@sz__787: الما يحقق احلامه لا يحسب روحه عايش💔 : #ليش اني من دون الخلك حلمي تحطم 💔 : #الحمدلله_دائماً_وابداً

هزال♤
هزال♤
Open In TikTok:
Region: IQ
Wednesday 08 July 2026 16:10:30 GMT
7394
608
3
63

Music

Download

Comments

To see more videos from user @sz__787, please go to the Tikwm homepage.

Other Videos

တားဝရမ်းများအကြောင်း တားဝရမ်းဆိုသည်မှာ သီးခြားအမှုကိစ္စ တစ်ခုခုကို ပြုလုပ်ရန်ဖြစ်စေ ၊ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်ဖြစ်စေ တရားစီရင်ရေးရာ ဆင့်ဆိုချက်ဖြစ်သည်။တစ်နည်းအားဖြင့် နောင်တွင်ပေါ်ပေါက်ဖွယ်ရာရှိသော နစ်နာမှုကို စိုးရိမ်သောအမှုသည်အား ခွင့်ပြုသည့် ကာကွယ်ရေးဆိုင်ရာ သက်သာခွင့်သဘောဖြစ်သည်။  ၎င်း၏အဓိကရည်ရွယ်ချက်မှာ အမှုမပြီးပြတ်မီ လောလောဆယ်အားဖြင့် အချင်းဖြစ်ပစ္စည်းကို ရှိရင်းစွဲအတိုင်း  မပျောက်မပျက် ထိန်းသိမ်းထားရန်ဖြစ်သည်။  တားဝရမ်းကို ယာယီတားဝရမ်းနှင့် ထာဝရ တားဝရမ်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။  ယာယီတားဝရမ်းသည် အမှုမပြီးပြတ်မီ ကာလအတွက်သာဖြစ်စေ ၊ တရားရုံးက နောက်ထပ်အမိန့် ထုတ်ဆင့်ခြင်း မပြုမီကာလအတွက်သာဖြစ်စေ အတည်ဖြစ်သော အမိန့်တစ်ရပ်ဖြစ်သည်။  အချင်းဖြစ် ပစ္စည်းနှင့်ပတ်သက်၍ ပျက်စီးဆုံးရှူံးမည်၊မတရားထုခွဲရောင်းချလွှဲပြောင်းမည်ကို စိုးရိမ်မကင်းရှိသည့်အခါဖြစ်စေ ၊ပြောဆိုကြိမ်းဝါးသည့်အခါဖြစ်စေ ၊ အမှုကိုမဆုံးဖြတ်မီ ယာယီတားဝရမ်းထုတ်ပေးရန် တရားမကျင့်ထုံးအမိန့် ၃၉ ၊နည်း ၁ အရ လျှောက်ထားနိုင်သည်။  ယာယီတားဝရမ်းလျှောက်လွှာကို ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ တင်သွင်းရသည်။  ယာယီတားဝရမ်းထုတ်ပြီးနောက် မလိုက်နာပျက်ကွက်လျှင် ပျက်ကွက်သူ၏ပစ္စည်းကို ဝရမ်းကပ်နိုင်သည့်အပြင် တရားမထောင်လည်းချနိုင်သည်။  ယာယီတားဝရမ်းကို အမှုနှင့်ဆိုင်သော ပစ္စည်းအပေါ်တွင်သာထုတ်ပေးရန် လျှောက်ထားနိုင်ပြီး အမှုသည် တစ်ဦးဦးအပေါ်တွင်သာ ထုတ်နိုင်သည်။အမှုသည်မဟုတ်သူအပေါ် ထုတ်ဆင်နိုင်ခွင့်မရှိပါ။  ယာယီတားဝရမ်း ထုတ်ဆင့်ရန် အောက်ပါအချက်များ ပေါ်ပေါက်ရမည်။၎င်းတို့မှာ-  တရားရုံးရှေ့ရှိအကြောင်းခြင်းရာအချက်အလက်များအရပစ္စည်းပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီးတရားရုံးကဆုံးဖြတ်ရန်အငြင်းပွားမှုအမှန်တကယ်ရှိခြင်း၊  