@chan.mya.aye14: မျက်နှာဟာ လူတစ်ယောက်အတွက် အကောင်းဆုံး လိပ်စာကတ်ပါတဲ့။ ကိုယ့်ကိုယ်ကိုယ် ကိုယ် ဘယ်လိုဆက်ဆံလဲဆိုတာ ကိုယ့်မျက်နှာပေါ် အကုန်ရေးထားတယ်။ ညဉ့်နက်မှ အမြဲ အိပ်တတ်ရင် မျက်လုံးတွေ ပင်ပန်းနွမ်းနယ်နေမယ်။ အမြဲ စိုးရိမ်ပူပန်နေရင် မျက်ခုံး မသိမသာ တွန့်နေမယ်။ ဘဝရှုပ်ထွေးနေသူတစ်ယောက်ဆိုရင် မျက်နှာက တောက်ပမှု၊ အကြည်ဓာတ် ပျောက်ဆုံးနေမယ်။ ကောင်းကောင်းအိပ်ပျော်သူ၊ အာဟာရရှိရှိစားသူ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်သူက မျက်နှာကြည်တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်သူမှာ များသောအားဖြင့် နူးညံ့ ခိုင်မာတဲ့ မျက်လုံး (အကြည့်) ရှိတယ်။ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်မျှော်လင့်ချက်ရှိသူ တစ်ယောက်ဟာ မိတ်ကပ်မလိမ်းလည်း သက်တောင့်သက်သာရှိတဲ့ အရိပ်အယောင် ပေါ်တယ်။ လူတစ်ယောက်ဟာ စကားမပြောလည်း ဒါမှမဟုတ် မေးစရာမလိုလည်း သူအဆင်ပြေမပြေ ဆိုတာကို သူ့မျက်နှာ ကြည့်ရုံနဲ့ သိနိုင်တယ်။ ဘာလို့လဲဆိုတော့ မျက်နှာဆိုတာ ရုပ်ရည် အသွင်အပြင်ရဲ့ ပေါင်းစပ်မှုတစ်ခုပဲ မဟုတ်ဘဲ ကိုယ့် စိတ်ခံစားမှု၊ အလေ့အထ၊ စိတ်နေစိတ်ထားနဲ့ လူနေမှုပုံစံကို မှတ်တမ်းတင်ထားလို့ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက်လဲဆိုတာ မျက်နှာမှာ ပေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆက်ဆံလဲဆိုတာ နှစ်ကြာလာတာနဲ့အမျှ မျက်နှာပေါ် တဖြည်းဖြည်း ပေါ်လာတယ်။ ဒါကြောင့် ဒီနေ့ကစ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ အာဟာရရှိရှိ စားပါ၊ အနားယူသင့်ချိန် ယူပါ၊ အတွင်းစိတ် ပဋိပက္ခတွေ လျှော့ပါ၊ ပျော်ရွှင်မှုကို မြှင့်တင်ပါ၊ စိတ်ခံစားချက်တွေကို သေချာစီမံခန့်ခွဲပါ၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ မျက်နှာပေါ်က တောက်ပမှုတိုင်းဟာ ဘဝအပေါ် အပြည့်အဝ နေထိုင်နေကြောင်း သက်သေပြနေလို့ပါ။ -- မျှဝေပါတယ် 💌 #နိုင်းနိုင်းစနေ #crd_to_owner_with_respect #ပြန်လည်မျှဝေပေးတာပါ🤜🤛🤝 #လူငယ်များအတွက်ဗဟုသုတစာပေများ #ဘဝအတွတ်စာဖတ်ပါ
Chan Chan
Region: MM
Thursday 09 July 2026 11:30:54 GMT
Music
Download
Comments
Shwe Nyar Thar :
Nice Thameelay
2026-08-05 06:40:23
0
winwintun :
ကော်ပီလေးလိုချင်လို့စာသားလေးချပေးပါလား💓💓💓💓💓💓
2026-07-10 22:25:02
8
pma :
တင်ချင်တာဘာနှိပ်ရမှန်းမသိလို့ပြောကြပါအုန်းမကူးတက်လို့ပါ
2026-07-27 12:35:16
1
Yamahas :
အမှန်နော်ညလေးရယ်
2026-07-10 11:30:12
2
nyeinnyein :
ကူးယူခွင့်ပြုပါနော်ညမလေး
2026-07-11 11:37:03
6
Khaing Zar :
လက်ခံပါတယ်
2026-07-11 10:55:49
3
ဝက်မြေတောချင်းမလေး :
ကော်ဖီလေးယူမယ်နော်
2026-07-12 00:48:40
2
❤️Soe Soe❤️🇲🇲🇸🇬 :
စာသားလေးကြိုက်
2026-07-10 04:16:25
2
𝕸𝖐 𝕸𝖆 𝖐𝖍𝖆𝖎𝖓𝖌 :
💕💕💕💕
2026-07-11 04:56:09
2
Hnin si Natt :
copyလေးယူခွင့်ပြုပါ
2026-07-14 06:56:08
2
Naw Air Gay :
ယူသုံးမယ်နော်
2026-07-10 00:44:18
1
Ma nyein :
စာသာလေးယူပါရစေ
2026-07-12 01:34:47
2
Win Win🍀🍀🍀 :
ကျေးဇူးပါ🥰🥰🥰
2026-07-10 04:14:48
2
Min Cherry 🌸🌸🌸🌸🌸 :
Copyနော်
2026-07-12 04:38:58
2
thida thida :
ချစ်ဖို့ကောင်း
2026-07-14 03:33:02
2
Myint. Myint Win :
မဂ်လာပါ🥰🥰
2026-07-10 07:13:15
2
Handmade By Gloria :
မှန်တယ်🥰
2026-07-11 08:49:53
2
Myat Noe🥰🥰 :
စားသားလေးပြန်တင်မယ်နော်မ🥰🥰
2026-07-11 01:59:01
2
မောင့်ရဲ ့ပါရမီဖြည့်ဖက် :
ပြန်လည်မျဝေပါရစေ.copyနော်
2026-07-10 04:43:40
2
🧜♀️Sea Angal👸(14/ Thu lay) :
ဟုတါကဲ့
2026-07-10 16:06:23
2
To see more videos from user @chan.mya.aye14, please go to the Tikwm
homepage.