင်အောင်လုပ်နေတာတောင် ကိုယ့်မှာ ခန္ဓာရော စိတ်ရော အနားကနေမခွါနိုင်ဘူး ဖြစ်နေတယ် ဒါမယ့် စိတ်ချပါ ကိုယ်ရှိနေရင် မင်းစိတ်တွေပိုပင်ပန်း နေရမှာမို့ အနားကနေ ခန္ဓာချင်းသာ မခွာနိုင်သေးတာပါ အချစ်ရယ် အခုကစပြီး စိတ်ဝိညာဉ်ဟာ မင်းအနားကနေ တစ်ဖြေးဖြေးထွက်ခွါနေပါပြီ ဟိုစကားလိုမျိုးပေါ့ ကိုယ်ပေါင်းစိတ်ခွာဆိုတာမျိုးလေ ကိုယ်မရှိတော့ရင်လည်း မင်းဘဝ လေး အမြဲအေးချမ်းပျော်ရွှင်နေပါစေ ❤️‍🩹 #crd #foryou #fyp

H
H
Open In TikTok:
Region: TH
Wednesday 08 July 2026 02:31:35 GMT
465496
41689
158
3238

Music

Download

Comments

padauk584
Hnin Padauk Tin🍁 :
နှစ်လဆက်တိုက် anni dayကိုမေ့နေပါလေရဲ့ရှင်💕
2026-07-09 14:50:46
62
nannpoelay
Evelyn♡ :
နောက်ဆုံးတော့လည်း ဝေးဖို့ကံပါလာခဲ့တာပါပဲ… အတော်စိတ်ပင်ပန်းတယ် အမြဲတမ်းကွကိုယ်ပဲပြန်အပြစ်တင်မိတယ် အများကြီးမျှော်လင့်မိပြီး အဆုံးထိပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ခဲ့လို့ ခုလို နာကျင်နေရတာ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူး သူတို့လည်း သူတို့ကိုယ်ပိုင်အိပ်မက်အတွေးဆိုတာရှိမှာပဲ ဒါပေမယ့် ကိုယ်ရဲ့ အိပ်မက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖစ်နေတာ နေပါရဲ့ အမြဲတမ်း မျက်နှာငယ်ရပြီး စိတ်ပင်ပန်းခဲ့တယ် ဒါပေမယ့် မင်းကိုသိစေချင်ခဲ့တာက မင်းနဲ့နီးဖို့ကိုယ်အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ် ရွေးစရာရှိခဲ့တာတောင်မှ မင်းကိုရွေးချယ်ဖို့ မတွန့်ဆုတ်ခဲ့ဘူးဆိုတာပါပဲ
2026-07-11 19:09:01
34
yu124568
💐 :
တကယ်ပါကိုယ်ပြောသမျှတွေသိပါတယ်နားလည်ပါတယ်နဲ့တကယ်လက်တွေကျတော့လုပ်မြဲအတိုင်းပါပဲကိုယ်ကပဲဘောင်မ၀င်တော့သလိုမျိုးကြီး
2026-07-09 15:17:57
6
hnin.eain.thu.kya
Hnin Eain Thu Kyaw :
စာသားလေး
2026-07-08 15:50:13
6
daw.zin.lwon.wai
张明月🍦🍑 :
၄နှစ်လေး၄ရက်မှမဟုတ်ခဲ့တာ မီးအကောင်းဆုံးနားလည်ပေးခဲ့ပေမဲ့ ကိုဘဲအတစ်ဖက်တဆန်လွန်းတာလား မင်းဘဲလွန်သွားလား ချစ်သောရယ်....
2026-07-09 20:12:57
3
botzero7
.....✌️ :
တချို့ခွဲခွာခြင်းတွေက... မချစ်တော့လို့ မဟုတ်ဘူး။ ဆက်ချစ်နေရင် နှစ်ယောက်လုံး ပိုနာကျင်လာမှာမို့ တစ်ယောက်တည်း နာကျင်ဖို့ ရွေးလိုက်တာ
2026-07-26 07:08:44
3
maythetpaing818
May Thet Paing :
စာသားလေး လိုချင်လို့
2026-07-10 05:42:12
2
rnkyikyikhaing1992
R'n Kyikyikhaing :
ပြန်တင်ခွင့်ပါနော်
2026-07-09 14:41:17
2
username2720032
Eain🕸️ :
အချစ်ခံရတယ်ထင်တာတကယ်တော့အပြစ်ခံရတာပဲ ကိုယ်စကားတောင်စောက်ရေးမပါသလိုကျပ်မပြည့်ဘူးအစ သူအမျိူးနဲ့တွေနဲ့ပတ်သက်ရင်မကာကွယ်တတ်တဲ့လူ ကိူယ် support ပေးတာတောင် နားမလည်တတ်တဲ့သူ အတတ်နိူင်ဆုံးတော့ နေနိုင်အောင်ကြိုးစားရမယ် ငါmove onနိုင်ရမယ်
2026-07-25 07:11:37
3
mgleo286730
L E O ✓ :
စာသားလေlink ပါအူံနော၊🥹🥺
2026-07-08 11:08:29
2
user8936372081335phyulay
💫san🍀 :
ဒီစာတွေက ကိုယ့်ကိုက်ိုယ်ပဲကြည့်ပြီးရေးထားသလားပဲ
2026-07-16 15:49:59
1
phyokhant.aung87
𖤐 404soul :
ပြန်တင်ခွင့်ပြုပါ🥺
2026-07-09 17:29:25
1
myatnoee157
❄❄ :
စာသားလေးပေးပါလားရှင်
2026-07-09 16:01:54
2
pinkey2500
꧁𝔓𝓘𝔑𝔎𝔈𝔜꧁ :
ပြန်တင်မယ်နောိ
2026-07-09 19:17:40
1
moe.moe.san414
M🫶 :
ဆုံးဖြတ်ရခက်လွန်းနေတယ်လေ💔
2026-07-09 23:38:38
1
anty.aye.mu1
Anty Aye Mu :
ငါတို့စိလာပါလားမကွေးမာပြန်ဆုံကြတာပေါ့🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰😳😳😳😳😳😳😳😳😳😳😳😳
2026-07-10 15:44:18
1
may586700
May✨ :
ဒီစာတွေပဲပို့ပေးလိုက်ချင်တယ် ဖြစ်နေတာတစ်ထပ်တည်းမို့
2026-07-10 11:15:43
1
zin.hnin.wai038
Riley🌻 :
ပြန်တင်မယ်နော် စာသားလေးတွေကြိုက်လို့😔
2026-07-09 16:46:46
1
canolababy7
Zun Zun🌀 :
ဖြစ်စေချင်တဲ့ပုံစံအတိုင်းနေပေးတော့မယ် အချစ်ရယ်☺️
2026-07-09 03:44:28
1
zonpwint209
cookie🤎 :
စာသားလေးcopyချင်လို့ crdပေးပါတယ်နော်❤️
2026-07-09 03:08:53
1
nang_mercy1
ɴᴀɴɢ🖤 :
ဆက်ချစ်ရမလားစွန့်လွတ်ရမလား
2026-07-09 15:48:18
1
pyaepyae8413
May :
ဟူးးး
2026-07-09 03:44:31
1
pyae.sone.htun31
Pyae Sone Htun :
တကယ်မခွဲနိုင်တော့လည်း🥺
2026-07-09 08:37:20
1
To see more videos from user @hninwuttyi3404, please go to the Tikwm homepage.

Other Videos


About