@20minsintensity: Do something you hate like you love it... #bruneifitnessfestival2026 #huntrgames #Fitness #fyp #20MI

20MinsIntensity
20MinsIntensity
Open In TikTok:
Region: BN
Thursday 09 July 2026 03:31:29 GMT
309
9
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @20minsintensity, please go to the Tikwm homepage.

Other Videos


"ဘဝရဲ့အစဦးကျေးဇူးရှင်များသို့ " ဘုန်းကြီးကို ရဟန်းဘဝရောက်အောင် ချီးမြှောက်လိုက်တဲ့ သဲကုန်းမြို့၊ တပ်ရွာက ဒေါ်အေးကြည်က မုဆိုးမကြီး၊ သားတစ်ယောက် ကိုချစ်ရွှေနဲ့ ရဟန်းဘဝရောက်အောင် ဘုန်းကြီးကို ပို့ပေးတယ်။ ငယ်၊ လတ်၊ ကြီး-၃နှစ်၊ ဓမ္မာစရိယ၂-နှစ်၊ သံဃာ့တက္ကသိုလ် ၃-နှစ်၊ အဲဒီစာသင်နှစ်ကာလများအတွက် ဘုန်းကြီးကို စာသင်စရိတ် ကျောင်းသားအဖြစ်နဲ့ ပစ္စည်းလေးပါး ဒါယကာအဖြစ် ချီးမြှောက်တဲ့ ဘုန်းကြီးရဲ့ရဟန်းအမကြီးရဲ့ ကျေးဇူးဟာကြီးမားတယ်။ တစ်လကို ၃၀-ကျပ် လှူပါတယ်။ တစ်နေ့ တစ်ကျပ်နှုန်းနဲ့ ဘုန်းကြီးတို့ ကျောင်းတက်ခဲ့ရတယ်။ ဒကာမကြီး ဒေါ်အေးကြည်ရဲ့ကျေးဇူးကို ဘုန်းကြီးတို့က ရှေးဦးစွာပြောရမယ်။ ဘဝတစ်ပါး ပြောင်းရွေ့သွားပြီ။ ဒေါ်အေးကြည် ဘယ်ရောက်နေမှန်း မသိဘူး။ ဘုန်းကြီး အသက်(၂၄)နှစ်နဲ့ (၂၅)နှစ် နောက်ပြန်ရေတွက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၆၅-နှစ်ကပေါ့။ မန္တလေးမြို့ ခင်မကန်ကျောင်းတိုက်၊ မိုးတားကျောင်းမှာ အရှင်သူရိယာဘိဝံသတို့နဲ့ အတူတူ ဓမ္မစရိယတန်းကို ၂-နှစ် တက်တယ်။ ၂-နှစ်အတွင်းမှာ ဓမ္မာစရိယ(စာချတန်း) ပြီးသွားတယ်။ ဘုန်းကြီးက မန္တလေးမှာ နာမည်အကြီးဆုံး ဒေးဝန်းမှာ ဆွမ်းခံတယ်။ ဒေးဝန်း ဆိုတဲ့အရပ်က ရှေးရှေးတုန်းက တစ်ရပ်ကွက်လုံးရဲ့ ၇၅% လောက်က လှည်းနဲ့ နွားနဲ့ အလုပ်လုပ်ကြတယ်။ လှည်းတိုက်စားတဲ့သူတွေနဲ့ မြင်းလှည်းသမားတွေ နေကြတာများတယ်။ ခုတော့ ပြောင်းလဲသွားပါပြီ။ ဒေးဝန်းရပ်ကွက်ကို ၃ပုံ ၂ပုံလောက် လျှောက်လိုက်ရင် ရုပ်ရှင်ရုံကြီးတစ်ရုံရှိတယ်လို့ ထင်တယ်။ အခု ပြန်တွေးရင် ရေးရေးလေးပဲ ပေါ်လာတယ်။ အဲဒီနားအထိ ဆွမ်းခံလမ်းလျှောက်ရတယ်။ တစ်လမ်းလုံးမှာ ရွှံ့ဗွက်နဲ့ နွားချေးတွေချည်းပဲ။ ဒေးဝန်းရပ်မှာ ဆွမ်းခံစားပြီးတော့ ဘုန်းကြီးတို့ ဓမ္မစရိယစာချတန်းကို မိုးတားကျောင်းမှာ တက်ခဲ့ရတာဘဲ။ ရှေးတုန်းက မန္တလေးကျောင်းတိုက်တွေရဲ့ထုံးစံက အရုဏ်ဆွမ်းဆိုတာ ဘယ်ကျောင်းမှာမှ မရှိဘူး။ အခုတော့ တော်တော်ပြောင်းသွားပါပြီ။ အဲဒီတော့ အရုဏ်ဆွမ်းမစားခဲ့ရဘဲနဲ့ ဆွမ်းခံ စောစောလေးထွက်သွားရင် "အရုဏ်ဆွမ်းမစားရဘဲနဲ့ ဆွမ်းခံထွက်တဲ့ ဘုန်းကြီးတို့ ဘဝဟာ ဆွမ်းခံရင်း၊ မနက်စာ ဆာလွန်းလို့ ရင်ထဲမှာ ပူပြီးတော့ လောင်နေတာဘဲ" ဆွမ်းခံအိမ်တွေကို မဝင်သေးပဲနဲ့ ဘယ်ကို