@nyo78893: နောက်ဆုံးတော့ သတိရတဲ့အခါတိုင်း "မေတ္တာပို့ပါ" ဆိုတဲ့ စကားကို နားလည်လာတယ် … ပိုင်ဆိုင်ခွင့်ရော၊ ထိတွေ့ခွင့်ရော၊ ဆက်သွယ်ခွင့်ရော မရှိနိုင်တော့တဲ့အခါ မင်းကိုရည်စူးပြီး မေတ္တာပို့ရုံကလွဲလို့ ကိုယ် ဘာများတတ်နိုင်ဦးပါ့မလဲ … အရင်ကတော့ မေတ္တာဆိုတာ အနားမှာရှိမှ ပေးလို့ရတယ် ထင်ခဲ့တယ်။ အခုတော့ ဝေးကွာခြင်းရဲ့ အဆုံးမှာတောင် မေတ္တာက လမ်းပျောက်မသွားဘူးဆိုတာ သိလာတယ်။ မင်းမသိလည်း ရတယ်။ မင်းမခံစားမိလည်း ရတယ်။ ကိုယ့်နှလုံးသားကတော့ မင်း အေးချမ်းပါစေ၊ ပျော်ရွှင်ပါစေဆိုတဲ့ ဆုတောင်းကို နေ့တိုင်း မပျက်မကွက် ပို့နေဦးမှာပဲ။ တချို့လူတွေက ဘဝထဲမှာ အတူလျှောက်ဖို့ မဖြစ်နိုင်တော့ပေမယ့် နှလုံးသားထဲမှာတော့ မေတ္တာနဲ့ပဲ ဆက်ရှိနေကြတယ်။ ဒါကြောင့်… သတိရတဲ့အခါတိုင်း မငိုတော့ဘူး။ မတောင်းဆိုတော့ဘူး။ ပြန်လာဖို့လည်း မမျှော်တော့ဘူး။ မင်းရှိတဲ့နေရာမှာ ကျန်းမာပါစေ၊ အဆင်ပြေပါစေ၊ ပျော်ရွှင်ပါစေလို့ တိတ်တိတ်လေး မေတ္တာပို့နေမယ်။ တကယ်တော့… အချစ်ရဲ့ နောက်ဆုံးပုံစံက ပိုင်ဆိုင်ခြင်း မဟုတ်ဘူး။ မျှော်လင့်ခြင်းလည်း မဟုတ်ဘူး။ ဘာမှ မတောင်းဆိုဘဲ သူ့အတွက် အေးချမ်းခြင်းကိုသာ ဆုတောင်းပေးနိုင်တဲ့ မေတ္တာပဲ ဖြစ်တယ်။ အဲဒါဟာ လက်လွှတ်လိုက်ခြင်း မဟုတ်ဘူး။ အချစ်ကို မေတ္တာအဖြစ် ပြောင်းလဲတတ်သွားခြင်းပဲ။ နေ(သူ့အတွေး၊သူ့အရေး)crd
ညို 🤎
Region: SG
Wednesday 08 July 2026 03:10:55 GMT
Music
Download
Comments
မွိုးတိန်း :
ကျေးဇူးပြု၍စာသားလေးပေးပါလားရှင့်
2026-07-11 06:36:04
0
Poe Wah Wah.Kyaw(လားရှိုးသူ) :
စာသားလေး ယူမယ်နော်🥰
2026-07-11 16:16:59
0
Ivy's journal :
ကိုယ့်ဆုတောင်းကြောင့်ဖြစ်စေ ကိုယ့်ဆုတောင်းကြောင့်မဟုတ်သည်ဖြစ်စေ သူပြုံးပျော်နေရင် ကိုယ်ပါစိတ်ချမ်းသာရပါတယ်
2026-07-09 13:04:53
6
user5620530657438 :
ကျေးဇူးပြု၍
စာသားလေးချပေးပါလားရှင်
2026-07-08 04:31:54
1
ㄒ卄乇ㄒ 卄ㄒ卂尺 :
copyယူမယ်ရှင့်
2026-07-11 14:00:13
0
🍓Tin zar🤎👉🏻🇹🇭👈🏻🥀🥀🥺 :
