@htetlinkyaw250: အုန်းလတ်ကို မြင်းလုပ်စီးတဲ့ခေတ်က ရိုးသားတဲ့တခေတ်မှာ ကျန်ခဲ့ပြီ ငါ့ညီ မြန်မာနိုင်ငံမှာ လူဖြစ်လာတာ တို့ဟာ အတူတူပဲ အရပ်လက်သည်နဲ့ မွေးရတာ တို့ဟာ အတူတူပဲ ။ ဒါပေမယ့် ဆဲရေးတိုင်းထွာခံရပုံခြင်း မီးကိုကိုင်တွယ်ရပုံခြင်း ယဉ်ကျေးရပုံခြင်း ငါတို့ မတူဘူး အငယ်ကောင် ။ ကိုယ်ထူကိုယ်ထ စနစ်မှာ သုညကိုတောင် မူးကြေးမက်ကြေးပေးရတယ် မိဘတွေမြင်စေချင်တဲ့ ဘွဲ့ရဓာတ်ပုံ နွံထဲက မထွက်နိုင်ဘူး ။ ပညာတတ်တွေ ဦးဆောင်တဲ့ခေတ် ဒီပလိုမာတွေ ပလူပျံတဲ့ခေတ် သင်ပုန်းကြီးကျေရုံလောက်နဲ့ လူတောမတိုးတော့ဘူး ငါ့ညီ ။ လောကဟာ ဆင်ခြေဆင်လက်တွေ များတယ် ဘာပဲဖြစ်ဖြစ် သမိုင်းစာမျက်နှာကို ငါ့ညီ ရေးရမယ် မီးဖိုချောင်ထဲက ထမင်းလုံးငိုသံကို ငါတို့ တော်လှန်ရမယ် ။ နိုင်ငံတော်ကို အလုပ်အကျွေးပြုဖို့ စိတ်ကူးရှိသလား အငယ်ကောင် တို့မိသားစုအရေးဟာ တို့နိုင်ငံရေးပဲ ဆင်းရဲနွမ်းပါးခြင်းဟာ တို့ပြည်သူလူထုပဲ ရရာလက်နက်စွဲကိုင်ပြီး ငါတို့ ကယ်တင်ရမယ် ဒါဟာ နိုင်ငံတော်ကို တစိပ်တဒေသ အလုပ်အကျွေးပြုခြင်းပဲ ။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ သူဖုန်းစားအချင်းချင်းပဲ စာနာတတ်တာကြီးပါ မင်းရဲ့ ဆာလောင်ငတ်မွတ်တဲ့ ဒဏ်ကို ဘယ်သူကမှ ဝေယူခံစားမှာ မဟုတ်ဘူး ။ အငယ်ကောင်ရေ တို့အဖေက "နွားဖြစ်ချင်ရင် ငါ့ကိုကြည့်"တဲ့ ဆန်အိုးခြစ်သံနဲ့ ယဉ်ပါး မျက်ရည်မကျနိုင်တော့တဲ့ နွားမကြီးဟာ ငါတို့ရဲ့ ရွှေမြင်းမိုရ်ကြီးပေါ့ကွာ ။ ကျေးဇူးတရားကို သိတတ်ရုံနဲ့ကျေးဇူးမကျေဘူး အလျော် အစား မကင်းတဲ့ အင်္ကျီကို ငါတို့ ဝတ်ဆင်ထားရပေါ့ (၃၁)ဘုံမှာ ကိုယ့်လိပ်ပြာကိုယ်လုံရမယ် ငါ့ညီ ။ လမ်းတွေက များလိုက်တာ လူတွေဟာ မြစ်လိုဟိန်းဟောက် နေ့တဓူဝ အနိဌာရုံတွေနဲ့ ပျားပန်းခတ်နေတဲ့ ကမ္ဘာ တို့ဟာ ရေကြည်ရာ မြက်နုရာ *လူသားလင်းပိုင်တွေပါ* ။ #တည်မြဲလွင် #ဘဝစာပေ #foryourpage #fypppppppppppppp #မူရင်းစာရေးသူအားcrdပေးပါတယ်ဗျ

K Y A W💜🥷🤫
K Y A W💜🥷🤫
Open In TikTok:
Region: TH
Thursday 09 July 2026 05:46:42 GMT
28196
2635
85
310

