@tin.zar.00meenazb: အပြိုင်အဆိုင် ရုံတင်ရက် ရနိုင် ကဏ္ဍ (၃၃) နီးကပ်လာသော နောက်တစ်သုတ် ရုံရက်ရစာရင်း မှာ ပါဝင်လာဖို့ Mirror Images မှ ရင်ခုန်မျှော်လင့်နေမိတဲ့ ရုပ်ရှင်ကားတွေအနက် တစ်ကားကတော့ “ ကံဆက်သူ “ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ် ။ အကယ်ဒမီအတွက် ရင်ခုန်ခွင့်များစွာ ပါနေနိုင်တဲ့ “ ကံဆက်သူ “ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် Lavender ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး D.O.P - သားကျော် ဇာတ်လမ်း - ခက်ဇော် ဇာတ်ညွှန်း - ရာဇဝင်ကို ဒါရိုက်တာ - ကိုဇော် ( အရုဏ်ဦး ) အောင်ဇမ္ဗူ ၊ ရတနာဗို ၊ မျိုးသန္တာထွန်း ၊ ဆောင်းသီရိစံ ၊ ရဲလွင်ဦး ၊ စန်းရွှေစင် ၊ ထူးခြား ၊ ဖြိုးဖြိုး ၊ ကွမ်းသီး ၊ ရွှေမိုး ၊ ဇောက်ထိုး ၊ ရန်ပြေ ၊ မင်းလူနတ် ၊ အေဏီဇော် ၊ ဇာခြည်လွင် ၊ သက်ဖြိုးဝေ နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ အသားလတ်လတ် ၊ အရပ်ရှည်ရှည်နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသား ခက်ဇော် ၊ မမခင်သုန်နဲ့ဆိုရင် အဝီစိကိုတောင် အတူလိုက်မယ်ဆိုတဲ့သူ ၊ မမခင်သုန်ရဲ့ နှလုံးသားကို နွေးထွေးအောင် လုပ်နိုင်သူ ၊ သူ့အမေကို အပင်းသွင်းပြီး ပြုစားခဲ့တဲ့သူတွေကို ကလဲ့စားချေနိုင်ဖို့ စုန်းအတတ်ပညာသင်ချင်တဲ့ ခက်ဇော် … တစ်ရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဆယ်နှစ်ကြိုး ခင်သုန် ၊ နက်မှောင်လှတဲ့ ဆံပင်ရှည်ကြီးနဲ့ ချောမောလှပတဲ့ ရုပ်ရည်ရူပကာကို ပိုင်ဆိုင်သော်လည်း ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံမယ့်သူ မရှိဘဲ လူ့ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းကို ခံနေရတဲ့အတွက် အထီးကျန်နေရတဲ့ကောင်မလေး ၊ သူမရဲ့ဘဝထဲကို ရှားရှားပါးပါးဝင်လာခဲ့တဲ့ ကောင်လေးအပေါ် သံယောဇဉ်ကြိုးနဲ့ ရစ်တွယ်မိတဲ့ သနားစရာ မွေးရာပါ ဝမ်းတွင်းစုန်းကဝေမလေး ခင်သုန် … ယောကျ်ားဆုံးပြီးကတည်းက သမီးလေးနှစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေပေမယ့် ထိကပါး ရိကပါး စော်ကားတတ်သူတွေကို သူမ ပြောလိုက်တဲ့ စကားတွေဟာ အမှန်တွေဖြစ်လာတော့ ရပ်ရွာက တိမ်ညွန့်စားနေတဲ့ စုန်းမကြီးလို့ သတ်မှတ်ခြင်းခံနေရတဲ့ ၊ လျှာမှာ အနီစက်ပါတဲ့အတွက် “ လျှာစက်အာစက် “ လို့ ခေါ်ကြတဲ့ ပြိုင်စံရှား ဒေါ်ပန်းအိ …. တဏှာမီးလောင်ကျွမ်းနေတဲ့ လူ့တိရစ္ဆာန်ရဲ့အယုံသွင်းမှုမှာ ရမ္မက်သားကောင်ဖြစ်ခဲ့ရတဲ့အတွက် ဘဝကို လက်လျှော့အရှုံးပေးသွားတဲ့ ခင်မှုံ …. အယုံလွယ်တဲ့ မိန်းကလေးကို ပန်းကောင်းအညွန့်ချိုးလုပ်ခဲ့ပြီး ကိုယ်လွတ်ရုန်းကာ ထွက်သွားခဲ့သော်လည်း ကိုယ်လုပ်ခဲ့တဲ့ ကြမ္မာဝဋ်ကြွေးဟာ ပဲ့တင်မြည်ဟည်းလာတဲ့ တစ်နေ့မှာ ဘဝပါအထိနာရတဲ့ ခင်မောင်ကျော် …. ယောနယ်တဝိုက်က သားအမိသုံးယောက်ရဲ့ သနားရင်နင့်စရာ ၊ ထိတ်လန့်တုန်လှုပ်စရာဘဝတွေကို မြင်တွေ့ကြရမယ့် ရုပ်ရှင်ဇာတ်ကားကြီး …. အထီးကျန်နေတဲ့ ခင်သုန့်ရဲ့ ဘဝအတွက် တစ်ခုတည်းသော အိုအေစစ်လေး ခက်ဇော် ၊ ကိုယ်မလိုချင်တဲ့ အရာတွေဟာ မွေးကတည်းက ပါလာတဲ့အတွက် ဘဝကို စိတ်ကုန်ရင်း ဖြတ်သန်းနေရတဲ့ ခင်သုန်တို့ရဲ့ သံယောဇဉ်ကြိုးမျှင်ကိုလည်း မြင်တွေ့ရမှာ ဖြစ်သလို စုန်းကဝေအတတ်ပညာကဲ့သို့သော ထိတ်လန့်ခြောက်ခြားစရာအခင်းအကျင်းကိုလည်း ပေးစွမ်းမယ့် “ ကံဆက်သူ “ ရုပ်ရှင်ဇာတ်ကားကြီးကို Admin တို့ Mirror Images မှလည်းနောက်တစ်သုတ် ရုံရက်ရစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်ရန်ခုန်မိပါတယ်။ ၂၀၂၆ အကယ်ဒမီအတွက် အဆုံးအဖြတ်ဖြစ်လာဖို့ နောက်တစ်သုတ် ရုံရက်ရစာရင်းမှာ ရုပ်ရှင်ကားကောင်းတွေက ရုံတင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာကြမှာဖြစ်ပြီး ရုံရက်ရစာရင်းမှာ ပါဝင်လာမှာလား ၊၂၀၂၆ အကယ်ဒမီပြေးလမ်းပေါ်ကို အချိန်မီဝင်ရောက်လာနိုင်မလား ဆိုတာ ရင်ခုန်မျှော်လင့် လိုက်ကြရအောင်။ Mirror Images မှ “အပြိုင်အဆိုင် ရုံတင်ရက် ရနိုင်”ကဏ္ဍအဖြစ် နောက်တစ်သုတ် ရုံရက်ရစာရင်းမှာ ပါဝင်လာနိုင်သော ၊ ပါဝင်လာစေချင်သော ရုပ်ရှင်ဇာတ်ကားများကို တစ်ကားချင်း ဝန်းရံ၍ ရင်ခုန်စွာ တင်ဆက်ပေးသွားမှာ ဖြစ်လို့ မိမိတို့မျှော်လင့်နေတဲ့ ရုပ်ရှင်ကားတွေ ပါဝင်လာမလားဆိုတာ ဆက်လက်စောင့်မျှော်ပေးဖို့ အသိပေးအပ်ပါတယ်။ ပရိသတ်များကော " ကံဆက်သူ “ ရုပ်ရှင်ဇာတ်ကားကြီးကို ရင်ခုန်မျှော်လင့်နေကြပြီလား ? #ကံဆက်သူရုပ်ရှင်ဇာတ်ကားကြီး #mirrorimages #အောင်ဇမ္ဗူဇာတ်သဘင် #အောင်ဇမ္ဗူ #aungzabu
Tin Zar (Meen)(Aung Za Bu)fan
Region: MM