အရင်သွားရသလဲဆိုတော့ လမ်းဘေးတစ်လျှောက် ဟိုသစ်ပင်ရိပ် ဒီသစ်ပင်ရိပ်တွေမှာ ဘယာကြော်၊ မုန့်ပစ်သလက်၊ မုန့်လင်မယား စတာတွေ ကြော်ရောင်းတဲ့ ဆိုင်ကလေးတွေ လမ်းဘေးမှာ ရှိတယ်။ မုန့်လင်မယားကိုတော့ ဆီများလွန်းလို့ ဘုန်းကြီးက မကြိုက်ဘူး။ ဘယာကြော်ဆိုင်ကို ဘုန်းကြီးက ပြေးပြီးတော့ ရပ်တယ်။ မှတ်မိနေတယ် တောင်သမန်တိုက် မြောက်ပေါက်က ထွက်လိုက်ရင် ဒေးဝန်းထဲ ဝင်သွား မဝေးဘူး။ တစ်နေရာ မကျည်းပင်ရိပ်မှာ သားအမိနှစ်ယောက် ဘယာကြော်၊ ဘူးသီးကြော်၊ ကြော်ရောင်းတဲ့ ဆိုင်သွားရပ်လိုက်ရင် ဘယာကြော်နှစ်လုံး အမြဲရတယ်။ အဲဒီဘယာကြော်နှစ်လုံးဟာ နတ်သုဒ္ဓါပဲ။ ရင်ထဲမှာ ပူလောင်နေတာကို ဖြေဖို့ ဘယာကြော်နှစ်လုံးကို လမ်းလျှောက်ရင်းနဲ့ အသာလေး လူမမြင်အောင် ဝါးပြီးတော့ ကိုးလုံးဒကာဘုရားပေါက်က ရေအိုးစင်က ရေကို ခပ်သောက်ရတာဘဲ။ ဘယာကြော်နှစ်လုံးစားပြီး ရေကို ခပ်များများ သောက်လိုက်ချတော့မှ ကုလားပဲ ဘယာကြော်ပဲတွေက ပွလာတော့ ဗိုက်ထဲ တော်တော် ခံသာသွားတာပေါ့။ ၂-နှစ်တာကာလ တစ်နေ့ကို ဘယာကြော်(၂)လုံး လောင်းတဲ့ ဘယာကြော်အလှူရှင်ဖြစ်တဲ့ သားအမိ ၂-ယောက်ကို စာချတန်းတွေအောင်ပြီး နောက်ပိုင်းမှာ သီတဂူဆရာတော်လို့ နာမည်တွေကြီးလာတော့ အဲဒီ မန်းကျည်းပင်အောက်မှာ သုံးခေါက်လောက် သွားရှာခဲ့သေးတယ်။ အော် ငါ့ အပေါ်ကျေးဇူးကြီးတယ်။ မတွေ့တော့ဘူး။ ဘယ်ရောက် ဘယ်ပေါက်သွားလဲတော့ မသိဘူး။ မတွေ့တော့ဘူး။ ကျေးဇူးတင်စကား ပြောရမယ်ဆိုရင်တော့ မကျည်းပင်ရိပ်က ဘယာကြော်နှစ်လုံးလှူတဲ့ ဒကာမကြီး သားအမိကို ဘုန်းကြီးက "ကျေးဇူးတင်ကြောင်း" အရင်ဦးဆုံး ပြောရမှာပါ။ အခုပူဇော်ပွဲလာပြီး ပူဇော်ကြတဲ့ ဒကာ ဒကာမတွေရဲ့ အိမ်ကို ဘယ်အိမ်မှ ဆွမ်းမခံဖူးပါဘူး။ ဘဝရဲ့အစပိုင်းက ကျေးဇူးရှင်ဟာ ဘဝကို ထိပ်တန်းရောက်မှ ချီးမြှောက်တဲ့ ကျေးဇူးရှင်တွေထက် ကျေးဇူးကြီးတယ်လို့ ဘုန်းကြီးက ဒီလိုခံယူတယ်။ သီတဂူဆရာတော်ရဲ့ ဘဝအစကို အများကြီးမပြောနေတော့ဘူး ဒါပဲပြောလိုက်မယ်။ "ဘဝတစ်ခုရဲ့ အထွဋ်အထိပ်ဟာ ရေစုန် လေစုန်မှာ ရွက်ကုန် တက်ကုန်ဖွင့်ပြီးတော့ မျောချလို့ မရဘူး" လို့ ဒါကိုပြောချင်တာ။ "ရေဆန်မှာ လေဆန်မှာ ခြေကန်ပြီးတက်မှ အထက်တန်းကို ရောက်တယ်"။ ဒီကနေ့ နိုင်ငံတော်မှာ လူရော၊ ရှင်ရော အချောင်ခိုပြီးတော့ မျောချချင်တဲ့သူတွေ သိပ်ပေါတယ်။ အဲဒါကြောင့် ဒီတိုင်းပြည် ဒီလောက်ဆင်းရဲတာ။ သာသနာတော်လည်း တဖြည်းဖြည်း အောက်နောက် ရောက်လာတယ်။ မျောချချင်နေကြတဲ့ အချောင်သမား စိတ်ဓာတ်တွေကြောင့်ဘဲ။ ဒါကြောင့် အားလုံးကို တိုက်တွန်းလိုတယ်။ ရေဆန် လေဆန်မှာ ရွက်ကုန် တက်ကုန် ဖွင့်ပြီးတော့ ခြေကန်ပြီးတော့ တက်ကြပါ။ တိုင်းပြည်နဲ့ သာသနာ ဒါမှ ကမ္ဘာ့အလယ်မှာတင့်တယ်မယ်လို့ ပြောချင်တယ်။ #သီတဂူဆရာတော်အရှင်ဉာဏိဿရ

About