@hiroi.sekai: time shift. 🎶: “the evergreens” collaboration w/ @iambynt

Hiroi Sekai
Hiroi Sekai
Open In TikTok:
Region: US
Wednesday 08 July 2026 14:35:32 GMT
4294
515
11
88

Music

Download

Comments

user3239155594834
Tina :
wow! 😭😭😭😭😭❤️❤️❤️❤️❤️❤️
2026-07-08 19:19:40
2
jejehamdy4
ezabella :
this is real
2026-07-08 22:14:23
0
pumaxonzejg
Agni :
2026-07-09 16:13:01
0
boedha09
boedha :
So beautiful 🙏❤️🍀
2026-07-08 14:42:27
0
abraham.ocampo1
abraham ocampo :
👏👏👏Excelente
2026-07-08 16:09:54
0
46569746vs1
麦田骑士 :
🥰🥰🥰
2026-07-09 06:50:18
0
19_ortega
Noa Garcia Ortega :
🥰🥰🥰
2026-07-09 02:49:42
0
ermirlaber
eri :
❤️❤️❤️❤️❤️❤️❤️❤️❤️
2026-07-08 14:48:51
0
mohamed.chaib44
Mohammed :
🥰🥰🥰
2026-07-08 14:43:03
0
user3293510972485
Ďïãĺļø ĴĞ :
🚄💼
2026-07-09 10:14:13
0
To see more videos from user @hiroi.sekai, please go to the Tikwm homepage.

