@ohmy_cat_litter: ရာသီဥတုအကူးအပြောင်းနဲ့ ကြောင်လေးတွေရဲ့ အူလမ်းကြောင်းကျန်းမာရေး ခုလို ရာသီဥတု ဖောက်ပြန်တဲ့အချိန်၊ အပူအအေး မမျှတဲ့ အချိန်တွေမှာ ကြောင်လေးတွေ အဖြစ်အများဆုံးကတော့ "ဝမ်းပျက်ဝမ်းလျှော" ပြဿနာပဲ... ဝမ်းပျက်ပြီဆိုရင် ကလေးတွေက နုံးလာမယ်၊ အစားမစားတော့ဘူး၊ ပြီးရင် ကိုယ်ခံအားတွေပါ ကျလာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အိမ်မှာ ဆောင်ထားသင့်တဲ့၊ တိုက်ကျွေးသင့်တဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် လိုအပ်မယ့် ဆေးလေးတွေက .. Metrogyl Suspension: ဝမ်းကိုက်တာ၊ အူလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေဖို့ အဓိက ကူညီပေးပါတယ်။ ( ကြောင်လေးတွေ အလေးချိန်နှင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ချိန်ဆတိုက်ပေးပါရန် ) GUT BOOST: ဝမ်းပျက်တာကို အမြန်ဆုံးထိန်းပေးပြီး၊ ပျောက်သွားတဲ့ အစာစားချင်စိတ်ကို ပြန်လည်ကောင်းမွန်စေဖို့ အထူးထုတ်လုပ်ထားပါတယ်။ Guardizen: ဒါကတော့ ကြောင်လေးတွေ ပါပီလေးတွေရဲ့ ဆေးတော်ကြီးလို့တောင်ပြောရမယ် ..အူလမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics) တွေ ပါဝင်လို့ အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားကိုပါ မြှင့်တင်ပေးပါတယ်။ Esomac-20 (Esomeprazole Tablets 20mg) ဒီဆေးကတော့ အစာအိမ် အက်ဆစ်ထွက်တာကို လျှော့ချပေးပြီး အစာအိမ်နံရံကို ကာကွယ်ပေးတဲ့ အစာအိမ်ဆေး/ အက်ဆစ်ချေဆေး ပါ။ ***(သတိပြုရန် - ဆေးဝါးများကို တိရစ္ဆာန်ဆရာဝန်၏ ညွှန်ကြားချက်ပမာဏအတိုင်းသာ တိုက်ကျွေးသင့်ပါ။) ဒါတွေအပြင် သိပ်အရေးကြီးတဲ့အချက်က ကြောင်လေးတွေဝမ်းပျက်နေတဲ့အချိန် သဲဗန်းက ပိုညစ်ပတ်တတ်ပြီး အနံ့ပိုတတ်စေပါတယ် ၊ ဝမ်းက အရည်ကြဲတဲ့အခါ ကြောင်လေးတွေ ခြေထောက်မှာ ပြန်ကပ်ပါလာတာမျိုး ၊ မသန့်ရှင့်တာမျိုးဆို ပိုးပြန်ဝင်တတ်ပြီး အခြားကြောင်လေးများရှိလျှင်လည်း ကူးစက်နိုင်ပါတယ် .. ဒီလိုချိန်မှာ သခင်လည်း ဗျာမများရအောင် ၊ ကြောင်လေးတွေလည်း ကျန်းမာရေးကောင်းအောင် Oh My Cat သဲက အရည်ကျဲကျဲဝမ်းသွားရင်တောင် အမြန်ခဲစေတဲ့အတွက် သင့်ကြောင်လေးတွေအတွက် အသင့်တော်ဆုံးနော် .. 📷 အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး COD လည်းရတာမို့့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးကို အခုပဲပို့ပြီး မှာယူလိုက်ပါနော် ! ရွေးချယ်နိုင်မယ့် အနံ့များ - Natural 📷, Apple 📷, Lemon 📷, Coffee 📷, Jasmine 📷 #ကြောင်သဲ #cat #OH_MY_CAT #CatLitter
OMC - Myanmar
Region: SG
Wednesday 08 July 2026 07:49:03 GMT
Music
Download
Comments
kokyawppwinwin :
🥰🥰🥰
2026-07-08 08:30:10
1
To see more videos from user @ohmy_cat_litter, please go to the Tikwm
homepage.