@zayartbz11: ဒေါ်အောင်ဆန်းစုကြည်အတွက် ကြိုးစားပေးနေတယ်လို့ သားဖြစ်သူဆီ ပြင်သစ် သမ္မတ စာပြန် ဇူလိုင်-၉၊ ၂၀၂၆။​ People's Spring မတရား ပြစ်ဒဏ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ကိုထိန်လင်းက သူ့ဆီကို သမ္မတ မာခရွန် ပေးပို့လိုက်တဲ့ အကြောင်းပြန်စာကို ဒီနေ့ ဇူလိုင် ၉ ရက်မှာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေအသိပေးထားတာပါ။ ပြင်သစ်သမ္မတအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်က သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof of Life လှုပ်ရှားမှုကို ထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ဖော်ပြပါတယ်။ နောက်ပြီး မတရားဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေတွေနဲ့ တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို စစ်တပ်က လေးစားဖို့ ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။ ကိုထိန်လင်းဆီ ပေးပို့ခဲ့တဲ့ ပြင်သစ်သမ္မတမာခရွန်ရဲ့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အာဏာသိမ်းမှုအပြီး မတရား ဖမ်းဆီးခံခဲ့ရသူအားလုံး ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးကို ပြင်သစ်က ဆက်လက် တောင်းဆိုကြောင်း၊ ဒါဟာ အစုအဖွဲ့ပေါင်းစုံပါဝင်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာရေးလိုအပ်တဲ့ ကြိုတင်သတ်မှတ်ချက်တစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြပါတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်၊ ရှေ့နေတွေနဲ့ တွေ့ဆုံ ဆက်သွယ်ခွင့်တွေ အပါအဝင် အခြေခံ အခွင့်အရေး အားလုံးကို လေးစားပေးဖို့ လိုတယ်လို့လည်း မာခရွန်က ဆိုပါတယ်။ ပြီးတော့ Proof of Life လှုပ်ရှားမှုကို ကြိုဆို ထောက်ခံကြောင်းနဲ့ အကျဉ်းကျခံ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေတဲ့ ကိုထိန်လင်းရဲ့ ပူပန်မှုကို မျှဝေ စာနာနိုင်ကြောင်း မာခရွန်က ရေးသားထားပါတယ်။ ဒါကြောင့်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးဖို့ ပြင်သစ် အစိုးရက အားပေးထောက်ခံ တောင်းဆိုနေတယ်လို့ မာခရွန်က ရေးသားပါတယ်။ ပြင်သစ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သက်တမ်း တစ်နှစ်ထပ်တိုးတဲ့ ဥရောပသမဂ္ဂ (EU) ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့အကြောင်းလည်း မာခရွန်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီ အရေးယူ ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုကို နှောင့်ယှက်ထိခိုက်စေမှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ရည်ရွယ်ထားတာလို့လည်း စာထဲမှာ ပါရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ကိုယ်ပိုင်အခွင့်အရေးတွေ ပြန်လည်ရရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးအတွက် ပြင်သစ်ဟာ ဥရောပနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး အားသွန်ခွန်စိုက် ဆက်လက် ကြိုးစားနေမယ်လို့လည်း မာခရွန်က ဆိုပါတယ်။ ကိုထိန်လင်းကတော့ မိခင်ဖြစ်သူအတွက် စိုးရိမ်နေမှုနဲ့ ပတ်သက်ပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရသေးဘဲ သူ့မိခင် အသက်ရှင်နေသေးလားဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိက ဝတ်တွေက မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်လို့ Facebookမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဆက်ပြီး ရပ်တည်ပေးနေတဲ့ သမ္မတ မာခရွန်၊ ပြင်သစ် အစိုးရနဲ့ ပြင်သစ်ပြည်သူအားလုံးကိုလည်း သူ့အနေနဲ့ စိတ်နှလုံးသားထဲက အထူးကျေးဇူးတင်ပါတယ်လို့ ကိုထိန်လင်းရဲ့ ပို့စ်မှာ ဖော်ပြပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴@ZayarTBZ 7.1News🍉 @ZayarTBZ 7 News #zayartbz #ဒေသသတင်းရင်းမြစ် #ပြည်သူများဘေးကင်းကြပါစေ #မြန်မာသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး

ZayarTBZ 11 News
ZayarTBZ 11 News
Open In TikTok:
Region: TH
Thursday 09 July 2026 12:46:17 GMT
28270
1225
13
30

Music

Download

Comments

mgmgaye231
ကောင်းကင်ယံ :
2026-07-09 13:38:50
1
rain__067
Rain :
2026-07-09 13:58:06
1
aungsanlin1680
Aung San Lin /အောင်ဆန်းလင်း/ :
♥️
2026-07-09 16:31:14
1
that.nin.win
😘😘myo😘😘 :
😁😁😁
2026-07-09 13:57:26
1
lin.tun.lin7
Lin Tun Lin7 :
👍👍👍
2026-07-09 13:53:02
1
user09797841734
uzawmyint 09954023675 :
🥰🥰🥰🥰🥰
2026-07-09 13:48:24
1
ako.pali
Sunflower,🌟🌷🌸🌼🌻 :
🥰🥰🥰
2026-07-09 13:45:14
1
zaw.myo.thant867
Zaw Myo Thant :
🥰🥰🥰
2026-07-09 13:42:21
0
thu.zar.lin7092
Thu Zar Lin :
🥰🥰🥰
2026-07-09 13:20:11
1
nayyeoo50
ခင်ဦးနယ်😇 သား ရဲဘော်နေရီး🤑 :
🥰🥰🥰
2026-07-09 13:19:46
0
khaing.thazin6097
လေပြေသွေး :
❤️❤️❤️
2026-07-09 13:09:11
1
heinhtet..aung.12
HeinHtet. Aung 123456@#$zack&8 :
❤️❤️❤️
2026-07-09 12:56:32
1
mar.mar9394
Mar Mar :
@
2026-07-09 23:29:40
0
To see more videos from user @zayartbz11, please go to the Tikwm homepage.

Other Videos


About