@the.hobby.book.st: 📖ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား ................................. ✍️ရဝေနွယ် (အင်းမ) ................................... လူသားတိုင်းသည် နေ့စဉ်ဆုတောင်းသည့်အခါ “ဘဝဆက်တိုင်း စိတ်ချမ်းသာရပါလို၏” ဟု အလွယ်တကူ ဆုတောင်းလေ့ရှိကြသည်။ ဆရာတော်က ယခုအုပ်တွင် ထိုဆုတောင်းပြည့်ရန်အတွက် ဆုတောင်းရုံမျှဖြင့် မရနိုင်ဘဲ လက်တွေ့ဘဝတွင် မည်သို့သော စိတ်ထား၊ မည်သို့သော အပြုအမူများဖြင့် နေထိုင်ရမည် ကို လမ်းညွှန်ပြသထားခြင်း ဖြစ်သည်။ “စိတ်ချမ်းသာခြင်း ဆိုတာ အပြင်ပန်းက လာတာမဟုတ်ဘဲ မိမိရဲ့ စိတ်နေစိတ်ထား (Attitude) ကို ပြင်ဆင်ခြင်းကနေ စတင်တာဖြစ်တယ်” ဆိုသည့် အမှန်တရားကို ဆရာတော်က အေးချမ်းတည်ငြိမ်တဲ့ စကားလုံးများဖြင့် စာဖတ်သူ၏ ရင်ထဲရောက်အောင် နှလုံးသွင်းဆင်ခြင်နိုင်အောင် ရေးသားပေးထားပါတယ်။ စိတ်ရှုပ်ထွေးမှုများပြားလှသည့် ယနေ့ခေတ်ကြီးထဲမှာ စိတ်အေးချမ်းမှုကို ရှာဖွေနေသူများ၊ ဓမ္မရသကို အရိုးရှင်းဆုံး ဖတ်ရှုချင်သူများနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းချင်သူများ လက်စွဲထား ဖတ်ရှုသင့်သည့် အတွေးအမြင်ဖွင့် ဓမ္မစာအုပ် ဖြစ်ပါသည်။ ------------------------------------ ❣️စာအုပ်လေးတွေဟာလှပတဲ့ကမ္ဘာသစ်လေးကိုငေးမောကြည့်နိုင်မဲ့ပြတင်းတံခါးလေးတွေပါ ကျန်းမာရေးဂရုစိုက်ပါ🤍 နှလုံးသားပိုနုဖို့ စာဖတ်ပါ 💟 ☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️ 🍀မှာယူလိုတဲ့စာအုပ်များကို Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့ ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်သလို 🍀စာကြည့်တိုက်ကဒ်လုပ်ပြီး စာအုပ်ငှားဖတ်ချင်တာပဲဖြစ်ဖြစ် ကျွန်တော်တိုဆီလာခဲ့ပါ။ 🏚 ဗီးနပ်ကုန်တိုက်ရှေ့၊ဗလီလမ်းမကြီး၊မဲဆောက်မြို။ Google map မှာလဲ The Hobby Book Store လိုရိုက်ရှာပြီး လာခဲ့လိုရပါတယ်။ ☎️ : 0991193360 #thehobbybookstore #thehobbymyanmar #maesot #thailand #Myanmar စိတ်ချမ်းသာရပါလို၏ ဘုရား (အင်းမ)

The Hobby Book Store
The Hobby Book Store
Open In TikTok:
Region: MM
Thursday 09 July 2026 04:54:56 GMT
717
34
2
2

Music

Download

Comments

king.gem5
King Gem :
🥰🥰🥰
2026-07-09 12:33:15
1
To see more videos from user @the.hobby.book.st, please go to the Tikwm homepage.

Other Videos


About