@d.nway.oo8: ဗီဇကို မေတ္တာနဲ့ ပြုပြင်လို့မရဘူး" ဆိုတာလေးတွေ့တော့ ပြုံးမိပါသေးတယ်။ ဗီဇကဖျောက်မရရင်လဲ ကိုယ့်ကိုချစ်ပေးနေတဲ့သူရဲ့မေတ္တာတွေ ပျက်သွားတတ်ပါတယ်။ လူတယောက်ကို မချစ်လို့ဖစ်ဖစ် ကိုယ်ဗီဇက သာယာမူနောက်ကိုလိုက်ချင်တာဖစ်ဖစ်၊တခြားတစ်ယောက်ကို အစားထိုးတာဟာ တကယ်ချစ်တဲ့သူတွေအတွက် ရင်ဘက်ထဲ နှလုံးသားထဲက ဘယ်လိုမှ ခံစားလို့မရတဲ့ ခံစားချက်မျိုးပါ။ကိုယ့်ကိုချစ်တဲ့သူရဲ့ ခံစားချက်ကိုမလှည့်စားတာ မကစားတာအကောင်းဆုံးပါပဲ။ သမီးရည်းစားဆက်ဆံရေးတစ်ခု ပီးဆုံးတိုင်း အသစ်က ပြန်စဖို့ ကျနော်တို့အတွက်တော့မလွယ်ကူလှဘူး။ စိတ်တွေအရင်လို့ strong ဖစ်ဖို့အချိန်ယူရတယ်၊အရင်လိုအကျင့်တွေပြန်ရဖို့ ပြန် training လုပ်ရတယ်။ ဖောက်ပြန်ချင်တဲ့လူတွေအတွက်ကတော့ သူတို့အတွက်အချစ်တစ်ခုက ထမင်းစားရေသောက်သလို ပြောနေကြတယ်။ကိုယ် ကျင့်တရားတွေမကောင်းပဲဖောက်ပြန်လာကြတယ်။ စာနာစိတ်မရှိကြဘူး။လူဆိုရင်အသိတရားရှိရတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားပြီး သူများကိုကိုယ်ချင်းစာတဲ့စိတ်လေးမွေးစေချင် တယ်။ တကယ်တော့ အထိအတွေ့မှာ ဖစ်ဖစ် စကားအပြောအဆိုမှာပဲဖစ်ဖစ် အဲ့အရာတွေကို သာယာသွားရင် ကျွန်တော်တို့က ဖောက်ပြန်ခြင်းကိုခံရပါတယ်။ဖောက်ပြန်ခြင်းရဲ့ အဆုံးသတ်ဟာ ထင်သလောက်ပျော်ရွှင်မနေရဘူး၊ လူတောမတိုးစေတော့ဘူးဆိုတာတစ် နေ့တော့ သိလာမှာပါ...ဘဝကို လိမ္မာခြင်းနဲ့ပဲ အဆုံးသတ်ပါ။ အလိုချင်ဆုံးအရာက ချစ်ခြင်း မေတ္တာဆိုရင် အချစ်ကိုဘဝနဲ့ မလဲရဘူးခန္ဒာကိုယ်နဲ့ မလဲရဘူး။ ကိုယ်ခန္ဓာဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ရဲ့ဉာဏ်ပညာကို သယ်ဆောင်ပေးတဲ့ ယာဉ်ရထားတစ်ခုပါပဲ။ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုရင်... ဘဝကြီးက ပျော်ဖို့ကောင်းပေမယ့် ဖောက်ပြန်လိုက် တောင်းပန်လိုက်ကျတော့..... ရွံဖို့ကောင်းသွားတာပါပဲ။ ပထမလူကောင်းနေသရွေ့ ဒုတိယလူ မရှိနိုင်ဘူးဆိုတာ လုံးဝမမှန်ပါဘူး၊ ဖောက်ပြန်ချင်စိတ်က အကြောင်းအရာတွေပေါ် မူမတည်သလို အကြောင်းပြချက်တွေလဲ မလိုဘူး၊ ဖောက်ပြန်ချင်တဲ့သူက ဖောက်ပြန်တာပဲ ။ ကိုယ့်လူနဲ့ ဖောက်ပြန်သွားတဲ့သူကိုလည်း ဒေါသထွက်စရာ မလိုပါဘူး။ ကိုယ့်လူသာ ကိုယ့်အတွက်သေချာရင် ဒီလိုဖြစ်စရာ အကြောင်းမှ မရှိပဲ။ ဒီလို ဖောက်ပြန်တဲ့ စရိုက်ရှိတဲ့သူ၊ လိုတစ်မျိုး မလို တစ်မျိုးပြောင်းလဲတတ်သူကို ကိုယ့်ဆီက ဆွဲထုတ်သွားတာ။ ကိုယ့် အကုသိုလ်တွေကို သူက လိုလိုချင်ချင်ယူသွားတာပဲ။ သူလည်း လိုချင်တာ ရပြီး ပျော်ပါစေ … ကိုယ်လည်း လွှတ်လပ်ပါစေပဲပေါ့။ ပိုင်ရှင်ရှိမှန်း သိရက် မက်မောတာဟာလည်း သိက္ခာမဲ့ခြင်း တစ်မျိုးပဲ၊ ဒါကို ကိုယ်က လိုက်တုပြီး ရန်ရှာမယ်… ပြဿနာတွေ လုပ်နေမယ်ဆို ကိုယ့် Role ကို ချသလိုပဲ။ဘယ်အရာကိုမှ ချုပ်နှောင်မနေဘဲ လွတ်လပ်ခွင့် ပေးထားလိုက်ပါ၊ သူသာ ကိုယ့်အတွက် ကိုယ့်လူဆိုတာမှန်ရင် ကိုယ့် အတွက် အမြဲ ရှိနေမှာပါပဲ။ သူရှိချင်ရတဲ့ အကြောင်းပြချက်ကလည်း ကိုယ်ပဲဖြစ်နေမှာ။ ဖောက်ပြန်တယ် ဆိုတည်းက ကိုယ့်အတွက်မရှိလို့၊ ကိုယ့်လူမဟုတ်လို့ပေါ့။ အသာတကြည်လွှတ်ပေးလိုက်ပါ။ ဒါကြောင့် Cheat လုပ်ခံရတဲ့ သူအတွက် အကောင်းဘက်က ကြည့်ရင် ဖောက်ပြန်တာကို သိခွင့်ရခြင်းဟာ ကိုယ့်အတွက် ကောင်းခြင်း တစ်ပါးပဲ။ ဖောက်ပြန်ခံရတဲ့အခါမှာလဲ... blessing တစ်ခုလို့ မှတ်ယူပြီး၊ စိတ်သစ် လူသစ်နဲ့ ဘဝသစ်တစ်ခုကို လှပစွာလျှောက်လှမ်းလိုက်ပါ …။