Other Videos

အိမ်မှာ တို့ဟူးကျိုစားတဲ့အခါ ပဲစိမ်းနံ့စူးစူးကြီး ထွက်နေတာမျိုး၊ ဒါမှမဟုတ် အေးသွားရင် မာတောက်တောက်ကြီးဖြစ်ပြီး စားရတာ အဆင်မပြေဖြစ်ဖူးကြလားရှင်?  ဒီနေ့မှာတော့ အဖွားကိုယ်တိုင် သင်ပေးထားတဲ့ လုပ်ရတာလည်း လွယ်ကူပြီး တို့ဟူးသား‌လေး ပြောင်ချောကာ အိအိတုံတုံလေးဖြစ်နေစေမယ့်
အိမ်မှာ တို့ဟူးကျိုစားတဲ့အခါ ပဲစိမ်းနံ့စူးစူးကြီး ထွက်နေတာမျိုး၊ ဒါမှမဟုတ် အေးသွားရင် မာတောက်တောက်ကြီးဖြစ်ပြီး စားရတာ အဆင်မပြေဖြစ်ဖူးကြလားရှင်? ဒီနေ့မှာတော့ အဖွားကိုယ်တိုင် သင်ပေးထားတဲ့ လုပ်ရတာလည်း လွယ်ကူပြီး တို့ဟူးသား‌လေး ပြောင်ချောကာ အိအိတုံတုံလေးဖြစ်နေစေမယ့် "တို့ဟူးကျိုနည်း" လျှို့ဝှက်ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက ပထမဆုံးအကြိမ် စမ်းကျိုမယ့်သူတွေအတွက်တောင် လုံးဝကို အဆင်ပြေစေမယ့် နည်းလေးပဲ ဖြစ်ပါတယ်ရှင်။ [ပါဝင်ပစ္စည်းနှင့် အချိုးအစား] • ပဲအစိမ်းမှုန့် - နို့ဆီဘူး ၂ ဘူး • ရေသန့် (စုစုပေါင်း) - နို့ဆီဘူး ၄ ဘူး (နို့ဆီဘူး ၃ ဘူးကို ပဲစိမ်းမှုန့် ဖျော်ဖို့သုံးပြီး ကျန် ၁ ဘူးကိုတော့ ရေနွေးတည်ဖို့ သုံးပါမယ်) • ဟင်းချက်ဆီ - ထမင်းစားဇွန်း ၃ ဇွန်း • ဆား၊ အသားမှုန့်နှင့် နနွင်းမှုန့် - အနည်းငယ်စီ [လုပ်နည်းအဆင့်ဆင့်] အဆင့် (၁) - တို့ဟူးအနှစ်ကို 6သချာဖျော်ပါ • ဇလုံအကြီးတစ်ခုထဲကို ပဲအစိမ်းမှုန့်၊ ဆား၊ အသားမှုန့်နဲ့ နနွင်းမှုန့်တွေကို ရောထည့်ပြီး သမအောင် အရင်မွှေပေးပါ။ ပြီးမှ ရေ ၃ ဘူးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးရင်း ပဲမှုန့်အနှစ်တွေ အဖုအခဲမကျန်ဘဲ လုံးဝကို ချောညက်သွားတဲ့အထိ 6သ6သချာချာ ဖျော်ပေးရပါမယ်။ (ဒါက တို့ဟူးသားကောင်းကောင်းလေးရစေတဲ့ အဓိက လျှို့ဝှက်ချက်ပါပဲရှင်) အဆင့် (၂) - ဇကာနဲ့စစ်ပြီး ရေနွေးအိုးထဲ လောင်းထည့်ပါ • ဟင်းချက်အိုးတစ်လုံးထဲမှာ ကျန်ရှိနေတဲ့ ရေ ၁ ဘူးကို ပွက်ပွက်ဆူလာအောင် အရင်ဆုံး တည်ထားပေးပါ။ ရေတွေ ဗွက်ဗွက်ဆူလာပြီဆိုရင်တော့ စောစောက ဖျော်ထားတဲ့ ပဲအနှစ်တွေကို အဖုအခဲတွေ ပါမသွားစေဖို့ ဇကာလေးနဲ့6သချာစစ်ပြီးမှ ရေနွေးအိုးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ။ • ဒါမှ တို့ဟူးသားက အဖတ်တွေမပါဘဲ ချောမွေ့အိညက်နေမှာပါရှင်။ ပဲအနှစ်ရည်လေးတွေ လောင်းထည့်ရင်း တစ်ဖက်မှာ အိုးထဲကိုလည်း မနားတမ်းမွှေပေးဖို့ လိုအပ်ပါတယ်။ အဆင့် (၃) - စိတ်ရှည်လက်ရှည် မွှေပေးပါ • ပဲအနှစ်ရည်တွေ ထည့်ပြီးတာကနေ တို့ဟူးရတဲ့ အချိန်အထိ မီးအလယ်အလတ်လေးနဲ့ပဲ အောက်ခြေကပ်မသွားအောင် လက်မနားတမ်း နာနာလေးမွှေပေးရပါမယ်။ အဆက်မပြတ် နာနာလေး မွှေပေးမှသာ တို့ဟူးသား ကောင်းကောင်းလေး ရတာပါရှင်။ • ၅ မိနစ်လောက်အကြာ တို့ဟူးသားလေး စပြီး ပျစ်ခဲလာပြီဆိုရင်တော့ ပြင်ဆင်ထားတဲ့ ဟင်းချက်ဆီ ၃ ဇွန်းကို ထည့်လိုက်ပါ။ ဆီထည့်လိုက်တာက ပဲစိမ်းနံ့ကို ပျောက်စေပြီး တို့ဟူးသားလေး ပြောင်ချောကာ စိုစိုအိအိလေး ဖြစ်စေပါတယ်ရှင်။ • ပဲစိမ်းနံ့လေးလည်းပျောက်ပြီး တို့ဟူးသားလေး ကျက်သည်အထိ စုစုပေါင်း ၁၅ မိနစ် လောက်အထိ စိတ်ရှည်လက်ရှည် မွှေပေးဖို့ လိုပါတယ်။ အဆင့် (၄) - ဗန်းထဲထည့်ပြီး အအေးခံပါ • တို့ဟူးသားလေးက ကြွက်မြီးတန်းတဲ့ အနေအထားထက် နည်းနည်းလေးပိုတဲ့ အနေအထားလေးရပြီဆိုရင်တော့ ဆီအနည်းငယ် သုတ်ထားတဲ့ ဗန်းထဲကို ချက်ချင်း လောင်းထည့်လိုက်ပါ။ တို့ဟူးသား မျက်နှာပြင်လေး ညီညာသွားအောင် 6သ6သချာချာ ညှိပေးပြီး ဗန်းကို ၃-၄ ချက်လောက် အောက်ခြေကို ရိုက်ဆောင့်ပေးပါ။ • ဒါမှ တို့ဟူးအတွင်းထဲမှာ လေခိုတာမျိုးမရှိဘဲ တသားတည်း ညီညီညာညာလေး ခဲသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မုန့်သား လုံးဝအေးစက်သွားတဲ့အထိ စောင့်ဆိုင်းပေးလိုက်ရုံပါပဲရှင်။ ဒီနည်းလေးအတိုင်းသာ ကျိုချက်မယ်ဆိုရင်တော့ အပြင်က ဝယ်စားတာထက် ပိုမိုသန့်ရှင်းပြီး တကယ့်ကို အိစက်ညက်ညောပြီး အသားလေးကပြောင်ချောနေတဲ့ အိမ်လုပ်တို့ဟူးစစ်စစ်ကို ရရှိမှာဖြစ်ပါတယ်။ တို့ဟူးသုပ်ပဲ လုပ်စားစား၊ တို့ဟူးကြော်ပူပူလေးပဲ ကြော်စားစား တကယ့်ကို ခံတွင်းတွေ့စေမှာ 6သချာပါတယ်ရှင်။ ပထမဆုံးအကြိမ် စမ်းကျိုမယ့်သူတွေအတွက်ပါ တကယ့်ကို အဆင်ပြေစေမယ့် အဖွားရဲ့နည်းလမ်းကောင်းလေးမို့ နောက်တစ်ခါ ပြန်ကြည့်ဖို့ အခုပဲ "Save" ထားလိုက်တော့နော်။ သူငယ်ချင်းတွေပါ အိမ်မှာ အလွယ်တကူ ကျိုစားလို့ရအောင် "Share"ပေးဖို့လည်း မမေ့နဲ့ဦးရှင်။ အားလုံးပဲ စားကောင်းကြပါစေ။ 🥰 #baganmyay #တို့ဟူးကျိုနည်း

About