Wednesday 08 July 2026 14:46:38 GMT
Music
Download
Comments
Nay Chi Shane :
ကံဆက်သူအရမ်းကြည့်ချင်နေပါပြီ🥰🥰🥰🥰🥰
2026-07-08 15:20:15
12
black pink fan🤘💕 :
သွားအကြည်မယ်အမရေသွားအားပေးမှာပေါ့
2026-07-09 05:47:26
3
🌊Mi Yu🐾🧸 :
မမရေပြန်တင်ရလား
2026-07-08 23:19:34
1
SuNwe5108ᶻᵇᵏᵘⁿ ❦ :
မျှော်နေပြီ
2026-07-09 02:51:38
1
Mi Mi Lay :
မျှော်လင့်စောင့်စားလျှက်ပါ
2026-07-09 02:32:53
4
😊😊Wai Lwin Aung🤗🤗🇲🇲🇲🇲 :
အားပေးမှာပါဒီတခါအားပေးရမှာကပိုတောင်မိုက်သေးဖြိုးဖြိုးတို့မမဆန်းရွှေစင်တို့ဇောက်ဇောက်တို့ပါပါဝင်လာတော့သူတို့ရဲ့သရုပ်ဆောင်ချက်ကိုပါအားပေးရမှာပါ
2026-07-09 11:46:44
3
Dee. Min :
ကြည့်ချင်လိုက်တာ
2026-07-09 06:53:00
4
ThanThan🐰 :
ကြည့်ချင်နေပြီ
2026-07-09 04:34:43
3
Ko Zwe🤍 :
အားပေးမှာပါတခြားကားတေမကြည့်တော့ပါ
2026-07-08 15:13:42
3
ရွံ့စရားလေး :
ကံဆက်သူကြည်ချင်းတယ်
2026-07-09 07:52:58
3
🍒Թץ๏๏ภ ๓คץ кђค:🍒 :
ရုံတင်ရင်ပြောကြအုံး ကိုယ်လဲသွားကြည့်ဖို့🥰
2026-07-09 12:34:18
2
Aung. Zu. Bu. fan. Girl♥♥☪☪🍑 :
နောက်တစ်ကားကြည့်ရတော့မယ်ပထမကားလေးတုန်းကလဲအရမ်းကောင်းတယ်အခုကားလဲကြည့်ကြင်နေပီ🥰🥰
2026-07-12 07:51:03
1
It’s ur unforgettable Aeint :
တစ်ဖွဲ့လုံးကိုမျှော်နေပြီ😭 အရမ်းကောင်း ဝတ္ထုကတော့
2026-07-11 00:28:44
1
ရာမညမြေမှသထုံသူ(MSZ) :
ကြည့်ချင်တယ်ကွယ်
2026-07-09 11:41:54
1
Ah.Kyi :
တို့လည်းကြည့်ချင်တယ်ကွယ် 😳ခက်တာကပြည်ပမှာဖြစ်နေတယ်🥹
2026-07-09 04:58:09
3
Yin War :
ကြည့်ချင်ပြန်ပြီကွယ်
2026-07-09 04:21:57
3
War War :
အရမ်းကြည့်ချင်နေပြီရုံတင်ရင်ပြောကြပါအုန်းမိသားစုများရယ်❤️
2026-07-11 04:02:50
1
🇯🇵 Su 🇯🇵 🌻🌻🌻 :
အရမ်းကြည့်ချင်နေပြီနော်
2026-07-09 00:48:07
1
Ah War 🌻 :
ကြည့်ချင်နေပါပြီလို့🥰🥰
2026-07-09 03:04:45
1
💓Zin Lay🌻🌻🌻 :
မျှော်နေပီအားပေးဖို့🥰🥰🥰
2026-07-10 05:29:02
0
👑🤴7A Bu🌻🌻Țhîn Mýãț🌻🌻 :
အဆင်သင့်ဖြစ်နေp
2026-07-11 14:17:36
0
vlp654418u8 :
[Sticker] 🥰
2026-07-11 06:54:06
0
ညို လဲ့ ရည် :
အားပေးမယ်
2026-07-09 01:51:26
1
To see more videos from user @tin.zar.00meenazb, please go to the Tikwm
homepage.