🤍ရင်နှင့် ရင်း၍ ချစ်သည်🤍
🤍ရင်နှင့် ရင်း၍ ချစ်သည်🤍
Open In TikTok:
Region: MM
Thursday 09 July 2026 02:09:15 GMT
51026
2644
56
219

Music

Download

Comments

s.l.o638
S L O :
ပြန်တင်မယ်နော် တိုက်ဆိုင်မူ့ရှိတဲ့သူတိုင်းအတွက်
2026-07-24 07:54:29
1
ko.htay754
♡𝐤𝐨 𝐡𝐭𝐚𝐲 ♡𝔰 𝔰 𝔱 ♡💯 :
စာသားလေးပြန်တင်ခွင့်ပြုပါ ဗျ
2026-07-22 15:35:47
1
kokozaw6815
꧁𓊈𒆜ῳąı ყąŋ ɱɠ ɱɠ 𒆜𓊉꧂ :
😭😭😭😭😭😭😭😭😭😭😭 ငိုပီဗျာ 😭😭😭😭😭😭 ကျုပ်အဖစ်နဲ့ လာတူနေတရ်
2026-07-24 12:02:19
1
1234emailcom2
နှလုံးသွေးဖြင့်ရင်း၍(မြမ္မာ) :
ယူတင်ခွင့်ပြုပါ😍😍😍😍😍😍
2026-07-23 02:02:52
2
gi.shi4
Htay Htay :
စာသားလေးပြန်တင်ခွင့်ပြုပါရှင်
2026-07-21 13:14:13
1
sulay8417
su lay :
စာသားလေးပြန်တင်ပါရစေနော်🥰🥰🥰🥰
2026-07-19 16:51:32
1
ko.aung.gyi851
Ko Aung Gyi :
ကူးယူတင်ခွင့်ပြုပါ
2026-07-24 03:51:29
1
myo.kyaw9627
♏Ⓜ♓ :
ခံစာချက်နဲညီလို့ပြန်တင်ခွင်ပြာပါ
2026-07-23 18:05:44
1
jerryorblack
🖤Black🖤 :
စာသားလေးချပေးပါလားဗျ
2026-07-17 21:47:05
2
aye.naing900
Aye Naing :
🥰🥰🥰🥰🥰🥰
2026-07-17 11:33:38
1
hein.htet9768
🌹Hein🪻Htet💞🌹 :
ပြန်တင်မယ်နော်🥰🥰🥰🥰
2026-07-23 08:08:34
1
ko.paing2619
꧁࿌༒K🤍 PAING༒࿌꧂ :
ပြန်လဲ တင်ခွင့်ပြုပါ😊🥰
2026-07-24 07:02:53
1
komin4367
Ko min 4367 :
2026-07-09 03:04:28
1
mmy0z1
Mã Mä :
လက်လွတ်.ခြလိုက်ပါပီသူလဲပျော်ပါစေ
2026-07-21 08:39:47
1
minthet152026
Oliver :
စာသားကတဂယ်ထိပါတယ်ဗျာတိုက်ဆိုင်သွားလို့လားမသိဘူး😌
2026-07-24 14:10:36
0
myatwint.yee
Daw Baby :
2026-07-09 15:28:01
0
pannthitkhwa
ပန်းသစ်ခွ :
မင်္ဂလါပါ
2026-07-24 10:47:39
0
1234emailcom2
နှလုံးသွေးဖြင့်ရင်း၍(မြမ္မာ) :
ကောင်းလိုက်တဲ့စာသား😍😍😍😍👍👍👍
2026-07-23 02:01:57
1
ko.bhone061
Ko Bhone :
ss
2026-07-18 14:19:48
0
k.m.w555
Ko Ko Win (MDY) :
2026-07-09 03:54:24
1
htet.arkar.win13
R Gyi :
ဗိဇပါရင်ဘယ်လိုမှပြင်မရဘူး
2026-07-19 11:35:03
1
april.queen834
April Queen :
ကျမတောဘာမလုပ်ပါဘူးနော်
2026-07-20 15:04:30
1
myo.htet026744
👉Myo, htet👈💘💘💘 :
🥰🥰🥰
2026-07-09 11:01:19
1
lwinlwinaung8161
lwinlwinaung :
🥰🥰🥰
2026-07-13 10:11:28
0
To see more videos from user @d.nway.oo8, please go to the Tikwm homepage.

Other Videos


About