@burmeseculture4: ထိုအချိန်တွင် မန္တလေးစင်ထရယ် (ဗဟို) တေးသံသွင်းမှ ငွေကြေးအကုန်အကျခံပြီး အသံဖမ်း ကြည့်ကြသည်။ ပထမဆုံးရလဒ်ကတော့ စတီရီယို ဟိုင်ဖိုင်သံမထွက်၊ အတီးပိုင်းမသပ်ရပ်၊ အသံဖမ်း ကွာလတီလိုအပ်၊ အဆိုပိုင်းစကားသံများ ပီပီသသမရှိဘဲ သိပ်ဝဲနေသည့် အတွက် မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရန်ကုန်မှာ အသံဖမ်းစနစ်ကောင်းကောင်း၊ စတူဒီယိုကောင်းကောင်းနှင့် အသံသွင်းမည်ဆိုပြီး ဦးဘသိန်းစတူဒီယိုတွင် အသံသွင်းခဲ့ကြသည်။ ပွဲဦးထွက် သဘာဝ တေးစု မာစတာခွေထွက်တော့ ရန်ကုန်ရှိတေးသံသွင်းတွေ လိုက်ပြရာဘယ်သူမှမယူသဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တစ်ပုဒ်နှစ်ကျပ်နှုန်းနှင့် ဖြန့်ရသည်။ တချို့ဆို ပစ်ပစ်ခါခါငြင်းဆိုသဖြင့် စိတ်ဓာတ်ကျကြရသည်။ တောင်ကြီးမှ “မောတေးသံသွင်း” တစ်ဆိုင်ပဲ လိုလိုလားလားရှိခဲ့သည်။ ဈေးမဖြတ်ဘဲ အတော်တော်များများ ယူထားလိုက်သည်။ ထိုအချိန် တွင်သူငယ်ချင်း အောင်ခိုင်မြင့် (ဂျေမောင်မောင်)နှင့် တွေ့သည်။ သူကရန်ကုန်မှာ လိုက်ဖြန့်ပေးမည်ဆိုပြီး အခွေကို သေသေချာချာလိုက်ဖြန့်ပေးရာ လူကြားထဲ အတော်ပျံ့နှံ့သွားခဲ့သည်။ ဒုတိယ နှင့် တတိယ တေးစု (၁၉၇၃)ခုနှစ်မှာ The Outsiders နှင့် The Highlanders (စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော်နီတို့ စုစည်းထားသောအဖွဲ့) ဝိုင်းတော်သား များပူးပေါင်းပြီး The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ) တေးဂီတအဖွဲ့စတင်ဖွဲ့ခဲ့သည်။ ပြီး ရန်ကုန်ရုပ်ရှင်ခြံမှာ ဒုတိယတေးစု နွေရာသီ ကို သွင်းဖြစ်ခဲ့သည်။ “နွေရာသီ”၊ “ချစ်တာတစ်ခုတည်းသိတယ်”၊ “စိုင်းပြန်ရဦးမယ်”၊ “ရွှေဟင်္သာနားခိုက်” တေးများ အပါအဝင်သီချင်း (၁၀) ပုဒ်ဖြစ်သည်။ ထိုတေးစုမှာ တေးသံသွင်းများမှ စီးရီးရောင်းရငွေ သိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်ဟု ဆိုစမှတ်ပြုရအောင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့လေသည်။ ထိုအခွေအား ညည်းညည်းညူညူ တဖျစ်တောက်တောက်နှင့် အသံသွင်း ပေးခဲ့သော ရွက်ဝါမောင်မောင် ပင်အံ့အားသင့်ခဲ့ရသည်အထိဖြစ်ခဲ့သည်။ ထို့နောက် တတိယ တေးစု ကို “ပန်းသာရုပ်ရှင်ခြံ” တွင် သွင်းဖြစ်ပြီး စီးရီးခေါင်းစဉ်မှာ “မန္တလေးရောက်ရှမ်းတစ်ယောက်” ဖြစ်သည်။ တတိယ တေးစု မှာ လည်း အောင်မြင် ခဲ့ပြီး တေးသံသွင်းများမှ လက်မလည်အောင် ကူးယူ ရောင်းချခဲ့ရသည် တေးစုများစွာ နှင့် အောင်မြင်မှုများစွာ "ခြင်္သေ့လည်ပြန် (သို့) ပြန်ညှိရမယ့်ကာရန်”၊ “စိတ္တဇအလွမ်း”၊ “ပျံသာပျံပါရွှေဟင်္သာ” ( ကျေနပ်ပါတော့ )၊ “ အိပ်စက်အနားယူပြီ” စသည့် တေးစုများ စီကာစဉ်ကာ ထွက်လာသည်။ မြန်မာ ဘာသာနှင့် ရှမ်းဘာသာများဖြင့် တေးသီချင်း စီးရီးခွေပေါင်းများစွာ ထွက်ရှိခဲ့သည်။ ဂီတဖျော်ဖြေပွဲ များစွာ သီဆို ဖျော်ဖြေခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှသည် ၂၁ ရာစု အစပိုင်း မကွယ်လွန်ချိန် အထိ ကာလ ရှည်ကြာစွာ အောင်မြင်ခဲ့သည့် ထူးထူးခြားခြား ဂီတပညာရှင်တဦးဖြစ်သည်။ တိပ်ခွေ ခေတ်၊ ရေဒီယို ခေတ် တွင် စတင်အောင်မြင်ခဲ့ရာမှ၊ ရုပ်မြင်သံကြားခေတ် တွင်လည်း တေးသီချင်းများစွာ ရိုက်ကူးထုတ်လွှင့်ခဲ့သလို၊ စီဒီ ဒီဗီဒီ ကာရာအိုကေ ဒစ်ဂျစ်တယ်ခေတ်တိုင် အောင်မြင်ခဲ့သူ ဖြစ်ပေ သည်။ စိုင်းထီးဆိုင်မဆုံးပါးခင် ဆုန်သင်းပါရ်၊ ရတနာဦးတို့နှင့် အတူသီဆိုထားသော “ ဝတ်မှုန်ခရီး” တေးစုများ ထွက်ခဲ့ပြီးမကြာခင် စိုင်းခမ်းလိတ်၏သမီး “နန်းခမ်းနွဲ့လိတ်”နှင့် တွဲဖက်သီဆိုထားသော “တွဲဖက်ကောင်း” စီးရီးထွက်ဖို့ရှိသည်။ စိုင်းထီးဆိုင်၏ နောက်ဆုံးတေးစီးရီး ဖြစ်သည်။ ယင်းသို့အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ တေးလောကသို့ တိုးဝင်လာခဲ့ရသော စိုင်းထီးဆိုင်သည် ယနေ့ဆိုလျှင် မြန်မာပြည်တနံတလျားတွင် မသိသူမရှိသလောက်အောင် ပရိတ်များထုနှင့် ထည်နှင့် အခိုင်အမာရှိခဲ့သူ ဖြစ်သည်။ မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံ အသီးသီးမှလည်း လေးစားစွာ ဖိတ်ကြားခြင်း ခံခဲ့ရသော တေးသံရှင်တစ်ဦး လည်းဖြစ်သည်။ စိုင်းထီးဆိုင်မှာ တေးစီးရီး များသီဆိုရုံမက ဒါရိုက်တာ မောင်ငြိမ်းချမ်းစီစဉ်ပြီး ဗီဒီယိုဇာတ်ကား များဖြစ်သည့် “လေညာရပ်ကအချစ်” (မင်းသမီးမေသန်းနုနှင့်) “မစ္ဆရိယ” (မင်းသမီးမေသန်းနုနှင့်) “မန္တလေးရောက် ရှမ်းတစ်ယောက်” (မင်းသမီး မေသဉ္ဇာဦးနှင့်) ကားများ ရိုက်ကူးခဲ့ပါသေးသည်။ #စိုင်းထီးဆိုင် #burmesehistory #ရှမ်းအဆိုတော်

burmeseculture4
burmeseculture4
Open In TikTok:
Region: MM
Wednesday 08 July 2026 06:26:08 GMT
6887
278
5
19

Music

Download

Comments

ko.ko.aung1629
Ko Ko Aung :
2026-07-10 17:21:28
0
my.own448
my own :
🥰🥰🥰
2026-07-12 14:21:33
0
user93976670614037
ကျော်သူစိုး ၂၀၂၄ :
❤️❤️❤️
2026-07-10 05:44:26
0
ko.nyan193
Saw Nyan lin Tun :
🥰🥰🥰🥰🥰🥰
2026-07-08 07:24:38
0
nofear486
No Fear375 :
❤️❤️❤️
2026-07-18 02:57:02
0
To see more videos from user @burmeseculture4, please go to the Tikwm homepage.

Other Videos


About