အငြင်းပွားသည့်ပစ္စည်းသည်ပျက်စီးယိုယွင်းခြင်း၊အလဟဿဖြစ်ခြင်းသို့မဟုတ်တစ်ဦးတစ်ယောက်ကယင်းပစ္စည်းကိုလွှဲပြောင်းခြင်းပြုလုပ်ရန်စိုးရိမ်ဖွယ်ရာရှိခြင်း၊  ယင်းစိုးရိမ်ကြောင့်ကြမှုသည်လတ်တလောစိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊  အမှုအတောအတွင်းယာယီတားဝရမ်းထုတ်မပေးခြင်းကြောင့်နစ်နာမှုသည်ငွေကြေးဖြင့်ကုစား၍မရနိုင်သောနစ်နာမှုဖြစ်ခြင်းတို့ဖြစ်ကြသည်။  ယာယီတားဝရမ်းများသည် သတ်မှတ်ထားသည့် အချိန်ထိဖြစ်စေ ၊တရားရုံးက နောက်ထပ်အမိန့် ချမှတ်သည့် အချိန်အထိဖြစ်စေ ဆက်လက်တည်သည်။ယာယီတားဝရမ်းများကို တရားမမှုကြီး စွဲဆိုထားစဉ်အတွင်း မည်သည့်အချိန်ကာလတွင်မဆို တရားမကျင့်ထုံး ဥပေဒအရ သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း ခွင့်ပြုနိုင်သည်။  တရားမကျင့်ထုံးဥပဒေ အမိန့် ၃၉ အရ ထုတ်ဆင့်သော ယာယီ တားဝရမ်းနှင့် သီးခြားသက်သာခွင့် အက်ဥပဒေအရ ထုတ်သော ထာဝရတားဝရမ်းမှာ အခြေခံအားဖြင့် တစ်သဘောတည်းဖြစ်သည်။ထာဝရ တားဝရမ်းထုတ်ပေးခြင်းနှင့် သက်ဆိုင်သောမူများသည် ယာယီတားဝရမ်း ထုတ်ပေးခြင်းနှင့်လည်း သက်ဆိုင်သည်ဟု A.I.R 1960 J&K.83အမှုတွင် စီရင်ဆုံးဖြတ်ထားသည်။  ထာဝရတားဝရမ်းမှာမူ သတ်မှတ်ထားသော ပြုလုပ်မှုကို ပြုလုပ်ခြင်းမှ အစဉ်အမြဲ ရှောင်ကြဉ်ရန်တားမြစ်ခြင်းဖြစ်သည်။ထာဝရ တားဝရမ်းများကို သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၂ မှ ၅၇ အထိ ပြဋ္ဌာန်းချက်များအရ စွဲဆိုလေ့ရှိရာ စွဲဆိုသောအမှု၏ အမှုသွားအမှုလာအရ ကြားနာပြီးမှ ဒီကရီချမှတ် ခွင့်ပြုခြင်းဖြစ်သည်။  သီးခြားသက်ခွင့် အက်ဥပဒေပုဒ်မ ၅၄ တွင် ထာဝရတားဝရမ်း ထုတ်ပေးနိုင်သော အခြေအနေများကို ဖော်ပြထားပြီး ပုဒ်မ ၅၆ တွင် တားဝရမ်းထုတ်မပေးရသည့် အခြေအနေများကို ဖော်ပြထားသည်။  သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၄ မှ ၅၆ထိ ကဲ့သို့သော အမှုများကို စွဲဆိုသည့် အဆိုလွှာနှင့် တစ်ချိန်တည်း တရားမကျင့်ထုံးဥပဒေ အမိန့် ၃၉ အရ ယာယီတားဝရမ်း လျှောက်လွှာကိုပါ တစ်ချိန်တည်းတင်သင့်သည်။  တားဝရမ်းများကို အောက်ပါကိစ္စများအတွက် ထုတ်ပေးသည်။၎င်းတို့မှာ-  ၁။တရားစီရင်ရေးဆိုင်ရာမှုခင်းများကိုတားဆီးပိတ်ပင်ရန်၊  ၂။ပဋိညာဉ်ချိုးဖောက်ခြင်းကို တားဆီးပိတ်ပင်ရန်၊  ၃။ပဋိညာဉ်အရမဟုတ်ဘဲအခြားနည်းအားဖြင့်ပေါ်ပေါက်သောအခွင့်အရေးများချိုးဖောက်ခြင်းကိုတားဆီးပိတ်ပင်ရန်တို့ဖြစ်ကြောင်း ဖတ်ရှူ့လေ့လာမိပါသည်။ Daw Tinmoe Khaing (pyay) #kophyo  #foryoupage  #foryou

About