Music

Download

Comments

thar.gyi37520
Thar Gyi :
စာသားလေးကြိုက်လို ယူပါရစေခင်ဗျာ့လေးစားစွာဖြင့်
2026-07-18 11:38:41
1
user999575226
kyaw gyi :
ဖတ်ခဲ့သမျှစာတေထဲမှာ အထိရောက်ဆုံးပဲဗျို့😊😊😊
2026-07-18 11:41:27
1
zaw.zaw.aung2446
Zaw Zaw Aung :
ကျနော် ညီလဲပြောမနိုင်တော့ဘူးဗျာ ဒီစာလေးတော့ပို့ထားဦးမယ်🥺
2026-07-18 11:38:19
1
dpa2h
ýãř >mã :
ငါညီတွေကို သိစေချင်တာ ပြေားမထွက်ဖူး သူတို့လဲ အရွယ်ရောက်နေပီဆိုတော့☺☺ သူတို့စိတ် သူတို့ အပိုင်ပဲလေ ခွင့်လွှတ်ပေးထားပါတယ်
2026-07-17 18:06:50
4
aungyin9306
🇲🇲🇲🇲ÆŪÑĜ ŸÏÑ🇲🇾🇲🇾 :
တကယ်ကောင်းတဲ့စာသားတွေပါဗျာ စာသားတွေကိုယူသုံးချင်ပါတယ်ဗျာ copyကယူမရဘူး
2026-07-18 06:57:51
1
ko.ki.ng
Ko Ki Ng :
ကျွန်တော်အချစ်ဆုံ ညီ နံမည် မခေါ်ဘူး အငယ်ကောင်လို့ပဲခေါ်တယ်
2026-07-18 04:59:46
2
zaw.htet7382
Zaw Htet :
ကျနော့ညီလေးကိုဘယ်လိုမှထိန်းမနိုင်တော့ဘူးဗျာ
2026-07-18 05:27:58
1
mgluyoe566
🚬𝐁𝐞𝐚𝐫🚬 ᵒᶠᶠⁱᶜⁱᵃˡ :
ငါ့ညီလေးလဲ ကျောင်းထွက်ချင်နေပီတဲ့ကွာ အများရီးမျှော်လင့်ထားတာကိုကွာ
2026-07-18 07:58:09
1
khular02
မောင် ဂွစာ :
စာသားလေးသဘောကျ🥰
2026-07-18 07:25:17
1
martar8284
Martar :
hi
2026-07-17 13:35:50
1
kyaw.gyi34740
Kyaw Gyi :
ကျုပ်တို့ကြတော့လဲအားကိုစရာအဖေလဲမရှိအကိုလဲမရှိတော့ဘူး😏
2026-07-15 10:44:12
2
kyarpauk61
Kÿâř Pãûk (Zay Yar Aung ) :
အသံနဲပြန်ရွတ်မယ်broရလား
2026-07-16 17:22:41
1
nay.min.ko0166
🇲🇲U MIN အညာသားလေး🇲🇾🤔🤔 :
ပြန်ယူသုံးမယ်နော်ခွင့်ပြူပါ
2026-07-17 19:11:24
1
joker11634
༒❦💥☞𝐉𝐨𝐢𝐧☜💥༒❦ :
စာသာချပေပါလာ
2026-07-16 09:12:43
1
tatoe.aung7
🇹🇭💯🔥Tâtôê Âûñg🔥💯🇹🇭 :
ပြန်ယူသုံးမယ်နော် bro ကြိုက်လို့
2026-07-17 11:59:36
1
khun.soe.wing
🇲🇲 ZØ€ 🎮🚭🇹🇭 :
ယူသုံးမယ်ဗျရလာမသိ🥰
2026-07-16 07:00:29
1
min.thu7803
ငကံ☠💀 :
ယူသုံးအကိုရာ ကျေးဇူး ပြုပါတယ်🥰🥰🥰
2026-07-14 19:47:39
1
khun.too.lay029
Khun Too Lay :
သချင်နမည်ပြောပြပေလိုရလာ
2026-07-15 13:05:36
1
waikyawoo0
waikyawoo. 💔💔💔 :
copy ယူမယ်နော် 🙏🙏
2026-07-16 04:41:19
1
htet.aung.khant19
htet aung khant21 :
ပြန်တင်မရ်နော်bro
2026-07-16 02:04:33
1
pouksa0076
𝕿𝖍𝖆𝖗 𝕹𝖌𝖊😈🤠 :
ပြန်ယူသုံးမယ်နော်bro🥰
2026-07-18 09:47:55
1
thanlin580
𝐒𝐚 𝐓𝐡𝐚𝐧 𝐋𝐢𝐧 ♐ :
crdပါဗျာ🙏🙏🙏
2026-07-16 08:49:11
1
user913040556983
Oo Wai Gyi :
ပြန်တင်မယ်နော်🥰🥰
2026-07-18 09:50:53
1
tiktok.comkolatt0
❣K.L❣ @.K❣K❣K❣K:❣🖤🖤🖤❣ :
ပြန်တင်ခွင်ပြုပါနော်❤️
2026-07-17 11:10:56
1
minkyawthu778
Míñ kŷāw Ťhų🧖‍♂️🕴👽 :
စာသားယူသုံးလို့ ရလား bro🖤😘
2026-07-09 15:41:05
1
To see more videos from user @htetlinkyaw250, please go to the Tikwm homepage.

Other Videos


About