စာသာလေး ပေးပါလားရှင့်
2026-07-08 10:19:28
1
kyi Nuu Wai :
ကိုယ်ဆီပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ။ သူပြုံးနေတာလေတွေ့ရင် ဘာကြောင့်လဲတော့မသိပေမ့ ကိုယ်ပါပြုံးနေမိတယ်🥺
2026-07-11 11:26:54
0
ဦး၀င်းမြင့်သမီးအငယ်မ :
စာသားလေးပြန်တင်ခွင့်ပြုပါရှင့်
2026-07-11 05:50:21
0
Aye Moh Moh Hlaing :
copy ယူပါရစေ
2026-07-11 08:04:11
0
အရာရာလေး🍀🍀^_ ^ :
စာသားလေး ပြန်လည်ယူသုံးခွင့်ပြုပါရှင့်❤️❤️😍😍
2026-07-11 01:01:12
0
N :
သတိရတိုင်း မေတ္တာပို့ဖြစ်ပါတယ်💛💓
2026-07-11 05:12:51
0
Nainglin :
မဂ်လာပါ
2026-07-11 04:16:04
0
Rose{ကဗျာ၊စာတို} :
တကယ်နားလည်လာတယ်
2026-07-11 06:18:00
0
Ko Ye :
ဆရာမအမြဲအားပေးနေတယ်နော့်ကျွန်တော့်ဆရာမကိုလေးစားပါတယ်🥰9.7.2026=1:41
2026-07-09 07:10:14
1
Yo🎀 :
ဘုရားရှိခိုးတိုင်းမေတ္တာပို့တယ်😌ကိုယ်ပေါ်အရမ်းကောင်းပေးခဲ့တဲ့ကောင်လေးအစစအရာရာအဆင်ပြေပါစေနော်
2026-07-10 19:35:47
0
susukyaw030 :
နေ့တိုင်းလုပ်ဖြစ်တယ်🥺
2026-07-09 06:08:42
1
🍀A.T.Z.🍀 :
ဟုတ်တယ် ပြန်လာဖို့လဲမလိုပါဘူး..ဒီတိုင်းလေ သတိရမိတိုင်း မေတ္တာလေးဘဲ ပို့ဖြစ်တယ်🥰🥰
2026-07-08 13:37:30
1
Sansan Myint :
ဟုတ်
2026-07-08 03:50:59
0
khinsapal :
🥰🥰အမြဲမေတ္တာလေးပိုဆုာတောင်းဖြစ်ပါတယ်
2026-07-10 04:02:00
0
Nova #❣️# :
ကိုယ့်ရဲ့ မေတ္တာတွေကို မင်းမသိလည်း ဖြစ်တယ်...
2026-07-09 16:06:03
0
⭐NTJA🌺 :
ကျေးဇူးပါ
2026-07-11 14:43:43
0
🍒Cutie🍒🍀 :
ကိုယ့်ဆုတောင်းမေတ္တာလေးတွေကြောင့်သူအေးချမ်းပါစေ🥰🥰
2026-07-10 14:24:55
0
E T :
ဘာမျော်လင့်ချက်မှမပါဘူး ငါ မေတ္တာတေကြောင့် သူဘဝလေး အေးချမ်းပါစေ
2026-07-09 17:04:14
0
Pyae Pyae :
အချစ်ကိုမေတ္တာအဖြစ်ပြောင်းလဲလိုက်ပါပီ🥰🥰🥰🥰
2026-07-10 13:33:24
0
🍒Win Myat Thu🍒 :
စာသားလေးပြန်တင်ခွင့်ပြုပါ🥰
2026-07-08 10:33:53
0
To see more videos from user @nyo78893, please go to the Tikwm
homepage.